Monday, April 3, 2023

သျှစ်သောင်းဘုရား သံထီးတင် ရခိုင်သံကျပ်ကြီး

 သျှစ်သောင်းဘုရား သံထီးတင် ရခိုင်သံကျပ်ကြီး
========================

မောရပဗ္ဗတာ သေလာကျောက်
ဘဂ၀ါဇိန ရောက်သောခါ --။

ဗြဟ္မာနတ်လူ ပူဇော်ကပ်
မြတ်စွာဗုဒ္ဓ ပြုံ့တော်မူ --။

စွယ်တော်လေးဆူ သွားတော်ပေါင်းမှ
နီမောင်းညိုမြ ရောင်ခြောက်သွယ် --။

တိုင်းမြတ်အလယ် ပြည်ဓညမှာ
ထိန်လင်းတောက်ပ ကူးယှက်လာ --။

ရာဇာသူရိယာ စန္ဒာမင်းမှာ
သဒ္ဓါပြင်းပြ ပီတိဟုန် --။

လက်တော်စုံကို ထိပ်မှာမိုးလို့
ရှိခိုးဝန္ဒန လျှောက်လီခါ --။

ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ပန်းကို
ဆင်မြန်းစုံမက် ဦးတင်ချီ --။

ဓည၀တီ ဌာနီတိုင်းဟု
သမိုင်းနာမ ဗျာဒိတ်ဟာ --။

မျိုးမြတ်ရက္ခာ စိုင်လာထွန်း
ကြငှန်းတည်ဆောက် စိုးစံလာ --။

ပြည်ဓညာ တေဇာထူး
မြောက်ဦးရွှီနန်း ရောက်သောခါ --။

မင်းမြတ်ရာဇာ ကျော်သတင်းနှင့်
မင်းဘာမင်းမြတ် စိုးတော်မူ --။

ထီးအဆူဆူ ပိုင်ကာချုပ်
ချွန်းနှယ်အုပ်လို့ ကတုတ်ခံ --။

ဥာဏ်မြတ်အမွန် ပညာဟိ
က၀ိနာမ မြတ်ဆရာ --။

ဦးမြ၀ါ ညွှန်ကာပြ
ဌာနသီရိ ဘုမ္မိမြီ --။

များဗိုလ်ခြီ သျှင်လူပေါင်းရို့
ကောင်းမှုဒါန ပြုသောခါ --။

ရန်အောင်ဇေယျာ ဘွဲ့မည်ပီး
ပုထိုးတော်ကြီး မြတ်မွီတော် --။

သျှစ်သောင်းသျှင်တော် ကျော်သတင်း
ဇမ္ဗူသောင်းတွင်း ထွဋ်မဏ္ဍိုင် --။

မယိမ်းမယိုင် တည်ကာဟိ
ဗုဒ္ဓာဓိပတိ ငါရို့ပြည် --။

ခြောက်ပါးရောင်ခြည် ဖြိုးကြွယ်တောက်
ထက်အောက်အနန္တ စက္က၀ါ --။

ဖီးမျိုးယှင်းကွာ ကင်းစင်ဘိ
မုနိဗုဒ္ဓ အာရဟံ --။

သကျဇိနံ ဥဒိဿကို
ပူဇော်ရဟ ထီးတော်လှု --။

တိုင်းသားပြည်သူ သျှင်လူပေါင်းရို့
သောင်းသောင်းသာဓု ဟစ်အော်ကာ --။

ပူဇပူဇာ ဂါဝရ
ဝန္ဒနာမ ဦးထက်တင် --။

ဗုဒ္ဓအသျှင် ကိုယ်တော်မြတ်
ထီးတော်ကပ်လို့ လွန်သပ္ပါယ် --။

တိုင်းမြတ်အလယ် ပြည်ဓညမှာ
သဂါဝရ ကုသိုလ်ဟုန် --။

ပွားများပြည့်စုံ ထပ်ကာလောင်း
အန္တရာယ်ပေါင်း ကင်းဝီးကွာ --။

ကိုးဆယ့်ခြောက်ဖြာ နာမဟိ
နတ်ရွာအတိ လွန်စည်ပင် --။

ရဟန်းသျှင်လူ ဝေနေယျ
များစွာသတ္တ အီးချမ်းစီ --။

လေးရပ်ဝတီ မာစီကြောင်းကို
ကျမ်းဟောင်းမော်ကွန်း စာအဆို --။

မူလနဂိုရ် ပိုမယွင်း
များလူခပင်း သိလီအောင် --။

ရက္ခတိုင်းဘောင် ဓညာထွန်းက
စာညွှန်းစီကုံး ပီးလိုက်တေ --။

များပြည်သူ သျှင်လူအပေါင်း
သောင်းသောင်းသာဓု ခေါ်ကတ်လီ
သာဓုသာဓု ခေါ်ကတ်လီ --။

(သာဓု သာဓု သာဓု)

(၁၉၅၆-၅၇) ခုနှစ် သျှစ်သောင်းဘုရားသံထီးတင်ရာတွင် သံထီးကို သင်္ဘောဆိပ်မှကြိုလာစဉ်ဆိုသော သံကျပ်ကြီးဖြစ်ပါသည်။ ဆရာကြီးဦးသာထွန်းရွီးစပ်စီကုံးသည်။


Sunday, September 12, 2021

ရခိုင်ဟူသည်

 ရခိုင်ဟူသည်
==========

ရခိုင်ဟူသည်
ဇမ္ဗူတခွင်  သမိုင်တွင်ပြီး
မြတ်သျှင်ဗုဒ္ဓ  ကိုယ်တိုင်ကြွ၍
သာသနာ့ရောင်ဝါ  ထွန်းလင်းဖြာလျှက်
သဒ္ဒါယိုဖိတ်  ကြည်ဖြူစိတ်ကြောင့်
အီးရိပ်သာယာ  ပြည်ရွာဝဖြိုး
တန်ခိုးဂုဏ်ရောင်  ထွန်းလင်းပြောင်လို့
လူ့ဘောင်သင်းကြိုင်  မျိုးရခိုင် --။

ရခိုင်ဟူသည်
ကူညီရိုင်းပင်း  စောင့်ရှောက်ခြင်းဖြင့်
ရင်တွင်းပန်းငုံ  မွှီးပျံ့ထုံသို့
လုံခြုံသိက္ခာ  ဝတ်ဆင်လာပြီး
ဇာတိပုည  ဂုဏ်မာနနှင့်
အစဉ်အလာ  ဘာသာမြတ်နိုး
လူမျိုးမွှီးကြိုင်  မျိုးရခိုင် --။

ရခိုင်ဟူသည်
အလှူဒါန  မြတ်သီလနှင့်
ဘာဝနာတရား  လက်ကိုင်ထား၍
အများအကျိုး  ထမ်းသယ်ပိုးပြီး
အမျိုးသားရီး  လှပရီးတွက်
ပီးဆပ်တာဝန်  မှန်ကျီပွန်ကာ
ကိုယ့်မာန်ကိုယ့်အား  ရင်မာပွားလျှက်
ကြီးမားကြံ့ခိုင်  မျိုးရခိုင် --။

ရခိုင်ဟူသည်
ပူပင်မှုယှင်း  ဝန်တိုကင်း၍
ရင်းနှီးဆက်ဆံ  သည်းခံခွင့်လွှတ်
မွန်မြတ်စိတ်ထား  ကြင်နာပွားလျှက်
ကြီးမားစဉ်လာ  ကိုယ့်ရိုးရာနှင့်
စာပီဂီတ  သုခုမရို့
ရတု ရကန်  အဲအန်မော်ကွန်း
ဆန်းအလင်္ကာ  သာယာတေးသံ
ဇာတိမာန်နှင့်  ဂန္တ၀င်စစ်
အမွီနှစ်များ  ထင်ရှားကျော်ကြား
ခမ်းနားမွှီးကြိုင်  မျိုးရခိုင် --။    ။

ဖြူဖွေး (နောင်မင်းမြီ)

Sunday, August 29, 2021

အိမ်ကြီးရခိုင် စည်ကြီးမြိုင်မြိုင်

အိမ်ကြီးရခိုင် စည်ကြီးမြိုင်မြိုင်
======================

သာစွမယေမင်္ဂလာ အောင်ကြောင်းဖြာကေ
ဘယာကင်ဝီး များသူငါလေ
ဗျာပါမီးရို့ ငြိမ်းအီးပါစီ
တောင်းဆုဝီလျှက် စာစီသွယ်တန်း
ရွှီဘဝင်မှာ သဇင်ပန်းနှင့်
ဆင်မြန်းတိုင်တည် အဖပြည်ကို
ဂုဏ်ရည်မညှိုး မြတ်ကဗျာလေ
စီကာပျိုးကေ မျိုးရိုးစိုင်လာ
ခိုင်အမာနှင့် လင်္ကာရတု
ဗိသုကာလေ စာအနုရို့
သုခုမဂုဏ်ရောင် ရွှန်းရွှန်းပြောင်သည်
ဗြိန်းစောင်တီးကေ သာစွလေ
သာယာအီးလေ သာစွလေ။

ဗြိန်းစောင်တီးကေ ကြက်သီးဖြန်းဖြန်း
တုန်လို့ဟီးကေ ကြောက်ကြီးဘနန်း
ရခိုင်ပြည်မှာ အောင်စည်ရွှန်းကေ
အောင်ခန်းလီလီ အောင်နိမိတ်ကေ
အောင်ဘိသိက်နှင့် ဗျာဒိတ်မြီမှာ
စီရီရီကေ ဝီဆာပွင့်ဖူး
စာကဗျာလေ လင်္ကာကျူးလို့
ထူးခြားထင်ပေါ် ဝရဇိန်လေ
ထိန်ကာကြိုးကေ ဟိုးဟိုးကျော်ရေ
သာစွလေ သာယာအီးလေ သာစွလေ။

ဟိုးဟိုးကျော်ကေ မည်ခေါ်နာမ
ရာဇဝင်မှာ ထင်ပေါ်ခသည့်
အလှတန်ဆောင် ထွန်းလင်းပြောင်ဖို့
စွမ်းဆောင်ကြိုးစား ပြည်မဏ္ဍိုင်မှာ
တခိုင်ဖွားကေ ရခိုင်သားလေ
အားမာန်မလျော့ စိတ်မပျော့ဘဲ
ပေါ့ပေါ့မနီ ကိုယ်စီတာဝန်
မကျန်မကြွင်း ကိုယ့်ရွာလမ်းကို
ကိုယ်လျှင်ခင်းလို့ အချင်းချင်းကေ
ရိုင်းပင်းကူညီ လေးဝတီကေ
ညီကိုမောင်နှမ ပြည်ရခိုင်မှာ
အစိုင်ထွန်းကေ လက်စွမ်းပြဖို့
ကာလယခု စုစည်းမှုကို
ပြုကတ်ပါလီ သက်သီတည်ပြု
ပေါင်းစုညီညွတ် လုပ်ဆောင်ကတ်မှ
မျိုးမြတ်သာကီ ကမ္ဘာပေါ်မှာ
တေဇာလွှမ်းကေ ပေါ်ထွန်းစီမေ
သာစွလေ သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ။

(အောင်အောင် နတ်ဆိတ်)

Friday, August 27, 2021

ဘင်္ဂလားအဝကျွန်းသို့

ဘင်္ဂလားအဝကျွန်းသို့
================

ကံဆိုးမိုးမှောင် ကျယင်းနှောင်၍
ပြည်ထောင်ရက္ခ ချက်မြှုတ်မှလျှင်
များလှရန်စွယ် အန္တရာယ်ကို
ယှောင်ဖယ်လိုဘိ ထိုအသိကြောင့်
မိမိနီရာ ဖေါင်းခါးရွာက
လျှင်စွာအပြီး လောင်းလှီကြီးနှင့်
ခရီးရီပြင် သီတာခွင်ကို

(တပိုဒ်ကျန်ခပုံရပါသည်။)

ရီနီဆိုးကြမ်း ခရီးလမ်းမှာ
ငါးမန်းငါးဆင် ငါးဘုရင်လည်း
လောင်းတွင်လာကပ် ရန်မူလတ်၍
သတ်မည့်အယောင် ခေါင်းကိုထောင်လျှက်
မျှောင်လာငါးဘုရင် ပင်လယ်ပြင်၌
ရင်ဆိုင်တွိရ ငိုမိရ၏။

ပြည်မှအထွက် အနောက်ဖက်သို့
တည်လျှက်လောင်းကို နီညိုညိုတွင်
လီချိုပြင်းထန် ထလတ်ပြန်၍
မမှန်ဥတု ဖေါက်ပြန်မှုက
ရာသီလုချိန် မိုးမငြိမ်ပဲ
ထသည့်လှိုင်းဆိုး ရက်ခေါက်ကျိုးကာ
အိမ်မိုးခေါင်သွင် တောင်ယောင်ထင်၏။

သမုဒ္ဒရာ ခရီးမှာမူ
များစွာဖီးရန် အတန်တန်ကြောင့်
ကြံဖန်ကြိုးကုတ် နောက်ပြန်ဆုတ်လည်း
အယုတ်များစွာ မသမာနှင့်
ဆိုင်ကာဖီးတွိ သီနိစိဖို့
လားမိလားရာ ရောက်လီပါသော်
ကြီးစွာရန်မီး လှိုင်းလီကြီးနှင့်
ခရီးထွက်လာ ငါးရက်ကြာသည်
ကျွန်းသာအနောက် ရောက်လီ၏။

ထွက်လာပြီးနောက် ကျွန်းသို့ရောက်လည်း
ဝမ်းမြောက်စရာ မဟိပါတည်း
ကျွန်းမှာကျွန်းရိုင်း တောခြုံဆိုင်း၍
အုံ့မှိုင်းထူထပ် ကြားမလပ်ပဲ
ထြီးညႇပ္ယွက္ပြီ မ်ားသည္သရဲ
ေတာကြၽဲႃမြီက်ား ဖီးရန္မ်ားကာ
ဟိငြားမကန် ကျွန်းရိုင်းမှန်၏။

တန်တန်ရန်သူ ရီ၌မူလည်း
တောဆူမီးကျောင်း ကြောက်ဖွယ်ကောင်း၏
တကြောင်းများထူ ကြွက်ရန်သူလည်း
ဆူပူသောင်းကျန်း တောခြုံလွှမ်း၏
စိတ်နွမ်းမအီး ထိုရန်ဖီးကြောင့်
အသီးအနှံ ဆုံးရပြန်သော်
စားရန်ဝမ်းစာ မလောက်ပါ၍
ရံခါရက်ပြတ် ထမင်းငတ်၏
လိုက်လတ်ဝိဘက် ထိုဒဏ်ချက်မှ
ကျွတ်ထွက်စီလို တောင်းဆုဆိုရေ
နောင်ကိုသတိ ဝဋ်မငြိအောင်
အသိဓမ္မ ဟိကတ်မှရာ
လွတ်ဟိပါမည် အောင်မြင်မည်တည့်။

တောရိုင်းထဲတွင် ဖီးကိုမြင်၍
ပြန်ချင်သောဇော စိတ်အမောတွင်
သဘောပေါ်မိ အာရုံဟိလည်း
မရွိနိုင်ပါ သီတာခြားလျှက်
ဇာဖက်ဇာမှာ ဇာကမ်းသာသို့
လားဖို့လမ်းပင် မှန်းမမြင်ပဲ
အရှင်ငရဲ ကျခြင်းတည့်။

ရခိုင်ခွင်ကို ပြန်ဝင်ရေးကား
တွေး၍မရ ဘဝဇာပိုင်
အေလူရို့မှာ မတွိနိုင်ပါ
ထွက်လာချိန်တွင် စိတ်ဘဝင်လည်း
မရွှင်ညှိုးနွမ်း မျက်ရည်သွန်းလျှက်
တမ်းတမ်းတတ ရိပန်းလှ၏။

ထွက်ရအခက် နီအခက်နှင့်
မသက်မသာ လားရပါ၍
ဆရာသျှင်ကောင်း ရွာဦးကျောင်းက
ဦးနန္ဒကို မလျှောက်ခရ
တရက်မျှနှင့် စုရအိမ်ဝန်
ဆန်ဆီငပိ ဆုံကျမွိနှင့်
ဝါစိမျိုးမှန် စပါးမချန်ပဲ
ပိုက်ကွန်ယက်သဲ့ စုံအောင်ထည့်၍
အပြည့်မကန် ယူရပြန်၏။

ဆိုးလှဇာတာ ချက်မြှုတ်ရွာတွင်
နီချင်ပါလည်း ပြည်ရွာမငြိမ်
မနီခရ ထွက်ပြီးရရေ
ဒုက္ခဖုံဖုံ ခံရပုံကို
စိစုံသိရန် ရွီးပြပြန်သည်
အမှန်ငါရို့ ပွဲတွိတည်း။ ။

ဝရာဇ်မြီမဂ္ဂဇင်း အမှတ် (၄) ဟုထင်ပါသည်။
ကျေးဇူးပြု၍ လက်ထဲ၌ဟိသူများ ဖော်ထုတ်ပီးကတ်ပါ။
 

Monday, June 14, 2021

အဘာမက္ကလာ

အဘာမက္ကလာ
========

ဘာဘာရက်တေ မက္ကလာ
ကုလားတန်ဖျားက ဝါးကိုဖြာ။
နှီးချင်းယှက်ပျာ ရက်လုပ်ထား
အကွက်အဆန်း လှရေကား။

ပီချောင်းဖျားက ဖက်သလူ
ရွက်ချင်းစပ်ဖို့ ဂြုတ်ချေကူ။

လေးမြို့ကယူ ကြိမ်နွယ်လုံး
အနားကွပ်ဖို့ ဘာဘာသုံး။

ကြိမ် ၀ါး သလူ ပေါင်းစပ်ကူ
ဇာသူလာခြောက် ငါမကြောက်
(မိုးလား နီလား ဝါး)

(ဓညဝတီမောင်အေး)

ဂြုတ်ချေ = အနားဂျိတ်ပါသော ကွပ်စူးတမျိုး

ပြိုင်လောင်းသံကျပ်

ပြိုင်လောင်းသံကျပ်
==========

ကိုးစိပ်ကိုးလံ ကိုးပင်းကန်
ကျင်သန်တိရာ တက်ပျာစီးလို့
မဟာလောင်းကြီးထွက်လို့လာ
ဇမ္ဗူဒီပါ လက်ယာကျွန်းမှာ
ထွန်းရေနီလ ပုံပမာ
သတင်းကြေငြာ နာမည်ကြီး
ပြိုင်လောင်းဦးစီး "ဆရာအောင်"
သူကရှိဆောင် လမ်းညွှန်ပြလို့
ပြိုင်လောင်းဝမ်းမ ပင်းကန်မှာ
ရှိနောက်ဘယ်ညာ နီရာစိအောင်
လူစိတက်စိ ထိုင်ပြီးသကာ
ဦးစီးဆရာ ချရေတက်နှင့်
မပျက်မကွက် ညီညီညာ
ရီပန်းဖွားအောင် တက်ကိုစွဲလို့
တဟုန်တည်းနှင့် ထွက်လီခါ
ပြိုင်လောင်းပဲ့မှာ "ဆရာထွန်း" က
ရပ်စောက်ထလို့ ရှိကိုမျှော်
သူ့လက်စွဲတော် ထိုတက်မကို
မြာဒင်ထက်က နောင်းနောင်းကိုင်
မယိမ်းမယိုင် လှီမစောင်းအောင်
ဖြောင့်ဖြောင့်တန်းတန်း ကိုင်လို့လာ
ဇာသူတခါ ပြိုင်ဝံ့ဖို့လဲ
အပွဲပွဲ နွှဲလို့လာ ယှုံးရေဆိုစွာ ငါရို့မဟိ။

ရခိုင်ပြိုင်လောင်းသံကျပ်တိကို စုဆောင်းထားဟိသူများ သံကျပ် (အစ/အဆုံး) (အပြည့်အစုံ) တိကို ကျေးဇူးပြု၍ ပို့တင်ပီးကတ်စီချင်ပါသည်။

Sunday, February 28, 2021

ကဝိပဏ္ဍိတ်မော်ကွန်း

ကဝိပဏ္ဍိတ်မော်ကွန်း

ဘဒ္ဒကမ္ဘာ၊ တည်လာအစ၊ နရသာမိ၊ ဘူပတိလျှင်၊ မုနိလောင်းလျာ၊ မဟာသမ္မတ၊ ထိုကနွယ်လာ၊ ဆက်ကာစိုးဘိ၊ မဇ္ဈိရဋ္ဌ၊ ဒေသတတိုင်း၊ ယှဉ်နှိုင်းတဝ၊ မဟီသက၊ မဏ္ဍလတွင်၊ ပြည်မသညီ၊ ဝေသာလီက၊ စချီရှိခါ၊ ဓညာမည်ရ၊ ရက္ခမဏ္ဍိုင်၊ ရခိုင်ကြငှန်း၊ နန်းနှင့်ထီးစည်၊ ပြည်နှင့်မင်းဆက်၊ မပျက်မကွဲ၊ နန်းပွဲမြင့်ကြာ၊ မြို့ဓညာကို၊ အုပ်ကာစိုးထ၊ စန္ဒသူရိယ၊ စိုးရသခင်၊ မြတ်ဗုဒ္ဓင်ကို၊ ဖူးမြင်လိုဘိ၊ ပင့်ဖိတ်ဘိ၍၊ ကြွလာဟိသော်၊ တောင်ထိပ်ပေါ်သို့၊ ရောက်သော်နဂါး၊ ဘုရားအထံ၊ ဝန္ဒ္ဒိတံပြု၊ သုံးလုဘုန်းမွန်၊ သရဏံနှင့်၊ ပဉ္စံသီလ၊ ပီးရပြီးခါ၊ ကိုးကွယ်ရာကို၊ မကြာတောင်းလျှင်၊ မြတ်ဗုဒ္ဓင်္က၊ ဦးတွင်သုံးသပ်၊ ဆံမြတ်လေးဆူ၊ ပီးယူပြီးခါ၊ သင်ရို့ရွာ၌၊ နီလာတောင်ထွဋ်၊ မွန်မြတ်ယခင်၊ မြတ်ဗုဒ္ဓင်သည်၊ တပင်ဓာတ်ဆံ၊ တည်ဖူးပြန်၏၊ အမှန်လေးဆူ၊ နတ်လူတိုင်းခွင်၊ ဆံရှင်တော်ဓာတ်၊ စေတီမြတ်ကို၊ လုံးပတ်ဆယ့်ခြောက်၊ မြင့်မှောက်လေးတောင်၊ ပုံဆောင်ပြုဘိ၊ မိန့်တော်ဟိလိုက်၊ သက္ကရာဇ်မှာ၊ အစ်ဒွယာတိ၊ သာခိကဆုန်၊ လမြတ်ကြုံက၊ ဝရဒိဝါ၊ ရက်မှာကဠုံ၊ ပြည့်စုံပြီးမြောက်၊ မျက်မှောက်ထင်စွာ၊ ဆဗ္ဗဏ္ဏာကို၊ ရာဇာဘုရင်၊ မြင်ချင်စိတ်ဇော၊ ဓိဌာန်သောခါ၊ ခြောက်ဖြာရောင်ခြည်၊ ထွက်သည်များစွာ၊ စန္ဒာသူရိယ၊ စိုးရဘုရင်၊ ရွှီနန်းရှင်နှင့်၊ မတ်လျှင်ထပ်လောင်း၊ ပြည်သူပေါင်းရို့၊ သောင်းသောင်းကြော်ကြော်၊ သာဓုခေါ်၍၊ ဓာတ်တော်ပွဲကြီး၊ အံ့ရီးမကုန်၊ ပြီးပြည့်စုံသော်၊ ရွီတုံပြန်လိုက်၊ ထိုနှစ်မိဂသီ၊ သညီနတ်တော်၊ စေတီတော်ကို၊
ထီးတော်တင်ပွဲ၊ ရွှီချပွဲနှင့်၊ မစဲထိုခါ၊ လူများစွာရို့၊ ကြော်ငြာအုံးအုံး၊ ပျော်မဆုံးသည်၊ ပြည်လုံးအံ့သြမကုန်တည်း။ ။

မဟိံသကအဖိုးသျှင်မှ ကျေးဇူးပြုသည်။

Tuesday, March 31, 2020

ညာမြို့ရပ်စွန်

ညာမြို့ရပ်စွန်
=======

(၁) စုန်လီကေလက်ယာ၊ ဆန်လီကေလက်ဝဲ၊ ကုလားတန်ကေ၊ မြစ်ပြင်ထဲမှာ၊ ရွက်ဖွဲဖွဲနှင့်၊ ခရီးကုန်သွယ်၊ ရောင်းဝယ်ဖောက်ကား၊ ကုန်သည်ဆိုကေ၊ ထိုမြစ်ထဲမှာ၊ ရွက်ဖားဖားနှင့်၊ လားလာပြောင်းပြန်၊ လီဆန်လီသင့်၊ ယှဉ်ပြိုင်ပေါင်းစပ်၊ ရွက်ချင်းထပ်ခါ၊ လှီအပေါင်းမှာ၊ မြောက်များစွာလေ....။

(၂) ချောင်းငယ်ဝတွင်၊ ဈီးချခါဖြင့်၊ သင့်တင့်လောင်းလှီ၊ အညီစုစပ်၊ ပျားပန်းခပ်သို့၊ မပြတ်အိမ်ခြီ၊ အစီယှဉ်သင့်၊ ဆင်လုံးမြင်းရံ၊ လီသွန်းခံပြတင်း၊ ရပ်ဌာနီမှာ၊ တသွင်းသွင်းလေ....။

(၃) မှန်းဆရာတဖန်၊ မြောက်သို့လှမ်း၍၊ ကြည့်လတ်ပြန်သော်၊ အိမ်ခြီမပြတ်၊ အထပ်ထပ်နှင့်၊ ကြောင်းလမ်းဇင်္ခါ၊ အဖြာဖြာနှင့်၊ ကောင်းစွာဝင်းခြံ၊ ထိုရပ်ဌာန်မှာ၊ နီစွန်မထိုး၊ လမ်းတလျှောက်မှာ၊ ပင်ရိပ်မိုးလို့၊ ဖွံ့ဖြိုးကေသာယာ၊ ထိုရပ်ရွာကား၊ လားလာအများ၊ ချောင်းအငယ်ကို၊ တန်းထားလျှောက်ပျာ၊ ကူးလီငြားရေ....။

(၄) ချောင်းတွင်းရာနီကေ၊ ကမ်းခြီနှစ်ဖက်၊ အိမ်မိုးစွန်နှင့်၊ နားပန်းယှက်လို့၊ အိမ်ခြီရာထောင်၊ အိမ်တိုင်းဆိုကေ၊ အိမ်ပုန်းလျားမှာ၊ ညွတ်ကျယောင်သို့၊ အစားဆန်ရီ၊ စုံညီဖြိုးဖြိုး၊ မှိုင်းသရီလေ၊ စုံညီရပ်မှာ၊ တဖြိုးဖြိုးလေ....။

(၅) ထိုကရာတဖန်၊ အနောက်ဖက်သို့၊ လျှောက်လတ်ပြန်ခါ၊ အိမ်စိုင်မပြတ်၊ အထပ်ထပ်နှင့်၊ ကြောင်းလမ်းင်္ဇါ၊ များစွာရောယှက်၊ ကြောင်းလမ်းထက်တွင်၊ စားဖွယ်သောက်ရာ၊ လိုရာမယှား၊ ရောင်းသူကစုံ၊ ၀ယ်သူပုံခါ၊ ကုန်ပေါင်းစုံနှင့်၊ လူအများမှာ၊ တဖွားဖွားလေ....။

(၆) အထပ်ထပ်နှင့်၊ မပြတ်အိမ်ခြီ၊ မိုးစွန်ယှက်လို့၊ ဂေါင်းချင်းစီကေ၊ အစအဆုံး၊ မှန်းမရအောင်၊ အိမ်ခြီဖုံးလို့၊ ထိုကတခါ၊ လျှောက်လို့လာကေ၊ မကျဉ်းမကျယ်၊ မြင်သမျှကား၊ ရှုစဖွယ်ရာ၊ လှီငယ်လှီကြီး၊ ရှုမငြိမ်းအောင်၊ လောင်းကောင်းကြပ်တင်၊ လောင်းစင်ကြပ်ချ၊ အသျှင်ပြည်ကေ၊ နီတရိုးမှာ၊ ကြည့်တိုင်းလှလို့၊ ချောင်းလမ်းမဆီ၊ လောင်းချင်းပြီကေ၊ ချောင်းရီမှာချ၊ ထိုးဝါးပြီအောင်၊ စိုက်ထူကြလို့၊ လောင်းဂေါင်းကားညီ၊ လောင်းစီထောင်ပေါင်း၊ ရီစပ်ဆိုကေ၊ ကမ်းနှစ်ဖက်မှာ၊ လောင်းအပေါင်းနှင့်၊ ထိုရပ်ဆိုကေ၊ ထိုဒေသကား၊ ပထမကေ၊ ဓည၀တီ၊ မာရယုက၊ ဆင်းသက်လီခါ၊ ဖြစ်ပေါ်လာရေ....။

(၇) ချောင်းတွင်းအိမ်ခြီ၊ ဂေါင်းချင်းစီခါ၊ စုံညီပြည့်ဖြိုး၊ ၀င်းထရံနှင့်၊ ပတ်ခါရံလို့၊ နီမထိုးအောင်၊ ပန်းဥယျာဉ်နှင့်၊ သီးနှံရောယှက်၊ ခက်ချင်းပြိုင်ကေ၊ ခိုင်ချင်းယှက်လို့၊ စားသောက်ဖွယ်ရာ၊ မယှားပါကေ၊ ကင်းဝန်ပျော်ကေ၊ မြို့တော်ထဲမှာ၊ မစဲလူသံ၊ တညံညံနှင့်၊ ဆင်းပြန်စွာလှ၊ ဣထိယရို့၊ မိမ္မမှာမူ၊ လိုင်တန်ဘယက်၊ မြာစောင်းတင်ခါ၊ ရွီအပြောက်နှင့်၊ ခြီမှာကငွေ၊ ဣနြေ္ဒသတ္တိ၊ ဂုဏ်ဟိဟိနှင့်၊ စားဝတ်ဆင်ယင်၊ ယဉ်စင်ရက်ခတ်၊ အပြောက်မျိုးစုံ၊ ရက်လတ်တုံကေ၊ လူ့ဘုံလောက၊ နတ်တမျှသို့၊ ၀ပြောချမ်းသာ၊ ထိုချိန်ခါကား၊ နတ်ပမာယောင်၊ ၀င်းဝင်းပြောင်၍၊ ရှုချင်မခန်း၊ အသျှင်နီကေ၊ မြို့တော်နန်းမှာ၊ နတ်ထက်စွမ်းရေ....။

(၈) တောင်စွန်ညာက၊ မိန့်တော်ချသည်၊ ပိုင်သခွင်ဖို့၊ ညာမြို့ရပ်စွန်၊ ကုလားတန်ဝယ်၊ ခိုက်ရန်မပြု၊ ခိုးသူမုဒိမ်း၊ ရန်စစ်ငြိမ်းစီ၊ တပ်တည်ချီဟု၊ သပြီတန်းခွန်၊ ဘုန်းသန်လူ့ဘ၊ ၀ါကျွတ်လ၀ယ်၊ ဧကရက်ကြွင်း၊ ဆောင်းတလင်း၌၊ လမင်းတန်းဆောင်၊ တပြောင်ပြောင်လျှင်၊ တောင်သို့လှည့်လား၊ ငွေရထားဖြင့်၊ လျင်လျားသိုသို၊ နှင်းစိုစိုဝယ်၊ လီချိုပျံ့သင်း၊ အချမ်းပြင်း၍၊ မိမင်းတူပင်၊ မျိုးတွင်ထိပ်ပန်၊ မတ်ကောင်းကျွန်ကို၊ အလွန်ရက်ရှည်၊ ကြာမတည်အောင်၊ လေးမည်ငါးဖြာ၊ ငါးရာမြစ်မ၊ ဂစ္ဆပဟု၊ စီးကျဝှန်တက်၊ နှစ်ဖက်သို့နှော၊ တောင်နှင့်တောဝယ်၊ မြကြောယှက်ခိုင်၊ ခက်ချင်းဆိုင်၍၊ သံပြိုင်ရင့်ရူ၊ ဂြိုးကြူကျီးငှက်၊ ဇရက်ဥဒေါင်း၊ တသောင်းသောင်သည်၊ လမ်းကြောင်းလမ်းစိုင်၊ မြည်လိမ့်သောဝ်..။

(နရဘယရာဇာမင်းလက်ထက် လက်ယာမြန်ဂူတာအား ကုလားတန်မြစ်ဖျားသို့စေလွှတ်ရာ ဒေသသဘာဝအဖွဲ့)

Sunday, February 2, 2020

ဖိုးမောင်မဲ

ဖိုးမောင်မဲ
========

မိရိုးဖလာ လုပ်စားပါသည့်
တောင်ယာကိုင်းကျွန်း  ရိုးတောင်တန်းမှာ
မိုးယွန်းဆောင်းနွီ အလီလီဟောင်း
ရာသီပြောင်းလည်း တောင်ယာထဲမှာ
လုပ်မြဲကိုင်မြဲ ဖိုးမောင်မဲ --။

ဖိုးဖီးဇူဇာ မျိုးသဟာရို့
စိုင်လာဆက်ဆက် လုပ်မပျက်ခ
ငါ့လက်ထက်ကျ မဖျက်ရဖို့
အဖိုးမောင်မဲ အမြဲတွေးလျှက်
လက်နှေးစိတ်ဓါတ် မကျတတ် --။

ရိုးတောင်ခြီမှာ ကုလားလာဖြို
သတ်ကာငြိုလည်း ဖိုးမောင်မဲမှာ
ယာထဲမှခွာ မလားရဲ --။

ဤမြီဤရီ ဖိုးဖီးမွီတည့်
ချင်ဆီငြိုငြင် မင်းရို့နှင်လည်း
ငါလျှင်မရွိ ဤဇာတိမှ
ငါ၏မျက်ရည် ဖြေမဆည်သည်
ပြန်လည်မဖျက် ခံယူချက်တည်း --။

သြော်.....
မောင်မဲတယောက် ရဲရဲတောက်က
မကြောက်တွန်းလှန် ပြန်ခုခံလည်း
မတန်အားချင်း တောင်ယာခင်းမှာ
လိုင်ဖင်းကိုဖြတ် ကုလားခွတ်လို့
ကံပြတ်သက်ဆုံးကုန်လီသတည်း --။

တောင်ကုန်းထက်မှာ ငါကားသီဆုံး
ရိုးမြီဖုံးလည်း နိဂုဏ်းမဟုတ်
ငါ၏ရုပ်လောင်း မပြောင်းဝိညာဉ်
တဖန်ပြန်နိုး တိုင်းပြည်ကျိုးတွက်
အရိုးခါခါတွန်လိမ့်မည် --။ ။

ရက္ခထွန်း (မင်းဗာမြီ)

Wednesday, January 1, 2020

ဖြေကတ်ဇမ်

ဖြေကတ်ဇမ်
===========

ဓည၀တီ လေးဌာနီက
သာကီနွယ်ဖွား မျိုးအစိုင်ကေ
ရခိုင်သားမှာ ဖွဲပြာနွံနစ်
ဇာကြောင့် ကျွန်ဖြစ်ရသနည်း။

သူရို့လည်းလူ၊ ကိုယ်လည်းလူ
ဇာသူသံမှုန့် စားသနည်း။

မွီးရပ်ဌာနီ၊ ကိုယ်ပိုင်မြီ
အမွီစင်စစ် မဟိလား။

စီးပွားကောင်းမွန်၊ ဖွံ့ဖြိုးရန်
သယံဇာတ မဟိလား။

သမိုင်းစပျိုး၊ မော်ကွန်းထိုး
အမျိုးစင်စစ် မဟိလား။

ဘာသာစာပီ၊ ကိုယ့္အမြီ
အၿခီခိုင္မာ မဟိလား။

ယဉ်ကျေးမှုနှင့်၊ အနုပညာ
မှန်စွာတည်တံ့ မဟိလား။

သမိုင်းရာဇဝင်၊ အထင်အရှား
မှတ်သားစရာ မဟိလား။

အသိအတတ်၊ နှစ်ရပ်ခေါ်တွင်
ပညာသျှင်တိ မဟိလား။

ဦးဆောင်ဖို့ရာ၊ ငါရို့မှာ
လိမ္မာသူတိ မဟိလား။

ဓည၀တီ လေးဌာနီက
သာကီနွယ်ဖွား မျိုးအစိုင်ကေ
ရခိုင်သားမှာ ဖွဲပြာနွံနစ်
ဇာကြောင့် ကျွန်ဖြစ်ရသနည်း။

သူရို့လည်းလူ၊ ကိုယ်လည်းလူ
ဇာသူသံမှုန့် စားသနည်း။ ။

ရွီးစပ်သူ
ငွေသဇင် (သံတွဲ)

Monday, August 12, 2019

ရခိုင်မင်းသမီးဧခြင်း

ရခိုင်မင်းသမီးဧခြင်း
ရခိုင်ပေါင်းကူး သာလှဦး
ပထမအကြိမ် (PDF) ပုံနှိပ်မူ
 
ရခိုင်မင်းသမီးဧခြင်း အဖွင့်ပိုဒ်
====================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
မင်းကြီးမင်းလှ မင်းဓမ္မလျှင် လူ့ခွင်ကျော်ဟိုး လွန်ထိန့်ကြိုးလျှက် တန်ခိုးပြောထူ ဘစောဖြူဟု ပြည်သူသခင် ငါ့အသျှင်မှာ သံသာရှိဟောင်း ဘ၀နှောင်းက အကြောင်းသင့်စွ ရင်၌ရသား မိဘမျက်ဖျော် သမီးတော်ကို ချီငှော်နှစ်သိမ့် ခြိမ့်ခြိမ့်ညံညံ ကပ္ပျာသံဖြင့် ကျံကျံယင့်ကျူး ဧျီးယင်ထူးဖြင့် ပျံ့ပျူးသာယာ ဆိုစိမ့်ငှာလျှင် စီကာပတ်ကုံး နိဒါန်းထုံးကို ပန်းကုံးအသွင် ဖွဲ့စီရင်၍ အသျှင်ရွှီနား နာကြားစီရန် အကျွန်ပဏ္ဍိ က၀ိခေါ်ဆို မင်းညိုဘဒူ အသျှင့်လူလျှင် တမူတသီး ဆက်သွင်းပီးသည် ပြည်သူတည့်ထိပ်သီး သျှင်မင်းကြီး ဧျီးယင်ယင်ဧျီး ။ ။

ထိပ်သီးမှောက်တော် ဟုတ်တည့်သြော် မင်းမော်မိဘ သမီးလှကို ချိုမြသံညောင်း ယိုင်းခြင်းကောင်းဖြင့် မောင်းမများစွာ လွှဲစိမ့်ငှာလျှင် ရွီးကာတည့်စီပီး မှောက်တော်ထွီး ဧျီးယင်ယင်ဧျီး ။ ။

(ဧျီး) ကို (ယီး) ဟု အသံထွက်ဖတ်သည်။

(ဟံသာဝတီမူ) (ရမ်းပြည့်သရက်ချောင်းမူ) တွင် ဤ (အဖွင့်ပိုဒ်) ကို မတွိရပါ။ စစ်တွေကောလိပ်မဂ္ဂဇင်း အမှတ် (၂) ၌ ဆရာကြီးဦးသာထွန်းဖော်ထုတ်ခသော ရခိုင်မင်းသမီးဧခြင်း (မိပန်းရံ) မူ (အဖွင့်ပိုဒ်) ။ စုစုပေါင်း (၃၄) ပိုဒ် ဟိသည်။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးလျှက်ပျံ့ပျူး ရိုက်ကာကျူးပိမ့်ပေါ်ဦးကမ္ဘာ အစစွာက ငါးကြာပွင့်လိုက် ရောင်မြိုက်ဥာဏ်ဖြူ ငါးဆူသျှင်နည်း ပွင်မည်ချည်းတွင် မိတ္တေးမရောက် လေးပါးနောက်ဝယ် ငါးထောက်တောင်တာ သာသနာတွင်း ငါးစင်းအမြတ် န၀တတ်ရီကျ ငါးရာရသား ဂစ္ဆပနဒီ ဤသည်ညာမွန် ယဉ်တန်တတက် ပင်လယ်ထွက်မှ နှစ်ဘက်ကမ်းခြီ ဖြားရီမှီဝယ် ရှိဆီပြုပ္ပာ အာကာမှီခိုင်း တောင်ပြိုင်းပြိုင်းနှင့် ဆိုင်းဆိုင်းမဏ္ဍိုင် ရခိုင်ညွန့်ဖူး မွန်ကြယ်မြူးသို့ မြောက်ဦးရွှီနန်း တည်လတ်ထွန်းသည် ဤကျွန်းဇမ္ဗူထူးတည့်လေ ။

ထူးတည့်မှောက်တော် ဟုတ်တည့်သြော် ကျော်သဲတဆူ ဇမ္ဗူဒီပ ကျွန်းလုံးခသည် မင်းတြားတည့်ရင်သွီး မှောက်တော်ထွီး ဧျီးယင်ယင်ဧျီး ။ ။

 
ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးပိမ့်ရွီရွတ် န၀ရတ်တိ စီခတ်ကိုးမြွှာ ၀င်းဝင်းဝါသား ရတနာရောင် ပြောင်ပြောင်ရှုးရှုး မြောက်ဦးလယ်ချက် ရွှီနန်းထက်ဝယ် ဘုန်းဆက်စဉ်ဖြစ် ဧကရာဇ်တကာ မင်းမဟာတည်း အာဏာလက်ရုမ်း တန်ခိုးဘုန်းသား ပတ်ကုမ်းထိန့်သဲ ကျွန်းလုံးကြဲမျှ သျှင့်ခမည်းမင်း သျှင်မိရင်းက လက်ငြင်းယခု ပြုသည်ကမ္မ ရှိပုညကြောင့် ဤမျှတည်းသာ မကပါတည့် မဟာသမတ် နွယ်မပြတ်လျှင် အထွဋ်ထိပ်မိုး ဖြိုင်ဖြိုင်စိုးသည် မျိုးလည်းလွန်မြောက်ထူးတည့်လေး ။
ထူးတည့်မှောက်တော် ဟုတ်တည့်သြော် ပေါ်သောကမ္ဘာ မဟာသမတ် မင်းများနတ်၏ မပြတ်တည့်စဉ်ပြီး သားမြစ်မြီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၃)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးပိမ့်ယင်ယင် ဧျီးသံလွင်နှင့် ဖွားသျှင်တော်ရင်း မြီးမယ်မင်းကို သံညှင်းနှစ်သိမ့် အိပ်ပျော်စိမ့်ရန် သံထိန့်ကျူးအီး ကြာရ၀ိတ်ကျွီးသို့ သံဟီးတမွတ် သံပြွတ်တမွှန်း သံချိုခွန်းဖြင့် ရွှီနန်းဘုံမြဲ ဥဂ္ဂင်ထဲဝယ် တသဲသောင်းသောင်း ထိမ်းယပေါင်းနှင့် အကြောင်းအရင်း အခြင်းအတ ဟူသမျှကို ချီချမြွက်ဖော် စိုက်စိုက်ခေါ်သည် မယ်တော်မိခင်ကျူးတည့်လေ ။
ကျူးတည့်မှောက်တော် ဟုတ်တည့်သြော် မယ်တော်ထံရင်း ကျူးခြင်းသံညောင်း နာသာကောင်းစွ ချစ်ကြောင်းတည့်ရင်သွီး နာပျော်ရီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၄)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးပိမ့်နှစ်သိမ့် အငြိမ်းအချမ်း သူငယ်ဝမ်းဖြင့် မြည်တမ်းပူဆာ နိုးနာမဟိ အိပ်ပျော်ဘိမူ သိန်းတိဖိုးနက် ညံ့သက်ပင်ခြည် လျားမရှည်နှင့် နောက်ပြည်မင်းရို့ ခွန်ဆက်ပို့သား နှစ်လိုချင်စွာ ခါသာပိတ်အုပ် နတ်လုပ်မယွင်း အောက်နှီးခင်း၍ ပေါ်တွင်ကြက်ဟံ ဗိတာန်အောင်လွှား ကိုးပါးရတနာ စီမြွှာခြည်ရက် ရွှီပုခက်ဝယ် ရွှီရွက်လူလူ ရွှီခြူသွင်သွင် လက်ငင်ကိုင်အုပ် မျှင်မျှင်ထုပ်လျှက် တမုဂ်ကြိုးကိုင် နှစ်ဖက်ဆိုင်သည် ဧျီးတိုင်ရိုက်ပြန့်ပျုးတည့်လေ ။

ပျူးတည့်မှောက်တော် ဟုတ်တည့်သြော် ရွှီပေါ်ရောင်ယှက် ရွှီပုခက်ဝယ် နှစ်ဖက်သံနွဲ့ တသဲ့သဲ့လျှင် နွဲ့သံတည့်အီးအီး ရစ်ကာထွီး ဧျီးယင်ယင်ဧျီး ။ ။
ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၅)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးလျှက်သံပြိုင် ယင့်ကာဆိုင်လျှက် ဧျီးထိုင်ကျူးရိုက် စည်ရာလိုက်၍ သံမြိုက်သံကောင်း သံညောင်းသံညှင်း သံခြင်းသံပြွီ သံချီသံအုပ် ရွှမ်းရွှမ်းချုပ်လျှက် လက်ခုပ်ဖြောက်ဖြောက် ဧျီးထောက်ဧျီးခံ ပြွန်းပြွန်းရံ၍ ကြံကြံရင့်ရွယ် မယ်တော်မယ်ကို နာဖွယ်နှစ်သိမ့် နှလုံးငြိမ့်မျှ သံခြိမ့်သံခြိ တမွိမွိလျှင် ကျူးဘိနာပျော် လွှဲကာဖျော်သည် နားတော်ရွှီခွက်ဖျူးတည့်လေ ။

ဖျူးတဲ့မှောက်တော် ဟုတ်တည့်သြော် နားတော်ရွှီဦး ချစ်ဝမ်းနူးလျှက် ကျူးယင့်ကျော်ကျော် သျှင့်ကိုဖျော်သည် နာပျော်တည့်ငြိမ့်အီး အိပ်မွိဆီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၆)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးယင်ခေါ်လစ် အမြစ်အရင်း မျိုးစဉ်ကွင်းကို လွှဲခြင်းသာယာ ကျူးသံဝါဖြင့် ရွယ်ကာသဘော မိခင်ပြော၏ ဘီးစောသကျ အဇ္ဇုနလည်း ကပ္ပိလဟု ပြည်မခွာယှောင် မြိုင်ချောင်တောတွင်း သီတင်းသုံးရာ ကြမ္မာလီခတ် ဈာန်လျောလွတ်၍ ရသေ့မျိုးပွား သက်မသားဟု မာရယုလျှင် ဘပြူမင်းထီး သင်းကြီးအောင်လာ သည်းချာဒေ၀ီ သမီးပီနှင့် ယှဉ်မှီတူကွ ဓညရွှီပြည် လာသည်အကြိုက် ရက္ခိုက်ဂုမ္ဘာန် ငဆဒ္ဒါန်ဆိုး ဘီလူးမျိုးကို ကြိုးကာသတ်ပြန် ထီးနန်းစံသည် မောင်နှံနှစ်စုံ ဖုးတည့်လေ ။

ဖူးတည့်မှောက်တော် ဟုတ်တည့်သြော် ယှဉ်ဖော်တူကွ နှစ်စုံပလျှက် ဓည၀တီ မစိုးမှီတွင် ဟိပြီးရန်ဆူး စုန်းဘီလူးကို တဦးမလွတ် အကုန်သတ်သည် အထွဋ်တည့်မြောက်သွီး ယင်ယင်ဧျီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၇)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးတုံကာကာ အစဉ်ဖြာသား မှည်သာဓည ပြည်မထိပ်ဖျား သိကြားပီးနှင်း လက်နက်ပြင်းသား ထိုမင်းမာရယု တည်စပြုက သားပုမြီးချည်း စဉ်တကဲတည့် ငါးဆယ့်လေးဆောင် ဖြူရောင်ထွန်းလျှံ ကျိန်းခန်းလွန်မူ ဘီးမွန်ကြီးစွာ ကံရာဇာလျှင် ပဉ္စာနရီ နတ်ဒေ၀ီနှင့် တိမ်မှီမိုးဆောင်း ကျောက်ပန်းတောင်း၌ ပွဲကောင်းရစ်ဖွဲ့တည်ထားခယ့်သည် နှစ်ဆယ့်လေးနှစ် ကျူးတည့်လေ ။

ကျူးတည့်မှောက်တော် ဟုတ်တည့်သြော် တိမ်ပေါ်မြင့်ဆောင်း ကျောက်ပန်းတောင်း၌ ပွဲကောင်းရစ်ဖွဲ့ တည်ထားခယ့်သည် နှစ်ဆယ်တည့်လွန်ပြီး လေးနှစ်စီး ဧျီးယင်ယင်ဧျီး ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၈)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးပိမ့်ကျစ်ကျစ် စဉ်ကာဖြစ်တည့် တလှစ်ယင်းက သိကြားပြသား ဓည၀တီ သင်္ဂီပြည်သာ တည်တုံလာ၍ ဆက်ကာလူထိပ် နှစ်ကျိပ်သျှစ်ယောက် မင်းများမြောက်ဝယ် ထက်အောက်အာကာ စက္ကြာအနန္တ နီလတူတူ အယူမြင့်မော် ဥာဏ်ရောင်ပေါ်လျှက် သျှင်တော်ဂေါတမ ပွင့်လတ်ထသည် ဘ၀သုံးထိပ် ဦးတည့်လေ ။

ဦးတည့်မှောက်တော် ဟုတ်တည့်သြော် သျှင်တော်ဂေါတမ ဘ၀သုံးမှည် မဏ္ဍိုင်တည်သည် ဥာဏ်ခြည်တည့်ရောင်ပြီး ပတ်ကုံးမွှီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၉)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးကာယင့်ယူ ဖျော်တော်မူလျှက် လူလူခေါ်ကာ မိတ္တာအီးအီး ဧျီးဧျီးနာပေ ရွှီနားတည်လော ဧကရာဇ်တံခွန် ဆဒ္ဒါန်ဖြူဆွ လှရွရွနှင့် ဓည၀တီ သိင်္ဂီရွှီပြည် ဘုန်းထွန်းစည်သား အမှည်သူရိယ စန္ဒရာဇာ မင်းသဒ္ဓါလျှင် ထိုခါစိုးခိုက် သျှင်တော်ကြိုက်၍ ရိုက်ရိုက်လည်းဖိတ် ဦးထိပ်လက်ပန် ပီတိဝှန်လျှက် တောင်းပန်သောခါ မဟာမုနိ ဟိသည်ယခု ဆင်းရုပ်ထုကို ၀ိသုကမ္မ သိကြားပြ၍ ပဉ္စလောဟာ ရတနာဖြင့် သွန်းကာမဖြစ် ခုနှစ်လက်ထိ ကိုယ်ငွိတော်ယူ တည်တော်မူမှ ဘုန်းတူဘုန်းရှည် ညီနှယ်ဘုရား ကိုယ်တော်ပွားဟု ထားခယ့်သော်အား သုံးပါးနတ်လူ ကိုးရာမူသည် အယူရိုညွတ် နူးတည့်လေ ။

နူးတည့်မှောက်တော် ဟုတ်တည့်သြော် သျှင်တော်ကိုယ်စား ကိုးရာထားလျှက် သုံးပါးလူနတ် အားလုံးညွတ်သည် အထွဋ်တည့်တင်ပြီး နှိုင်းမဲ့ဝီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၀)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးတုံချီချ တမြမြတည့် ဓည၀တီ သိင်္ဂီရွှီပြည် ဘုန်းတိစည်သား အမှည်စန္ဒ သူရိယချည်း ဆက်ကာတည်းလျှင် သားလည်းမြီးလှောက် ငါးယောက်နှစ်ကျိပ် ဖြူရိပ်ဖြန့်ဆောင်း နှောင်းကားခါချိန် ကျိန်းခန်းနီမှတ် ညွှန်ပြလတ်ဘိ ဝေသာလိ၌ ဇာတိဆဒ္ဒါန် မျိုးမွန်ဖြူလဲ့ တဆယ့်နှစ်စီး ကျော်ဟီးထိုခါ ပေါ်ထင်စွာသား မဟာမှည်လှိုင်း တိုင်းစန္ဒြား ကျောက်လှီကား၌ သိကြားနတ်ဖန် လှဲနှင့်သံလျက် လက်နက်လှံမိုး ကိုးမင်းဆက်တိုင် ထုပ်ခွန်လှိုင်၍ ရိုက်ထိုင်ထိန့်ကြိုး မိုးရတနာ ရွာကာကာတည့် မှည်သာကျော်လွှမ်း ဥဒါန်းဆောင်လွှား စန္ဒြားရားဟု ကြီးအားမြောက်စည် ကိုးဆက်တည်သည် လူ့ပြည်ဘုန်းသျှိန်စူးတည့်လေ ။

စူးတည့်မှောက်တော် ဟုတ်တည့်သြော် ဘီးတော်စန္ဒြား ကိုးဆက်အားကို သိကြားပီးဆက် လှံသံလျက်နှင့် ထက်မိုးရတနာ ရွာသည်ထိန့်ကြိုး ကျော်လွန်ဟိုးသည် တန်ခိုးတည့်ပျံ့မွှီး ကျွန်းလုံးထီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၁)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးဧျီးသာပြား သိကြားပီးနှံ စေစားစံသား လှံပျံလက်သုံး ကိုးဆက်လုံးတွင် အဆုံးစန္ဒြား နှောင်းမင်းဖျားလျှင် နှစ်ပါးဥာဏ်ထောက် ရှိနောက်မြော်မြင် ဗေဒင်တတ်ငြား ဟူးရားညိုဟူ ဟူးရားဖြူရို့ မြစ်မူမနိုင် လှီခိုင်လှီကောင်း လှီရံပေါင်းတိ ကိုးသောင်းပိတ်ထား ရှိလားနောက်တွဲ ပင်လယ်ဝဲ၀ုတ် မြစ်သမုဒ်ဖြင့် တပ်လုပ်ဦးတည် သင်းတွဲပြည်သို့ ကြွသည်ထိုခါ သန္တာဦးနှစ် ပစ်သည်ကွမ်းဖတ် မြင်ဘိလတ်က ရီနတ်ရင်သွီး အထွီးအနှောင်း ဘကိုတောင်း၍ အလောင်းပြခါ လင်လျာလည်းဟူ ချစ်နှစ်ယူသည် လွယ်ကူပန်းနှယ် ခူးတည့်လေ ။

ခူးတည့်မှောက်တော် ဟုတ်တည့်သြော် စားတော်ကွမ်းဖတ် မြင်ဘိလတ်က ရီနတ်မင်းသမီး အထွီးအနှောင်း ဘကိုတောင်းသည် လင်ဟောင်းတည့်ပိုက်ထွီး နတ်မင်းသွီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၂)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးတုံပိမ့် ဟုတ်လိမ့်ဝါးတား တွေးယူမှားလျှက် နဂါးနှုတ်ထွက် ခုနှစ်ရက်သာ နီခယ့်ကာတည့် တခါလည်းကောင်း အလောင်းလူ့ပြည် ပေါ်လတ်မည်ဟု ဆိုသည်စကား သျှင်မကြားလော ရှိဖျားတင်လစ် ဓမ္မဇစ်အမတ် ကိုယ်လွတ်ယှောင်ခွာ လာလတ်ရာတွင် မာန်ပါမျက်ပွား မိဖုရားကြောင့် ပြီးလားခယ့်တုံ မြုံဟယ်ရုံပြည် တည်သည်ယခု မင်းရိုးပြု၍ သျှင်ဟုမကျိုး ကျွန်စဉ်ရိုးကို သျှင့်ဘိုးတော်မင်း မွီးသျှင်ရင်းလျှင် လက်ငြင်းခဏ မကြာရတည်း သားဘနှစ်ပါး ခန္ဓာလားမှ ထွားထွားတဖန် ပျက်ခယ့်ပြန်သည် မာန်တော်မီးသို့ ဆူးတည့်လေ ။

ဆူးတည့်မှောက်တော် ဟုတ်တည့်သြော် ထော်လော်ကန့်လန့် သျှင်မခန့်နှင့် ကိုယ်လွန့်ကိုယ်လုံ မြုံဟယ်ရုံကို ဆန်တုံတချက် သျှင်ဘိုးဖျက်သည် အသက်တည့်ကုန်ပြီး ခန္ဓာဖီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၃)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးသံနွှဲ ပြောကာလွှဲအံ့ ၀ဲပင်လယ်မြစ် နဂါးနှစ်၍ ဟိလိုက်သောခါ ပြည်ရွာတဖန် မရောက်ပြန်က ပြင်းထန်ကျွီးဟစ် ငိုယိုလစ်၍ လင်ဖြစ်လင်သား လင်ယောက်ျားကို မျက်ဝါးဖုံဖုံ မျှော်တုံလီပြီး သျှင့်ဘီးခင်ဖွား မိဖုရားကို လားမည်သောခါ ရောင်ဝါလျှပ်လား ပတ္တမြားမျက်ခြေ ဤသည်လက်စွပ် ဖိုးခတ်ပြနှိုင်း တိုင်း၍တန်သူ မင်းမြှောက်မူဟု ဟူခယ့်နှစ်စောင်း ကြာမညောင်းတည့် အလောင်းလင်လျာ တိုင်းခန်းရှာသည် ထိုခါပြည်လုံး နူးတည့်လေ ။

နူးတည့်မှောက်တော် ဟုတ်တည့်သြော် ထိုရော်အခါ လင်မိန့်မှာကြောင့် လင်ရှာစေခိုင်း လက်စွပ်တိုင်း၍ ရနှိုင်းတည့်ရှာမီး မရသီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၄)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးပိမ့်စေရုံး ပန်းနှယ်ကုံးသား ပြည်လုံးနှံမ့်မျှ နှိုင်းမရ၍ ချောင်းဝမြောင်ထဲ တောင်ယာတဲဝယ် အမြဲနီကျင် မြိုတွင်ထင်ရှား သင်းကြီးသားဟု ရှည်လျားလုံးရပ် စည်းကြပ်စစ်ကြော ချောမောဆောင်ယောင် ညီနောင်သားဘ သုံးယောက်ရလျှင် အစတည်တုံ အမြထုံနှင့် တူစုံသာပေါင်း ထီးနန်းဆောင်း၍ နှောင်းတကြိမ်မူ သားပဲဖြူနှင့် ထီးဖြူဆောင်ချုပ် ပြည်ရွာအုပ်လျှက် တုန်လှုပ်မစွမ်း ပျက်ယိုယွမ်းတွင် သျှမ်းကိုးသိန်းသျှင် သိုခင်ဘွားကြီး တောင်ရိုးစီး၍ ဖျက်ဆီးလီခါ ကိုယ့်ရွာတကြိမ် မင်းမဲ့တိမ်သည် စည်းစိမ်မထွန်း ချူးတည့်လေ ။

ချူးတည့်မှောက်တော် ဟုတ်တည့်သြော် ထိုရော်သျှမ်းသား သိုခင်ဘွားလျှင် ကြီးမားမာန်ပါ ဖျက်ဆီးလာ၍ ယင်းခါတချက် ထီးနန်းပျက်သည် အဆက်တည့်နွယ်ရီး ပြတ်လီပြီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၅)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးတုံစုစု မိမျက်ရှုကို သိမှုထွေထွေ မိသည်ရွေပိမ့် ပျက်လိမ့်ကိန်းခန်း သိုက်နိဒါန်းလျှောက် သျှမ်းမင်းဖျက်ထ ထိုခဏ၀ယ် စူဠစန္ဒြား မင်းတြားသွီးဦး စိုးရွှီလူးကား ကိုယ်ထူးယှောင်လစ် စစ်တန်းတင်ထက် သက်နှင့်ဖက်၍ သက်သဘောပင် သက်မှည်တွင်သား ငမင်းငတုံး ဘုန်းလက်ရုမ်းဆက် စမ္ပ၀က်ကို ဖြူရွက်ဖြန့်မိုး နှင်းလာစိုးက မိုးကြိုးကန်ဝယ် စောင့်ဟန်နဂါး သိကြားပီးသည် ပိတောက်စည်လည်း တီးမြည်သံကြောင့် ပုဂံထွားညက် သျှမ်းလည်းပျက်၏ တိုင်းထက်ဆယ်ပြန် ကိုယ့်ပြည်မွန်သည် တဖန်ကျွန်းလုံး နူးတည့်လေ ။

နူးတည့်မှောက်တော် ဟုတ်တည့်သြော် ထင်ပေါ်တေဇ စူဠတွင်ငြား စန္ဒြား၏ သက်သားလုလင် သားငမင်လျှင် ကြီးအင်ကြံစည် ထီးနန်းတည်၍ အမှည်စမ္ပ၀က် ထီးနန်းတက်သည် တိုင်းထက်တည့်ကျော်ဟီး နန်းတော်ထီး ဧျီးယင်ယင်ဧျီး ။။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၆)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးပိမ့်တချက် စမ္ပ၀က်၌ ဘုန်းဆက်စည်ကြုံး ဆယ်ယောက်သုံးတွင် အဆုံးစွန်မူ မင်းဘီးလူကို ကြံတူလှည့်ပတ် ပုန်ကန်သတ်၍ အမတ်သင်္ခယာ မှည်သာတချက် ၀ရောင်းငှက်လျှင် သုံးဆက်စိုးကာ ပဉ္စာမြို့ကောင်း ကျိန်းပြီးနှောင်းမှ မင်းဟောင်းသွီးခဲ မင်းရဲဘယ ပေါက်ညိုမြနှင့် ကြွခရှိပြည် ဆယ်နှစ်မည်တွင် မြင်သည်သည်းချာ ရွှီဂူသာနှင့် လက်ယာမင်းနန် မင်းရိုးမှန်လျှင် တဖန်လည်းကောင်း အလောင်းစည်သူ သိမ်းပြန်ယူခိုင်း တလိုင်းတသိန်း ပြူတသိန်းနှင့် အောင်ကျိန်းခါချိန် ပြက္ခတိန်လျှောက် ပုရိန်မြို့သစ် ထောင်လာလစ်သည် ချစ်နှစ်ပြည်သူ ကျူးတည့်လေ ။

ကျူးတည့်မှောက်တော် ဟုတ်တည့်သြော် နှစ်ဖော်နှစ်ပါး တူမပြားတည့် သျှင့်သားသမီး ဆွေစနီးနှင့် ပြည်ကြီးစိုးလာ တိုင်းချမ်းသာကို ရှာသည်တည့်မြင့်ထီး ဆောင်းလီပြီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁ရ)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးသံခြား ကျူးကာကြားပိမ့် နားသည်မယောင် သျှင်မထောင်လော မောင်နှမရင်း တဘချင်းကို မင်းမြှောက်သောခါ ပါသည်များလှိုင်း တလိုင်းနှင့်ပြူ နှစ်ပြည်သူရို့ သုံးလူထွဋ်ချာ မဟာမုနိ တြိနာတော် ရုပ်ရှင်တော်ကို ပေါင်တော်ကြောသား လောဘအားကြောင့် နဂါးလည်းနှစ် ပြန်ရစ်သောခါ ပြည်ရွာလည်းပျက် ခုထက်တိုင်ပင် နူဝဲဖျင်လျှက် သျှင်ပင်ပြစ်ကြောင့် ဖြစ်သည်တည်းဟု ဤလည်းသျှင်မ နားတော်ပလော ဘ၀လည်းသုဉ်း ပျက်ဆုံးခန္ဓာ သံသရာဝယ် ပဉ္စာနန္ဒရိတ် တံဆိတ်မချွတ် ခံရတတ်သည် မကျွတ်ခန္ဓာ ကူးတည့်လေ ။

ကူးတည့်မှောက်တော် ဟုတ်တည့်သြော် ပေါင်တော်ကြောသား လောဘအားကြောင့် ယူကားယူမိ မချိဒုက္ခ ဘ၀သံသရာ ပဉ္စာနန္ဒ ကံကြီးလှသည် မလွတ်တည့်ပြစ်မီး သျှင်ပင်ဖီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၈)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးသာနိုး အိပ်နားစိုးလော မင်းရိုးဆက်လာ မင်းလက်ယာ၏ သည်းချာစဉ်ရှည် ငါးဆက်လည်တွင် မှည်ကောလိယ မင်းလှတံခွန် ဘီးစောမွန်ကား ဆဒ္ဒါန်ဆင်ဖြူ ငွေတူလွလွ ဆယ်စီးရ၍ နတ်သလှံပျံ တမန်စေခါ ငန်းတာချချ ဆည်စေရလျှက် ဒီပပတ်ကုံး မင်းအားလုံးကို ပင့်ရုံးထံမှောက် အကုန်ရောက်မှ ငရကောက်မော် တောင်ကုန်းပေါ်ထက် သျှင်တော်ရုပ်ကြီး မဟာထီးကို ကောင်းခြီးနတ်လူ ဘ၀ဂ်ဆူမျှ အလှူကောင်းမှု တည်ထားပြုသည် ဗဟုကုသိုလ် ထူးတည့်လေ ။

ထူးတည့်မှောက်တော် ဟုတ်တည့်သြော် မင်းကောလိယ မင်းဓမ္မလျှင် ငရကောက်မော် တောင်ကုန်းပေါ်ထက် ကုသိုလ်ဖက်သည် ဘ၀ဂ်တည့်ပျံ့မွှီး လင်းရောင်ပြီး ဧျီးယင်ယင်ဧျီး ။ ။

 
ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၁၉)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးတုံမယ်မိ နားတော်ဟိလော ကောလိယမင်း သားရင်းသည်းချာ ဒသရာဇာလျှင် မဟာမုနိ ဟိသည်အကြောင်း ပေါင်းလောင်းမြိုထီး သင်းကြီးညွှန်ထုတ် ဂါဝုတ်သျှစ်မည် ဗိုလ်ခြီစေ၍ အမှည်ဓည မြို့ချက်မ၀ယ် အဂ္ဂတညု တောင်ပုအဖျား ကနားဖွဲ့ပြီး ရွှီတောင်ထီးသို့ ကျောင်းကြီးရွှီဂူ တည်တော်မူက ဇမ္ဗူတကျွန်း တာငန်းချချ လုပ်ရသော်အား ဘုရားမည်သာ သာသနာဝယ် ဓမ္မသောက ဒသရာဇာ ဤနှစ်မြွှာသည် မျက်နှာမင်းချင်း ဖူးတည့်လေ ။

ဖူးတည့်မှောက်တော် ဟုတ်တည့်သြော် ရှိသော်ဓမ္မာ သင်္ကာယန ဗျာဒိတ်ရဘို့ ဒသရာဇာ လက်ထက်သာလျှင် မျက်နှာကြည်ရွှင် ဖူးကြလျှင်သည် သျှင်မင်းတည့်ကျောင်းကြီး ဂူတော်ထီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၀)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးပျပျ သားညီမကို ချီချရွေရွတ် တတွတ်တွတ်လျှင် ပျော်တတ်ရာရာ အောက်မိကာလျှင် နာနာလိုလို ယင့်ကာဆို၏ သံချိုသံခွန်း ဆန်းဆန်းထူးတူး မိသည်ကျူးအံ့ သွီးဦးရွှီခဲ မိပုလဲလျှင် နရွဲနရူ အပူအဆာ ငိုရာမဲ့လျှက် ရွှီပုခက်ဝယ် စုံမက်သနား မိစကားကို နားပါးသွင်းသွင်း အိပ်ပါလျှင်းလော သတင်းတေဇ နီတမျှတည့် ဒသရာဇာ ဘုန်းကြီးစွာသား အံ့အားလူဝယ် မယုံဖွယ်တည့် ခြောက်ဆယ်ဆင်ဖြူ ဗိုလ်လူမူကား နွားလားသင်းစု ခုနှစ်ခုမည် အကုဋေတိ ချေကစတုံ မိသည်းပုံသည် မိအုံလက်ဖျား လှူးတည့်လေ ။

လှူးတည့်မှောက်တော် ဟုတ်တည့်သြော် ဆိုသော်လူဝယ် မယုံဖွယ်တည့် ခြောက်ဆယ်ဆင်ဖြူ ဗိုလ်လူမူကား နွားလားခုနှစ် ရွီလစ်မတတ် ပုံယင်ထပ်သည် နတ်မင်းတည့်ကျော်သီး ပြည်သျှင်ကြီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၁)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးတုံချီချ တမြမြတည့် မင်းဘရင်သွီး သားတော်မြီး ခင်ဘီးကျော်စွာ ဒသရာဇာလျှင် ဓမ္မာသောက ဒါနဖက်၍ ခုနှစ်ရက်လုံးလုံး ကျွန်းကုန်းဇမ္ဗူ လှူတော်မူ၏ ကြည်ဖြူသော်အား ရှည်လျားထောင်တာ သာသနာလွန် နိဗ္ဗာန်သဘင် ပွဲပြုလျှင်မူ ပန်းတင်ဟေရုံ မြုံကားတံမြက် ဆွမ်းချက်လုပ်ကျွေး ကသည်းမြက်နှုတ် သင်ပုတ်ပုဂံ ဇလွန်ပုသိမ် လှူဒါန်းချိန်ပြီး ပုရိန်မြို့သက် သျှစ်ဆက်စွန်ဖျား မင်းဘုန်းစားလျှင် ဟူးရားကျမ်းလာ လေးမြို့မှာတည့် အညာခြိတ်မြို့ တည်ရာဖို့သည် ကတို့မြစ်ကမ်း ကူးတည့်လေ။

ကူးတည့်မှောက်တော် ဟုတ်တည့်သြော် ကုန်းတော်မို့မို့ သဲတောင်ပို့ဝယ် ခြိတ်မြို့သာစည် ဘုန်းစားတည်သည် ရီကြည်တည့်မ၀ီး ကမ်းထောင်းနီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၂)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးပိမ့်တခြင်း ထိုမြို့တွင်းဝယ် သုံးမင်းတွင်လာ ကြမ္မာကုန်လတ် မတ်စလင်းဗိုလ် ငြိုးသိုရန်ခင်း ပုန်ကန်လျှင်း၍ ကင်းခယ့်တချက် စမ္ပ၀က်၌ အသက်သုံးနှစ် ခန္ဓာပစ်မှ တိုင်းချစ်တွင်မှည် စိုးမင်းသည်ကို ပြည်၌ဗိုလ်လူ ကြိုက်မူသနား မင်းရိုးသားဟု မြှောက်စားစီရင် ဘိသိက်တင်မှ ထိုတွင်မထောင် တောင်၏တူရူ မြို့တောင်ငူ၌ တည်မူမပျက် ဆယ့်ခြောက်ဆက်တွင် မြို့သက်ကုန်ပြီး မြစ်ကြီးကူးလျှက် မြို့နောက်ဖက်ဝယ် လောင်းကြက်မှည်ခေါ် မြို့သာကျော်ကို အလော်မာဖြူ တည်တော်မူသည် အယူကြံစည် ထူးတည့်လေ ။

ထူးတည့်မှောက်တော် ဟုတ်တည့်သြော် အလော်မာဖြူ မြို့တောင်ငူက ကြံယူစူးစူး လောင်းကြက်ကူး၍ အထူးမြို့မွန် တည်လတ်ပြန်သည် ရန်မာန်တည့်ငြိမ်းအီး ကြောက်ကင်းဝီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၃)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးသံခြေ မိမြုတ္တေကို စေ့ရေမိခင် ပြောပါကျင်အံ့ ဘီးခင်ကြီးစွာ အလောမာလျှင် တည်လာလောင်းကြက် ထိုမြို့ထက်၌ ဖြူရွက်ဖြန့်ကြုံး ငါးယောက်ဆုံးတွင် မှားသျှုံးကြံသီး နန်းကျကြီးကား မီးထက်မက ပြည်ပပြည်တွင်း ဒါးတစင်းမျှ မဟိရတည်း ကျနကောက်ငင် ပူဆာအင်နှင့် ဆွေလင်နှစ်မည် အိမ်ထောင်တည်၍ စည်သဘင်ကြီး သမီးလှစွာ ပန်းနီလာကို အာသာမက်မက် လောဘတက်၍ ရက်ရက်ယူပြီး မတ်ကြီးခေါင်ဖျား ဘနှစ်ပါးကို ငြိုးထားကြီးစွာ ဖျက်ဆီးလာသည် မိစ္ဆာကျင့်ညစ် ညူးတည့်လေ ။

ညူးတည့်မှောက်တော် ဟုတ်တည့်သြော် မတော်ကျင့်ညစ် ကြင်ချစ်လင်မှီး ဇနီးသည်းလျာ ပန်းနီလာကို ခွာ၍ယူပြီး မတ်ကြီးနှစ်ဆူ ဘကိုမူလည်း အပူအဆာ ဖျက်ဆီးလာသည် မိစ္ဆာတည့်ညစ်ညီး မှောင်မိုက်မီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၄)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးပိမ့်ပြတ်ပြတ် ကျူးရွေရွတ်အံ့ ထိုမတ်နှစ်ပါး ကြံစည်ထား၍ ဆီးဝါးမန္တန် တတ်ပွန်အန္ဓီ ဇော်ဂီဝိဇ္ဇာ ပညာစီရင် ဘိလုလင်သား သျှင်စိတြ နရဒကို ရလစ်မချွတ် ဆရာမှတ်၍ ကြည်ညွတ်ရိုသီ တောင်းပန်လီသော် ညီညီညာညာ နာနာရုပ်ဟန် ဖန်ဖန်ဆင်းဆင်း လိုက်လီလျင်းမူ လွတ်ခြင်းမထင် ဂူထဲဝင်လျှက် သျှင်တော်ရုပ်ထု ကိုယ့်ကောင်းမှုတွင် ပြုတုံသစ္စာ အဓိဌာကား တခါနောင်ဝယ် ဖြစ်ပြန်လည်၍ ငါသည်သျှင်မင်း ရန်ကိုခွင်းမှ ခြီရင်းသျှင့်မှာ သွီးလက်ရာမူ ကျီသောဝ်ဟူသည် နတ်လူအံ့မိန့် မူးတည့်လေ ။

မူးတည့်မှောက်တော် ဟုတ်တည့်သြော် ရွီသော်နှစ်ကျိပ် ဖြူရိပ်ဖွီးဖွီး နှစ်ယောက်ပြီးသော် ဖီးကြီးရန်ခြစ် မင်းခေါင်ဖြစ်က ကြဲလစ်တည့်နီတွီး လက်ရာသွီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၅)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးပိမ့်စဉ်ကွင်း မကောင်းခြင်းဖြင့် ထိုမင်းနှင့်သား နှစ်ပါးစုံလွန် နောက်ဆုံးစွန်တွင် ကောင်းမွန်ယဉ်ဘိ လောင်းဗေါဓိဟု ဇာတိအမြတ် အထွဋ်ထိပ်သီး ဘုရင်ထီးကို ရှုညီးမယ်တော် ဖွားလတ်သော်လျှင် နုဘော်တေဇ ဘလက်နက်၏ သံလျက်တောက်ရောင် နန်းလုံးပြောင်၍ ဘဇောင်ခြင်းရာ သားကြောင့်ငါကား ခန္ဓာအသက် တိုအံ့လျှက်ဟု ပုခက်နှင့်ရစ် ရီဝယ်ပစ်လည်း မနစ်ထိုရော် စက်ဝန်းပေါ်က ပူဇော်နတ်ရို့ ပြန်ဆက်ပို့သော် ယိုးသို့တဖန် ထုတ်လီပြန်မူ ပူပန်သော်အား မိဖုရားနှင့် မှူးများမတ်ဗိုလ် ဘကိုပယ်လစ် ခုနှစ်နှစ်တွင် ရိုချစ်ကြည်လင် ထီးနန်းတင်သည် ရီစင်သွန်းကြဲ ဖြူးတည့်လေ ။

ဖြူးတည့်မှောက်တော် ဟုတ်တည့်သြော် မယ်တော်မက မတ်ကစ၍ ဘကိုပါယ်လစ် ခုနှစ်နှစ်ကြီး မင်းထီးမှည်ခေါ် ဘီးလောင်းတော်ကို ပူဇော်လူနတ် အားလုံးညွတ်သည် အထွဋ်တည့်ထိပ်သီး ဘုရင်ထီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၆)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးသံချီ စဉ်ကာရွီပိမ့် ညီညာကျင့်ထုံး နှလုံးမလစ် မင်းဖြစ်သုံးဆယ် သုံးနှစ်ဝယ်တွင် ကြီးကျယ်တိုင်းကား ၀န်းလျားကြေငြာ မြန်မာတလိုင်း သျှမ်းသာဝိုင်းလျှက် သက်ရိုင်းနှင့်မြုံ ဥသုံရောင်းရောင်း ထောင်းထောင်းပုန်ကန် ထိုမီးရန်ကို တွန်းလှန်ပစ်မည် စိတ်ကရည်လျှက် ထိုသည်မင်းထီး ဘီးမင်းကြီးကား ပုတီးလက်တွင် ဘုရားတင်လျှက် ကိုယ်ပင်ရှိဦး စစ်တပ်ဦးဝယ် သုံးဦးတပ်မင်း သုံးသင်းစစ်ခြီ သုံးဖြာညီ၍ အောင်မြီစစ်စစ် မိုးကြိုးပစ်သို့ ငယ်ဖြစ်ပျော်မွိ အိမ်ရှိခုနှစ် ဖြစ်တုံနန်းမ တရာ့ခြောက်မည် နန်းသက်ရှည်သည် နတ်ပြည်ဘ၀ ကူးတည့်လေ ။

ကူးတည့်မှောက်တော် ဟုတ်တည့်သြော် ငယ်သော်ခုနှစ် အိမ်ရှိဖြစ်ကို ပစ်၍ရွီသော် ရွှီနန်းပေါ်ထက် အသက်တရာ့ ခြောက်နှစ်ပသည် ဘ၀တည့်ပြောင်မွှီး နတ်ပြည်ကြီး ဧျီးယင်ယင်ဧျီး ။ ။

 
ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၇)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးသံခွန်း အဆန်းဆန်းတည့် စီတန်းကောင်းခင် မိုးသက်တင်သို့ တမျှင်မကျိုး သျှင့်ဘီးဘိုးကား နန်းရိုးစည်ပင် သာကီဝင်ဟု နွယ်လျှင်မပျက် သားမြီးဆက်၏ လောင်းကြက်တွင်မူ ရိပ်ဖြူဖွေဖွေး တဆယ့်လေးဝယ် ခင်မည်းဆုံးစွန် မင်းစောမွန်လျှင် တရံတထောက် ကျိန်းခန်းလျှောက်ဖြင့် အနောက်သူရတန် ပဌာန်မင်းနီ ပြည်ရောက်ခီ၍ ပြန်လီထိုခါ မြို့ကောင်းရာကို ရှာတုံအကျော် ရေးကြီးမြော်သည် မြင်သော်လီသို့ ဟူးတည့်လေ ။

ဟူးတည့်မှောက်တော် ဟုတ်တည့်သြော် ထိုရော်တဖန် ဘီးစောမွန်လျှင် ရောက်ပြန်လာလျှက် မြို့လောင်းကြက်ကို မြို့သက်ကုန်မဲ့ မနီကဲ့ဟု မျှော်ကြည့်စာနာ မြို့ကောင်းရာကို ရှာသည်တည့်နောင်ရီး ဖီးကင်းဝီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၈)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးကာယင့်ဖျော် မွီးမယ်တော်ကို အိပ်ပျော်စီကြောင်း ဆုလည်းတောင်းအံ့ မြို့ကောင်းရာကို ရှာသည်မူကား သိကြားနတ်မြင် ဗေဒင်စနည်း ၀သဲမြောက်ဦး ခေါ်ထူးကာပျောက် ချီဟောက်သံကြား ကျားကားလန့်ယှောင် ကြောင်မူပြီးထွက် ကြွက်ကားလိုက်နီ မြွီကိုဖားနိုင် တြင်းဆိုင်လျှက် ရခိုင်မှန်ဖူး မြို့မြောက်ဦးကို နတ်မှူးညွန်ပြ နန်းရာရသည် ဘုမ္မိနက်သန် ထူးတည့်လေ ။

ထူးတည့်မှောက်တော် ဟုတ်တည့်သြေ် ပေါ်တုံတြင်း အောင်ခြင်းမဏ္ဍိုင် ရခိုင်မှန်ဖူး မြောက်ဦးမှည်သာ မြို့အောင်ချာသည် နန်းရာတည့်တည်ရီး တြင်းပီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၂၉)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးတုံတုံ စုံစုံမက်မက် ဆက်ဆက်လွန်လီ အတေတီတိ မရွီနိုင်ဘဲ ၀မ်းလျှင်ကွဲမျှ သည်းထဲပူပန် ၀ှန်တုံကြက်သီး ဘီးကြီးဘီးလျှင် များဖျင်ပြည့်လှိုင် ရခိုင်မှည်သာ မဟာသမတ ခေတ္တိယ၏ ခက်မှတသွယ် အနွယ်ထိုမှ နီလပုံခင်း ထွန်းပယင်းသို့ ချစ်တင်းစကား နာသာငြား၏ ထံပါးတဖော် သျှင့်ကိုဖျော်၍ မယ်တော်သျှင်မ ကျူးပါကလျှင် နားဝဆိမ့်ဆိမ့် နားနှစ်သိမ့်လျှက် ငြိမ့်ငြိမ့်စက်တော် ခေါ်ပါတုံမူ နရူနရွဲ ပူဆာနည်းသည် သည်းအူမိဝမ်း နူးတည့်လေ ။

နူးတည့်မှောက်တော် ဟုတ်တည့်သြော် ထီးတော်ပွင့်လှစ် နန်းတော်၌၀ယ် ချစ်သံရွှမ်းရွှမ်း ၀န်းဝန်းလည်းအုပ် ကိုယ်လုပ်တော်ပေါင်း မြနဒေါင်းကို တင့်ကြောင်းအမှန် ပန်းနှယ်ပန်သည် အလွန်တည့်ကြိုင်အီး ပန်းသို့မွှီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၃၀)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)

ဧျီးလျှက်မပြတ် ကျူးသံရွတ်ပိမ့် ဘီးလတ်ဘီးကြီး ထိန်ညီးဝီ၀ီ သပြီညွန့်ဖူး မြောက်ဦးမြို့မ အစပြုပြန် မင်းစောမွန်ကား နိဗ္ဗာန်ကျင့်ထူး ပွင့်ဖူးနွယ်မြစ် ကိုးနှင့်တစ်တွင် စင်စစ်မမှား ငါးပါးလှူကြီး စွန့်ခယ့်ပြီးစွာ ခန္ဓာတော်သက် ရှည်အံ့လျှက်တည်း ချင့်တွက်ပြိုင်ခိုင်း ပြည်နှင့်နှိုင်း၍ တိုင်းကားပြည်ရွာ နောင်လာရှည်လျား စီးပွားကိုသာ ငါကြိုက်ပါ၏ ငါသာအသီ ဆုံးပါစီဟု လေးလီလေးပါး နတ်ဟူးရားရို့ မြို့ကားထောင်ပွား မင်းကားသက်တို မြင်တိုင်းဆို၏ ကိုယ်ကိုမချစ် မင်းကောင်းဖြစ်ဖြင့် အသစ်ရွှီပြည် ထီးနန်းတည်သည် သျှစ်မှည်ရန်သူ ရူးတည့်လေ ။

ရူးတည့်မှောက်တော် ဟုတ်တည့်သြော် လောင်းတော်စောမြတ် အထွဋ်မှန်စစ် ဓမ္မရာဇ်ကား ကြစ်ချစ်နှစ်လို့ ထောင်ကိန်းမြို့ဟု သူဖို့ကိုသာ ချစ်မိတ္တာသည် ရှာသည်တည့်မ၀ီး ကိုယ့်သက်ပီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၃၁)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးတုံတခြင်း စက္ကြာမင်းရို့ နီခင်းထိုက်ရာ လက်ယာရစ်ထက် ဘုမ္မိနက်၌ ရွီတွက်သက္ကရာဇ် ခုနှစ်ကိုးဆယ် စွန်းဝယ်နှစ်သော် လတော်သလင်း လျှံဝင်းထိန်ဘိ ရ၀ိနီထွက် ဆန်းတရက်ဝယ် ကန်လဂ်ကန်စန်း မြို့နှင့်နန်းကို ကျိန်းခန်းစင်စစ် တည်တုံလစ်၍ သုံးနှစ်ခန္ဓာ ပြောင်းမည်ခါလည်း မင်္ဂလာကြောင်း မင်းကောင်းဝေသန် မတန်လို့ရာ လွန်မည်ခါ၌ သည်းချာနှစ်ဦး ပြည်မှူးမလုံ ငယ်သိတုံဟု ဥသုံဗိုလ်လှဲ မြတ်လေးလွန်ကြင် ညီတော်ခင်ကို လက်ငင်ရွှီနန်း တင်မည်မှန်းသည် တောက်ထွန်းရောင်တော် ဦးတည့်လေ ။

ဦးတည့်မှောက်တော် ဟုတ်တည့်သြော် လေးဖော်မျိုးစု ကျိုးကောင်းမှုကြောင့် မရှုစီးပွား သားနှစ်ပါးကို ပါယ်ထားတုံပြီး ညီတော်ထွီးအား ရွှီထီးတည့်တင်ပီး နောင်တော်ကြီး ဧျီးယင်ယင်ဧျီး ။ ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၃၂)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးကာကျူးပိမ့် မြောက်ဦးဒီမ နန်းသိင်္ဂကို စိုးထထိုရော် ဘီးသူတော်နှင့် တဖော်နောင်မွီး ဘီးညီထွီးကား ဆင်စီးမြင်းတက် မြို့ပြင်ထွက်သော် ပုခက်တွင်းသား ငိုသံကြားက သနားချစ်ကြင် မင်းလီခင်သည် လွန်ပင်ဆုကျေး ဇူးတည့်လေ ။

ဇူးတည့်မှောက်တော် ဟုတ်ည့်သြော် ဖန်ဆော်မစ ရွာတိုင်းကြွ၍ မိဘသဖွယ် ပြည်သူအများ သူငယ်အားကို သနားချစ်ခင် မြတ်နိုးကြင်သည် ဘခင်တည့်ရင်သွီး ကျေးဇူးကြီး ဧျီးယင်ယင်ဧျီး ။

ရခိုင်မင်းသမီးဧခြင်း အပိုဒ် (၃၃)
======================

(ဧျီးယင်ဧျီးယင် ဧျီးယင့်ယင် ယင်ယင်လေးဧျီး ဧျီးလေဧျီး ဧျီးယင်ယင်းဧျီး)
ဧျီးဧျီးသံချို လွှဲကာဆိုအံ့ ထိုဘ၀သျှင် မင်းလီခင်၏ ရင်ခွင်ပိုက်နှော ဘစောမင်းဖြူ သားတော်မူလည်း ရန်သူကြောက်ကောင်း လှဲကြောင်းကမံ ကျင်လည်ဟန်ကား ပစ်မှန်လီရာ တစ်ထွာသံထု နှစ်ခုကွဲအက် ကြောက်မက်စကောင်း တသောင်းမလောက် ခွန်အားမြောက်သည် ရွံ့ကြောက်ပြိုင်သူ မူးတည့်လေ ။

မူးတည့်မှောက်တော် ဟုတ်တည့်သြော် ရွယ်သော်ပစ်မှန် ခွန်အားကြီးမြောက် ရွံ့ကြောက်ဇမ္ဗူ ဘစောဖြူကို ရန်သူနားဝ ကြားကမိုးစွန် ကြက်သီးဝှန်သည် အလွန်တည့်ကြောက်ကြီး ထွက်ကာပြီး ဧျီးယင်ယင်ဧျီး ။ ။

အမတ်ကြီးဖဒူမင်းညို ရွီးစပ်သော ဘစောဖြူမင်းသမီးဧခြင်း ဤတွင်ပြီး၏။ ခရစ်သက္ကရာဇ် ၂၀၁၆ ခု စက်တင်ဘာလ (၁) ရက် (ကသစ်ဗုဒ္ဓိ) နိ မိုးထက် (၆) ချက်တီးခွဲအချိန်တွင် ပြီးပြည့်စုံသည်။ ရခိုင်ပေါင်းကူးသာလှဦး ကောင်းမှုတော်ဖြစ်ပါသည် ဘြရား။

 
ရမ်းပြည့်သရက်ချောင်းမူတွင် (ဖဒူ) ကို (ပဒူ) ဟူ၍ စာလုံးပေါင်းသည်။ ဟံသာဝတီမူ၌ကဲ့သို့ (အဒူ) ဟူ၍ (အ) နှင့်စာလုံးမပေါင်းဘဲ (ပဒူ) ဟူ၍ (ပ) နှင့် စာလုံးပေါင်းသည်ကို တွိရသည်။

Tuesday, December 25, 2018

မေဓပညာမော်ကွန်းလင်္ကာ

===============
မေဓပညာမော်ကွန်းလင်္ကာ
===============

ဆောင်းပါးမူရင်း ရခိုင်သဟာယမဂ္ဂဇင်း အမှတ် (၄) ဟု ထင်ပါသည်။ ဆရာကြီးဦးရွှေဇံ ရွီးသားပြုစုခသည့် ကောင်းကောင်း အရည်အခြင်းပြည့်မှီသော (ပညာသျှင်) ဆောင်းပါးတပုဒ်ဖြစ်ပါသည်။ လက်ထဲဟိသူများ (Scan) ပြုလုပ်၍ (PDF) မူကို တင်ပီးစီချင်ပါသည်။ ဒုတိယ မူပွားတခုမှာ (ရခိုင်မဂ္ဂဇင်း) လား (ဦးရာဇ်မြီ) မဂ္ဂဇင်းလား မမှတ်မိလိုက်ပါယာ။ ရွီးသူနာမည်လည်း မမှတ်မိလိုက်ပါယာ။ သူ၏လက်ထဲတွင် (ပီမူ) ဟိသည်ဟုဆိုပါသည်။ ရခိုင်ပြည်ထဲဟိ ရခိုင်စာပီသုတေသီများ ဒုတိယမူပွားဆောင်းပါးပိုင်သျှင်၏နာမည်ကို ခြီရာကောက်ပြီး (မေဓပညာမော်ကွန်း)(ပီမူ) ကို ပျောက်ပျက်မလားခင် ရှာဖွီစုဆောင်း၍ ဖော်ထုတ်ထိမ်းသိမ်းထားသင့်ပါသည်။

===============
မေဓပညာမော်ကွန်းလင်္ကာ
===============

ကမ္ဘာစဉ်လာ ၊ ဓမ္မာတာဖြင့်၊ ၀ိဒွါသမုတ်၁ ၊ စတုယုဂ်ကိန်း၂ ၊ လေးသိန်းနှစ်သောင်း၊ နှစ်ထောင်ဆောင်းအယ့်။ နှစ်ပေါင်းကိုချုပ်၊ ကလိယုဂ်တည့်၃ ။ ထိုယုဂ်နှစ်ပြန်၊ ဒွါပရန်၎ ဟု၊ သုံးပြန်တြေတာ၅၊ လေးဖြာကတ၆၊ ပေါင်းကြလေးထပ်၊ ရွီးအပ်သိမှု ၊ အအဥအီ၊ ရာဂီဘြု၇၊ ဂဏန်းစုဖြစ်၊ ထိုနှစ်အပေါင်း၊ ခေါက်ပြောင်းပြန်လှန်၊ ကပ်ဆုံးလွန်အောင်၊ လူ့ ဘောင့်ပွားဆုတ်၊ လေးပါးယုဂ်တွင်၊ အယင်ကတ၊ ဓမ္မသစ္စာ၊ ပြည့်လာဥဿုံ၈၊ ကောင်းကိန်းကြုံအယ့်။ သုံးပုံတြေတာ၊ ယုတ်မှာတခု၊ ကောင်းမှုသုံးဖြာ၊ ဒွါပရာစက်၊ တ၀က်ကောင်းဆိုး၊ တမျိုးကလိ၊ အသိဧက၊ သုံးဝချွတ်ယွင်း၊ တရားကင်းအယ့်။ ယင်းကလိသက်၊ ထိုနှစ်ထပ်မှာ၊ ဂိက္ခာဂိက္ခ၉၊ ဂဏန်းကျခါ၊ ရာသက်ကာလ၊ ဟာယန၁၀မှီ၊ သာကီသကျ၊ ဂေါတမဟု၊ လောကလူ့ ရွာ၊ ဖြစ်ပွင့်လာရွယ့်၊ ဒေ၀ါမနု ၁၁၊ ကျွတ်မှုဟောကြား၊ လေးဆယ့်ငါးဝါ၊ ပြည့်ရေခါကား၊ သြဆာဂါရ၁၂၊ သာခပုဏ္ဏမီ ၁၃၊ ငြိမ်းလီနိဗ္ဗာန်၊ ထားပြန်သာသနာ၊ ဂေါစာဖြိုရှု၊ ဓါတုဋီကာ၁၄၊ ရောက်ခါပေါင်းကြ၊ န၀တြိ၊ သတ္တဂီ၁၅၊ ဂေါတမပူရမ်၊ ကျမ်းညွှန်အလာ၊ ရက္ခပူရ၊ ဓညသခင်၊ ဘုရင်ရာဇာ၊ ရာလမာယု၊ မင်းဟုသမိုက်၊ ဘိသိက်ကြိုက်ခါ၊ ဂေါစာဘိန္န ၁၆၊ သဓကကျမ်း၊ ကိန်းခန်းအရ၊ မိဘစံဇီ ၁၇၊ ဖြိုလီကြွင်းနှစ်၊ သကြစ်မဟာ၊ တရာသုံးခု၊ ပွင့်မူတွိကြုံ၊ ကဆုန်ပုဏ္ဏ၊ ဂေါတမဟု၊ ဗုဒ္ဓတံထွာ၊ ဖြစ်လာဟောကြား၊ လေးဆယ်ငါးဝါ၊ ရောက်တေခါကား၊ ရာလေးဆယ့်သျှစ်၊ ပြည့်ခိုက်ကဆုန်၊ နိကြုံအင်္ဂါ၊ နိဗ္ဗူတာသို့ ၊ မှန်စွာရောက်ဟိ၊ ခတ္တိငါးဆက်၁၈၊ မပျက်စဉ်လာ၊ စန္ဒသူရိယ၊ ဇီဝက၁၉ကိန်း၊ ဖြိုသိမ်းပြီးမှ၊ တစ်ကစလိုက်၊ သကြစ်လာ၊ သာသနာနှင့်၊ စဉ်လိုက်မပျက်၊ ဆယ့်ခြောက်ဆက်ခါ၊ သူရိယာစိတြ၊ ဓနဉ္စ ၂၀ ကိန်း၊ မယိမ်းဖြိုလေ၊ သုံးဆယ်နှစ်ဆက်၊ မပျက်ရောက်ဘိ၊ သိရိစန္ဒြ၊ ဥတ္တမ၂၁ ကိန်း၊ ဖြိုသိမ်းပေါင်းပြု၊ ဓါတုဋီကာ၊ ဂေါစာဂလော၊ ရောက်ကောမှန်စွာ၊ သာသနာနှစ်၊ အတိတ်ဖြစ်ခါ။ ထိုနှစ်မှာပင်၊ စိတြာပုဏ္ဏိ၊ ပဋိပါဒ ၂၂၊ ဆုတ်စတရက်၊ ယင်းနိထက်တွင်၊ မြသွင်မှိုင်းအိ၊ တန်ခိုးဟိသည်၊ ဘုမ္မိရွှီဆောင်၊ ဗွီထက်ခေါင်ကို၊ ညီအောင်ပြုကာ၊ ၀ိဟာတမျက်၂၃၊ လေးဘက်အညီ၊ ငါးဆောင်စီဖြစ်၊ တကျောင်းနှိုက်ဝယ်၊ ငါးဆယ်သံဃာ၊ တမျက်နှာဟု၊ နှစ်ရာ့ငါးဆယ်၊ လေးသွယ်ရဟန်း၊ သီဟိုဠ်ကျွန်းက၊ ဓူရနှစ်ဖြာ၊ ငါးရာစီမျှ၊ ကိုယ့်ပြည်မမှ၊ ဓူရတထောင်၊ ပင့်ဆောင်လုပ်ကျွေး၊ လှူပွဲကျင်းပ၊ လဂ်ကထူးဆန်း၊ နတ်နန်းတမျှ၊ တူစွရွှီကျောင်း၊ အပေါင်းများစွာ၊ သံဃာနှစ်ထောင်၊ ပင့်ဆောင်ပြီးမှ၊ စူလရေ၀၊ နာယကကား၊ ဓမ္မသဘင်၊ သင်္ဂါယနာ၊ တင်ရာအစ၊ ပဉ္စ၀ိနယာ ၂၄၊ ၊ နှစ်ရာ့ငါးဆယ်၊ သုတ္တံကျယ်တိ၊ နာဝိဧကာ ၂၅၊ ကိုးရာဆယ်တိ၊ အဘိဓမ္မာ၊ ကျမ်းလာသတ္တ၊ သျှစ်ရာ့လေးဆယ်၊ ဗုဒ္ဓဟောတိ၊ ပါဋိနယ၊ တာမြပတ္တာ၂၆ ၊ ကြီးဝါချပ်ပြား၊ နှစ်ထောင်အားဖြင့်၊ ရွီးထားသေချာ၊ တနှစ်ကြာအယ့်။ တဖြာဖွင့်ပြ၊ အဌကထာ၊ ၀ိနယာမှာ၊ ခုနှစ်ရာငါးဆယ်၊ သုတ်ဝယ်အလာ၊ ထောင့်ငါးရာတည့်၊ အဘိဓမ္မာ၊ ခြောက်ရာကိုးဆယ်၊ ဓိပ္ပါယ်ပေါင်းစုံ၊ အကုန်ဖော်ဟိ၊ ၀ိသုဒ္ဓိမဂ်၊ သျှင်ပျက်မရာ၊ လိဇ္ဇိာမှာနှိုက်၊ ချပ်ဖြစ်လေးဆယ်၊ ဒါယေ၀ိနိစ္ဆယ၊ ကင်္ခ၀ိတရဏီ ၂၇၊ ချပ်ရွီလေးဆယ်၊ နိကာယ်ငါးဝ၊ အဌကထာ၊ နှစ်နှစ်ကြာပြု၊ ပ-ဒု-တ-မှီ၊ စတုတ္ထီကျ၊ မဟိံသဟု၊ မည်ရသမိုင်း၊ ရခိုင်တိုင်းသို့၊ စိယ်ခိုင်းလီဘိ၊ မောဂ္ဂလိပုတ္တ၊ တိဿထေရ်သျှင်၊ သိခင်ရေ၀၊ ထေရ်ငါးဖြာ၊ ရဟန္တာရို့၊ ကြွလာထိုခါ၊ သူရိယာစက္က၊ ရို့ရာဇအား၊ ဟောကြားဒေသနာ၊ ဒေ၀ါဓူတံ ၂၈၊ သုတ္တံအဆုံး၊ လေးသောင်းလုံးမှာ ဓမ္မာစက္ခု၊ ရဟိမှုကြောင်း၊ လေးသောင်းရဟန်း၊ ကျွတ်တန်းဝင်ကြ၊ ထိုကစရွယ့်၊ သာသနာ့ဝန်ထမ်း၊ ရဟန်းသံဃာ၊ စဉ်လာပွားထ၊ သီဟဠနယ့်၊ ၀ါဒတူဘိ၊ ဂုဏသိင်္ဂိမှာ၊ ပတ္တာပဉ္စမီ ၂၉၊ ကြီးရွှီချပ်ပြား၊ ငါးထောင်အားဖြင့်၊ ရွီးထားသေချာ၊ သုံးနှစ်ကြာလျှင်၊ အောင်မြင်ပြီးစီး၊ သီရိစန္ဒြား၊ ကိုယ့်မင်းဖျားကား၊ ရုပ်ပွားပုထိုး၊ စေတီမျိုးနယ်၊ နောက်တိုးကန်တူး၊ ကောင်းမှုဖြာဖြာ၊ ပြည်ရွာခွန်ဘဏ်၊ ယွှပြန်တ၀က်၊ ရန်မျက်ကင်းငြိမ်း၊ မယိမ်းမယုတ်၊ ကြိုးကုပ်ဒါန၊ သီလတဖြာ၊ ဘာဝနာတရပ်၊ ၀ိပဿနာ၊ များစွာအားထုတ်၊ လောကုတ်သဘင်၊ မဂ်ပွဲဆင်သည်၊ ဖိုလ်ဝင်နိဗ္ဗာန်ရောက်ကြောင်းတည်း။

( -- ) နံပါတ်တပ်ထားသော စကားလုံးအဓိပ္ပါယ်များ
=========================
(၁) ၀ိဒွါသမုတ် - ပညာဟိသမုတ်သော
(၂) စတုယုဂ် - ယုဂ်လေးပါး
(၃) ကလိယုဂ် - ဆုတ်ယုတ်သောယုဂ်
(၄) ဒွါပရန် - ဒွါပရယုဂ်
(၅) တြေတာ - တြေတရာယုဂ်
(၆) ကတ - တတယုဂ်
(၇) အအဥအ၊ ရာဂီဘြု - ၄၃၂၀၀၀၀ ပိဋကတ်သချာင်္နည်း
(၈) ပြည့်လာဥဿုံ - အားလုံးပြည့်စုံသည်။
(၉) ဂိက္ခာဂိက္ခ - ၂၅၂၅ ကလိယုဂ်နှစ်- ပိဋကတ်သချာင်္နည်း
(၁၀) ယာယန - အသက်တရာတန်းကပ်
(၁၁) ဒေ၀ါမနု - နတ်-လူ
(၁၂) သြဆာဂါရ - ၂၅၇၀- ပိဋကတ်သချာင်္နည်း
(၁၃) သာခပုဏ္ဏမီ - ကဆုန်လပြည့်နိ
(၁၄) ဓာတုဋိကာ - ၁၁၆၉- ပိဋကတ်သချာင်္နည်း
(၁၅) န၀တြိသတ္တဂိ - ၃၇၃၉-ကလိယုဂ်ခေတ်
(၁၆) ဂေါစာဘိန္န - သက္ကရာဇ်ဖြိုခြင်း
(၁၇) မိဘစံဇီ - ၈၆၄၅- ပိဋကတ်သချာင်္နည်း
(၁၈) ခတ္တိငါးဆက် - ခတ္တိယအနွယ်မင်း ၅-ဆက်
(၁၉) ဇီဝက - ၁၄၈- ပိဋကတ်သချာင်္နည်း
(၂၀) ဓနဉ္စ - ၆၀၉- ပိဋကတ်သချာင်္နည်း
(၂၁)ဥတ္တမ - ၅၆၀ - ပိဋကတ်သချာင်္နည်း
(၂၂) စိတြာပုဏ္ဏိ၊ ပဋိပါဒ - တန်ခူးလဆုတ် (၁) ရက်နိ
(၂၃) ၀ိဟာတမျက် - တမျက်နှာ၌ ကျောင်းဆောင်
(၂၄) ပဉ္စ၀ိနယာ - ၀ိနည်းငါးကျမ်း
(၂၅)နာဝဧကာ - ကိုးရာတဆယ်
(၂၆) တာမြပတ္တာ - ကြီးကိုခတ်ထားသည့်အပြား
(၂၇)ဒါယေ၀ိနစ္ဆယ၊ ကင်္ခ၀ိတရဏီ - ၀ိနစ္ဆယ နှင့် ကင်္ခ၀ိတရဏီကျမ်းပေါင်း
(၂၈) ဒေ၀ါဓူတ - ဒေ၀ဓူတသုတ္တံဒေသနာတော်
(၂၉) ပတ္တာပဉ္စမီ - ငါးထောင်ကြီးပြားချပ် (ရွီတွက်) ထားခြင်း။

ပြုစုသူ (ဦးရွှေဇံ)
COPY ဦးဦးသာထွန်း Page

ဥက္ကာပျံ (၏) တဆယ့်နှစ်လရာသီရတု

ရခိုင်စာဆိုဥက္ကာပျံ (၏) တဆယ့်နှစ်လရာသီရတု (သာလှဦးမူ)

မင်းခမောင်းသည် အရှိဟံသာဝတီတိုင်းမှာနီ၍ သုံးနှစ်စိလျှင် ရခိုင်ပြည်သို့ ပြန်မည်အကြောင်းကို ကျွန်ယုံပညာဟိ ဥက္ကာပျံစာစီကုံး၍ မင်းခမောင်းကို တင်ဆက်တော်မူသော တဆယ့်နှစ်လရာသီ ရတုစာ။

(တစ်)

ဟေမံကုန်ပြောင်း။ လတပေါင်းသည် ချမ်းဆောင်းလွန်။ ဂိမ္မံသည်နွီကာလ။ တပေါင်းမင်းလွင်။ ရွက်ကြင်တောင်လီထက။ ႂကြီရြက္က်ပင္တကာ။ ပွင့်ရာနှုတ်ဆက်၊ ပင်တိုင်းပြောင်သည်။ ခြောက်ရောင်စိမ်းခြည်ဖြာလျှက်။ ကြည့်ခီသော်လွမ်းဖွယ်တိ။ ပွင့်သီးကာကာ။ ပင်တိုင်းမှာသည်။ ချိန်ခါအညီသိသို့။ ကြည့်သတိလွမ်းလောက်ဖွယ်။ တပေါင်းမင်းလွင်။ ရွက်ကြင်ရတုနွှယ်က။ ကုံးသွယ်ဟန်နှယ်မပြား။ ညှာစိမ်းရွှီတူ။ ငွီတူပန်းကြက်နားတည်း။ ဒေါနချတ္တရာ။ ဝေယာကျက်ရုံး။ ဂမုံးစံကား။ ဆပ်သွားဇီသ၀ါနှင့်။ နော်ဇာသည်ဇော်ဂျီပန်း။ ပွင့်မျိုးစုံစွာ။ ဇလတ္တာသည်။ ခတ္တာပန်းခေါက်ရမ်းနှင့်။ မြပန်းဖွေးလူလျှင်။ လီဗွီသင်းထုံး။ တောလုံးမွှီးကြိုင်လုမျှ။ မဉ္ဇူသည်ပန်းထင်ရှား။ ကွမ်းဘဲဆင်ငုံ။ ငွီတူပန်းချရားနှင့်။ ကုံးသွယ်ထားနှယ်အတူ။ ဟေမံချမ်းဆောင်း။ တပေါင်းအားကိုယူ၍။ သာနုဟူသည်ကံ့ကော်ပန်း။ ပွင့်မျိုးစုံစွာ။ ဂိမ္မံတပေါင်းဆန်း၍။ စွန်းစွန်းလည်းခူးဆွတ်ယူ။ ဆယ်ချောင်းထိပ်မိုး။ ဘုန်းလျှံကြိုးသည်။ ရှိခိုးပန်လှူ၏လေ။

(နှစ်)

ရှိခိုးတောင်းပန်။ ဘုန်းတက်သံကို ကျွန်လျှောက်မည်။ ရတုလည်းတပေါင်းကုန်။ အတာအစွန်း။ တန်းခူးဆန်းသော်။ အလွန်မီးနှယ်ပူ၍။ ခုတူစုံ မဖူးသာ။ ဟင်္သာဝတီ။ စစ်မြီသူ့ခန်းဝါ၌။ နီဖြူဝါသည်ပန်းမျိုးစုံ။ ဆွတ်စားရင်သောက်။ ခြင်းကောက်လှမျိုးစုံတည့်။ ထက်ရပ်ဘုံ လျှပ်ဝါပြ။ ပစ္စုန်ကျလာ။ သို့ချိန်ခါကို။ လွမ်းတော်မမူသိမ့်လော။ ရပ်ဝီးသူ့ရပ်မြီ။ တောရဂုံဝယ်။ ဖော်စုံကျီးငှက်မြည်က။ စိတ်သတိလွမ်းလောက်ဖွယ်။ မောင်လည်းသူ့ခွင်။ တာသဘင်ဝယ်။ မွှီးသျှင်မယ်နှင့်မတူတည်း။ များရပ်ကျူးဝီးမြီခေါင်။ ရက္ခမဏ္ဍိုင်။ ရခိုင်ပြည်ရောက်အောင်တည်း။ တန်းဆောင်သည် အမြင့်လော။ မြင့်မိုရ်ထွဋ်ခေါင်။ လေးယောက်မောင်သည်။ ဘုန်းခေါင်သိကြားမင်းလော။ ခုချက်ချင်းပို့ဆောင်လာ။ ရက္ခမှန်ဖူး။ မြောက်ဣရွှီပြည်သာ၌။ များစွာသည် ရွှီလှီပေါင်း။ သိင်္ဃနဒီ။ နန်းတော်ဆီဝယ်။ ရွှီမြီမင်းဆိပ်ချောင်း၌။ တသောင်းသောင်းပျော်စဉ်တွင်။ တူစုံရှုကြည့်ချင်သည်။ သင်္ကြန်အခါတည့်လေ။

(သုံး)

တန်ခူးကုန်ပြန်။ တာသင်္ကြန်လည်း လွန်လတ်သည်။ ခုဆန်းမည်ကဆုန်လ။ မောင်ကြောင့်စိတ်ပူ။ မွှီးသူတတတနှင့်။ စိမ်းမြပင်တကာ။ ပွင့်ရစ်နုဆောင်။ ပင်တိုင်းပြောင်သည်။ မြရောင်အလျှံဖြာသား။ ကြည့်ခီသော်လွန်းဖွယ်တိ။ ကဆုန်ရီသွန်း။ မိုးပန်းပွင့်လာဘိက။ စိတ်သတိညှိုးပူဆာ။ ခြိုးသားယင့်ယူ။ စိတ်ပူရောက်ပြန်လာက။ ဘုံမွိရာသလွန်ထက်။ ညည့်လေးယံမှာ။ တယံမျှမယ်မစက်တည်း။ ကြံတွက်စားနီစဉ်ခါ။ ကဆုန်စက်မိုး။ ထစ်ကြိုးသွန်ကျလာက။ မယ်လွမ်းသည့်အခါကို။ ပစ္စုန်ဘုံသျှင်။ ပြိုးပြက်ဆင်သည်။ ကောင်းခင်လျှပ်ရောင်ပြသား။ ရှုကြည့်ဘိခုချိန်ခါ။ သော်တာဖန်လောင်း။ ရောင်မောင်းတထောင်ဖြာသား။ ပွင့်လာသည်နီမင်းမြတ်။ အိန္ဒခေါ်တွင်။ ၀တိန်ခွင်ဝယ်။ မြင်းဆင်ရထားတပ်၍။ ချီလားကတ်အစဉ်တွင်။ မြင့်မှိုရ်လှည့်ပတ်။ ယုဂ္ဂံထွဋ်ဝယ်။ ချည်းကပ်လားလတ်ကျင်မှ။ ဘုန်းသျှင်သည် ပစ္စုန်နတ်။ မြပန်းမြပင်။ မြကုန်းဆင်သည်။ နတ်ရှင်မြင်းပျံလွှတ်က။ ဆွတ်ဆွတ်ပြုံးရယ်ရွှင်။ ဘယ်လက်ကလျှင်။ ဖန်ကြိမ်လုံးနှင့်ပင်တည်း။ လက်ယာတွင် စွဲသံလျှက်။ မိုးနတ်ဘုန်းသျှင်။ ကပွဲဆင်သည်။ ပျော်ရွှင်မြင်းနှင့်ထွက်က။ ပြိုးပြက်လျှပ်ရောင်ဝါ။ ကဆုန်စက်မိုး။ ထစ်ကြိုးသွန်ကျလာသည်။ မယ်ရို့လွမ်းရာဖို့လေ။

(လေး)

နတ်သားပစ္စုန်။ ကမြူးခုန်သည် ကဆုန်လွန်။ ပေါ်ဆန်းပြန်နံယုံလ။ သမုတ်လီရှင်။ တောင်လီတင်၍။ ကောင်းခင်မှိုင်းဝီပြသို့။ သွန်ဆင်းကျရွာပြန်လာ။ သောင်းကျွန်းဇမ္ဗူ။ လူသူမျိုးလေးပါးရို့။ ထွန်သွားရှာကျွဲနွားတပ်။ စုံခြီတောတောင်။ လုပ်ဆောင်ပျိုးစိုက်လတ်က။ ဆွတ်ဆွတ်လွမ်းလောက်ဝီ။ ကျီးငှက်သပြင်း။ မြီဝယ်နင်း၍။ မိနောက်ပျံလိုက်လီ၏။ မပျံလိုတတွတ်တွတ်။ တောင်ချင်းရုံ၍။ ဖော်စုံဝဲပျံကြ၏။ ချိန်ကာလနံယုံခါ။ မိုးလွန်ကုန်ပြောင်း။ ပင်တိုင်းပြောင်သည်။ လျှပ်ရောင်တ၀ါဝါနှင့်။ ကြည့်ခီသော်လွမ်းဖွယ်တိ။ မြင့်မိုရ်ယုဂ္ဂံ။ ချစ်ခြင်းဟန်ကြောင့်။ အကျွန်နီမချိတည့်။ စိတ်သတိလွမ်းလောက်ဖွယ်။ သလွန်ဘုံသာ။ စက်မွိရာမှာ။ ပဇောင်နီတတ်မည်ဟု။ မွှီးမယ်တော်သည်ဖော်သားချင်း။ ဤညည့်တွင်ဝယ်။ ဘုံခွင်သလွန်တွင်း၌။ စုံရစ်ယင်းချစ်ပန်ဆင်။ ညည့်ဝယ်မက်သည်။ အိမ်မက်ယောင်မထင်တည်း။ ကျီးကန်းပင်နိုးလတ်ငြား။ ၀န်းလည်မိုးကြိုး။ တပိုးသံသာကြား၏။ ကြက်များသောင်းသောင်းတွန်။ မောင်ကမလာ။ စက်မွိရာမှာ။ လိပ်ပြာပြလာဟန်သို့။ ကြိမ်ဆယ်ဖန်သည်တကာကာ။ နံယုံစက်မိုး။ ဖြိုးဖြိုးသွန်ကျလာသည်။ မယ်ရို့လွမ်းရာဖို့လေ။

(ငါး)

ဂိမ္မံကုန်လို့။ ၀ါဆိုဆန်းသည်။ မိုးကာလ ရောက်သည်မှန်။ ရွာစီးသံညံမစဲ။ အလိုလိုပင်။ မြပန်းဆင်သည်။ ကောင်းခင်ထစ်ရစ်ကြိုးမျှ။ လွမ်းဝှန်သဲစိတ်ဆာဝီ။ ခြောက်ပြစ်လွတ်စင်။ လှများသျှင်သည်။ မြစင်မောင်နှင့်ဝီးလျှက်။ လှအင်ညီသည်ပြာညို့ညို့။ အရည်ညာကင်။ တောရပ်ခွင်ဝယ်။ သျှင်ပင်ထေရ်ပေါင်းများရို့။ ၀ါဝင်ဖို့နီးလတ်ပြန်။ တဖန်နီနတ်မင်း။ မပေါ်လျှင်းသည်။ မိုးမင်းဆက်ပြင်းသွန်၍။ ဘုံဝေယံထက်သိကြား။ နှုတ်ထဲသွင်သွင်။ ပစ္စုန်မိုးနတ်သားကို။ မယ်ထိပ်ဖျားဆယ်ချောင်းတင်။ ဒေ၀ါမိုးမင်း။ ချက်ချင်းစဲစီချင်၏။ ဘုန်းသျှင်မာဃဒေ၀ါ။ ပစ္စုန်မိုးသည်။ ရွာရိုးဆက်သွန်လာက။ ချမ်းအီးမြဘုံသလွန်။ မောင်မဟိသည်။ စက်ရာတ၀က်ကျန်တည့်။ ချမ်းဝှန်သည်လွမ်းလောင်သဲ။ ပြစ်စက်မျက်ရည်။ မစဲတရွှဲရွှဲနှင့်။ ရွာလည်းဆိတ်မညံ။ တပိုးသံဝါ။ ဘောမှုတ်ကာသည်။ ဒုပ္ပာကြီးရိုက်ပြန်၏။ မောင်မဟိသည် မစက်တတ်။ သလွန်ဘုံသာ။ စက်မွိရာမှာ။ မစက်ပါဘဲ။ တယောက်မောင်ကြောင့်။ သိုင်ခေါင်လုံးလုံးလွန်တည်း။ ကြက်များလည်းသောင်းသောင်းတွန်။ တပိုးလင်းခွင်း။ ကြီးနင်းမောင်းခတ်သံနှင့်။ ဣသြတွန်ဖိုးခေါင်ကျူး။ မောင်ကြောင့်စိတ်ပူ။ မွှီးသူမအိပ်ဖူးတည်း။ လွမ်းမူးတကာကာ။ သံဝါဆန်းထူး။ ခေါ်ပျံ့ပျူး၍။ ကျီးငှက်မြူးတွန်လာသည်။ ၀ါဆိုအခါတည်းလေ။

(ခြောက်)

ဝါဆိုကုန်လို့။ ၀ါခေါင်ဆန်းသည်။ မိုးပန်းလျှာ။ ကျူးမြည်ကာမိုးနတ်သား။ ပစ္စုန်နတ်ရှင်။ မြင့်မိုရ်သျှင်သည်။ ထက်ခွင်မိုးသိကြားလည်း။ နှိုးဆော်ငြားဖန်ဆင်းပြန်။ ညည့်နိမကင်း။ ရွာထန်ပြင်းသည်။ မြစ်အင်းဆည်မြောင်းဝှန်မျှ။ တရက်မျှနီမပူ။ လေးဖြားယံဟုတ်။ မြစ်သမုဒ်က။ ငင်ထုတ်တောင်လီယူ၍ သျှစ်သောင်းဟူလေးထောင်ခြား။ မြင်းမိုရ်အရံ။ နတ်များဖန်သည်။ ယုဂ္ဂံတောင်ထိပ်ဖျားက။ မနားမနီလို။ လျှပ်ဝါပြီးသန်း။ သျှစ်ရပ်ဝှန်းသည်။ မိုးပန်းစိမ်းစိမ်းညိုမျှ။ အာကာကို စိုးပိုင်အုပ်။ မိုးနတ်ရွာလာ။ သျှစ်မျက်နှာလုံးကိုချုပ်၍။ ဆော်တီးမှုတ်ထစ်ကြိုးမြည်။ သူဇာလင်ရင်း။ သိကြားမင်းက။ ဖန်ဆင်းရွာစီတည်လော။ မယ်လွမ်းသည်အခါကို။ ယခုမလာ။ မိုးဒေ၀ါသည်။ ထက်မှာဘုန်းရိပ်ခိုသား။ မယ်ကြည်ညိုဝေယံသျှင်။ အိန္ဒာသက္က။ ပူရိန္ဒကို။ စောစွာဦးထိပ်တင်၍။ လျှောက်ကျင်လီသောအခါ။ မိုးလည်းထန်စွာ။ ရွာသွန်းလာသည်။ အဟံသာပါကြောင်းဟု။ ပွင့်လောင်းနတ်ဒေ၀ါ၊ နှစ်တိုင်ရွာရိုး၊ ပစ္စုန်ကြိုး၍။ စက်မိုးဇောင်မရွာတည်း။ ခုခါသည်စိတ်ဝမ်းနူး။ ရိုက်ရင့်ချီဝဲ။ လွမ်းဝှန်သဲသည်။ ရှိကနည်းထက်ပင်ထူး၏။ စုံမပူးမြင့်တာရှည်။ ၀ါခေါင်မိုးမင်း။ အချမ်းသွင်းလာသည်ကို။ ဘုန်းသျှင်တခီမှားလေ။

(ခုနှစ်)

ဝါခေါင်ကုန်လျှင်း။ တော်သလင်းလည်း၊ မိုးကြွင်းရွာပါလီမူ။ တောင်မြင့်ခေါင်ခေါင်။ ခတ်ဖောင်ဖောင်သည်။ ယာတောင်လုပ်သောသူရို့။ ကြည့်ခီမူပျော်ဖွယ်တိ။ မြရွက်မြဆင်။ ကျီးငှက်နှင်သည်။ ယာစင်တောင်တိုင်းဟိ၏။ စိတ်သတိလွမ်းဖွယ်ပင်။ ကိုင်းတခွင်လယ်လုပ်များ။ ကောက်စိမ်းဝင်းဝင်း။ တော်သလင်းလည်း။ ၀ါတွင်းလွမ်းဖွယ်များက။ ခြိုးသားဆွတ်ဆွတ်ကြူ။ ဣဒေါင်းတွန်ကျော်။ သာလိကာသည်။ လင်းပြာဆွတ်မျှကြူလျှက်။ ငှက်ဝါမူတဌာန။ တြင်းဆော်သည်။ လျှင်စွာရောက်ပျာလားဟု။ ကျူးမြည်ငြားလူသဏ္ဍာန်။ ပန်းရွက်ယူကုံး။ တရုမ်းရုမ်းသည်။ ပိတုံးပျားမကျန်တည်း။ ၀ဲပျံသည်တသောင်းသောင်း။ ခပ်သိမ်းရဂုံ။ ကမြူးခုန်သည်။ ဖော်စုံကျီးငှက်ပေါင်းရို့။ ကြည့်မညောင်းစိတ်ဆာဝီ။ လွမ်းသစ်လွမ်းဟောင်း။ လွမ်းကြောင်းမိုးနှယ်စွီ၍။ ခုရာသီတော်သလင်း။ နှစ်ပါးစုံလို။ ဘုံညိုမွိရာတွင်း၌။ တကိုယ်ချင်းနွှဲရစ်ကြင်။ ကိုယ်စားကွဲကာ။ သက်ထားလျှာသည်။ သော်တာမောင်လွမ်းကြင်ကို။ ဆွဲလိုင်တွင်မြဲနီငြား။ နှစ်ပါးစုံလို။ နတ်ဘုံကိုတမျှတည်း။ လွန်ဆယ်ဆတကာကာ။ တော်သလင်းသည်။ လျှင်ပြင်းခုကြုံလာ၏။ မယ်က၀ီဆာစွလေ။

(သျှစ်)

သူတော်မိတ်မှတ်။ လ၀ါကျွတ်သည်။ ဆန်းလတ်ခါ။ လူ့ရပ်မှာပွဲသဘင်။ ထမင်းထောင်နှင့်။ ပန်းထောင်ထီးကြီးပျင်၍။ သင်ပုန်းတင်တန်းပြက်ခတ်။ အဋ္ဌသီနှင့်။ ပဉ္စသီကို။ အညီစောင့်သုံးမှတ်၍။ ဒါန၀တ်စိတ်ကြည်ဖြူ။ မင်းပွဲသဘင်။ မြို့ပြင်တချို့လူက။ သီစာဟူသောက်ပြွန်းပြွန်း။ ကောင်းမှုလုပ်ဆောင်။ ထမင်းထောင်ကိုဝန်း၍။ လွန်ပျော်မှုဧသံချို။ လက်ခုတ်ဖြောက်ဖြောက်။ ခြင်းကောက်သံပြိုင်ဆို၍။ အလိုလိုသောသောရု။ ၀ါကျွတ်သဘင်။ ပျော်မှုဆင်သည်။ လူသျှင်အစုစုနှင့်။ ယစ်ဝမှုအွအံကာ။ တချို့ကိုလည်း။ တချို့ဆဲသည်။ တချို့ရန်ခိုက်ရှာ၍။ တချို့ကားပြစ်တင်ကုန်။ ပိန်းပေါင်းခရာ။ စည်ဒုပ္ပါနှင့်။ ပတ်သာမြို့လုံးဆူမျှ။ ကခြီဟူပတ္တလား။ စောင်းညှင်းပြီသာ။ တုရိယာသည်။ လူ့ရွာသဘင်များနှင့်။ တသောသောထမင်းထောင်။ လှိုင်ဂူထွတ်ထား။ ဘုရားပါးရောက်အောင်တည်း။ ကြိုးဆောင်သည်အစုစု။ သာဓုကြံကြံ။ ဆိတ်မညံသည်။ အသံတရုရုနှင့်။ ရွှင်ပျော်မှုအလီလီ။ ရာသီလေးလ။ ၀ါလည်းကျွတ်သည်။ နှင်းလည်းတ၀ီဝီနှင့်။ မြောက်ရပ်ဆီဟေ၀န္တာ။ လီညှင်းလည်းလာ။ မယ်လွန်းခါကို။ မောင်တော်မသိပါ၍။ ဣထိပ်မှာသည်လက်ဆယ်ချောင်း။ စုံရကြောင်းကို။ ခွင့်တောင်းလျှောက်တင်ပါသည်။ မကြာရောက်လာဖို့လေ။

(ကိုး)

တန်းဆောင်ဘုန်းလ။ ဟေမန္တသည် ချမ်းစပေါ်။ လူ့ရွာပွဲသဘင်။ သိကြားပျော်ရာ။ ၀တိင်္သာဝယ်။ စုဠာမုနိသျှင်ကို။ ဖူးမျှော်ကျင်ဆုယူမြောက်။ အတောင်သုံးဆယ်။ မြင့်ဖျိုးသွယ်သည်။ တန်းဆောင်ပုန်းတိုင်ဆောက်၍။ အာကာဟက်ကြိုးငင်။ ပြောင်ပြောင်ညီးသည်။ ဆီမီးပွဲသဘင်ကို။ တူစုံပင်ညှိရကြောင်း။ သျှစ်စရွတ်သည်။ ဓာတ်မွီသျှင်တော်ပေါင်းကို။ ဆုတောင်းမယ်လျှောက်ပြန်။ တစ်ဆယ့်နှစ်လ။ ကြိုးရွီချသည်။ တရက်မျှမကျန်တည်း။ အမှန်သည်တနှစ်တွင်။ ရက်ကိုရွီသည်။ သုံးရာခြောက်ဆယ်တွင်၌။ ဆယ့်နှစ်ခွင်ပတ်ငြားလည်။ ဇာနတ်ဖန်၍။ ပြန်စုံရပါမည်လည်း။ ဇောင်ချမ်းသည့်အခါကို။ တန်းဆောင်ဘုန်းလ။ မြောက်လီထက။ မယ်ချည်းစက်ဘုံ။ ဆယ်ထပ်ချုံလည်း။ မလုံအိုနတ်များရို့။ ဘုရားကိုတကာကာ။ အချမ်းတထောင်။ လွန်လည်းမှောင်သည်။ မောင်ကြောင့်မကြံသာတည်း။ နိတိုင်းသည်မပျော်ပိုက်။ ထမင်းရည်စာ။ မ၀င်ပါသည်။ ပူဆာသွီးလီဖြစ်၍။ တူဖက်ရစ်ဆွဲလိုင်တွင်။ နှံရာသက်ကို။ တရက်မျှမခွာချင်သည်။ ရာသက်ရှင်ကိုတည်းလေ။

(တဆယ်)

တန်းဆောင်ဘုန်းလွန်။ နတ်တော်ဆန်း၍။ ချမ်းရသည်။ လွန်မတည်စိတ်ဗျာယ။ မယ်ချည်းစက်ဘုံ။ ဆယ်ထပ်ချုံလည်း။ မလုံအိုနတ်များရို့။ တူနှစ်ပါးစုံရစီ။ ဆယ်ချောင်းထိပ်တင်။ ဝေယံသျှင်ကို၊ မိခင်လျှောက်တင်ခီလည်း။ သဇင်ပေါ်ထွန်း၊ နတ်တော်ဆန်းသည်။ အချမ်းအံ့ဖွယ်ထူး၏။ ခုတမူချမ်းဝှန်တိုး။ ချမ်းခြင်းဆိုးသည့်။ နှစ်မျိုးနှင့်ပင်မတူတည်း။ အတူသည် စုံလို၏။ စက်ဘုံထဲတွင်း။ အချမ်းပြင်းသည်။ ချမ်းခြင်းဆိုးလာသည်ကြောင့်။ မယ်ဆောက်တည်မရအောင်။ စက်ဘုံထဲဝယ်။ ရီခဲရီကျိုင်ဆောင်သို့။ မျက်တောင်များမယှက်ချင်။ ဖျားနာရီးထက်။ လွမ်းရီးခက်သည်။ ချစ်ဖက်မောင်ဟိသွင်သို့။ ရှိဖြစ်ကြောင်းနှင့်မညီ။ သိကြားဘုံသျှင်။ သူဇာလင်သည်။ အမြင့်တထောင်ဟိသား။ ကိရိယာတောင်မြင့်မိုရ်။ အထွတ်တင်သည်။ သခင်နတ်မင်းကိုလော။ ကြိမ်ဖန်ဆိုလျှောက်သော်လည်း။ ပန်းမွိရာမှာ။ မပျော်စိုးရိမ်သဲ၏။ ကိုယ်ချည်းမနီကဲ့။ သြော်နတ်များရို့။ ကိုယ်ချင်းမစာသည်ကြောင့်။ ဇောင်ချမ်းသည့်အခါကား။ ရင်ထက်လက်တင်။ ပန်းကြာသွင်နှင့်။ တူပင်ပျော်ရလို၏။ ဆယ်ဖြာလက်ကို။ ပန်းပွင့်ဟံမမာသို့။ ပေါင်း၍သာဣတင်မှတ်။ ထက်အာကာမှာ။ စူဠာမုနိဓာတ်နှင့်။ ဤသောင်းရပ်ဇမ္ဗူတွင်။ ကိုယ်စားတော်သည်။ မဟာမုနိသျှင်ကို။ တိုင်လျှောက်ကျင်ဆုတောင်းခါ။ ချမ်းဝှန်လွန်သက်သာသည်။ ပြာသိုလ်ဆန်းလာဖို့လေ။

(ဆယ့်တစ်)

နတ်တော်ကုန်လို့။ ပြာသိုလ်လ၀န်း။ ပြောင်ပြောင်ထွန်း၍ဆန်းလတ်သည်။ လွန်မူသည်အချမ်းပြင်း။ ခုနှစ်ပြာသိုလ်။ ဤဆောင်းကိုလည်း။ အလွန်ချမ်းဝှန်သဲ၏။ ဆောင်းချင်းချင်းနှင့်မတူ။ မြောက်လီပျံ့လျှင်း။ အချမ်းပြင်းသည်။ ဆီးနှင်းကြွီကျသွင်သို့။ ဆောင်းအဟံသည်ချမ်းဝှန်သဲ။ ရွှီနန်းသလွန်ထဲ၌။ စုံလိုင်ရွှဲနွှဲယှက်တင်။ ခြောက်ပြစ်လွတ်သည်။ မိုးနတ်ကြယ်လသွင်သို့။ လှဆင်းဝါသည်နတ်တရှိ။ ချစ်ဖွယ်ဟိသည်။ မချိအောက်မိသည်တည်း။ (တချပ်ပျောက်)

(ဆယ့်နှစ်)

ရာသီကုန်လွဲ။ တပိုးထွဲသည် လွမ်းဖွယ်ပင်။ ပျော်ရွှင်လူ့ရပ်မြီ၌။ ရထားသဘင်။ နှစ်စဉ်ငင်သည်။ သောင်းခွင်ဤလူ့ပြည်ထက်။ ရွှင်ပျော်ဖွယ်လူရို့၌။ ရာဇဌာနီ။ မင်းနီပြည်ဝယ်။ ထိုထိုဇနပုဒ်၌။ ကျူးသံရိုက်ထိန့်ထိန့်ဆူ။ သမုတ္တရာ။ ယမုန္နာသည်။ သီတာချောင်းနှင့်တူသို့။ များသျှင်လူကျော်သောင်းသဲ။ ရထားသဘင်။ ရဟတ်ငင်သည်။ ဝေဟင်မြီကြီးကွဲမျှ။ များသျှင်လူသောင်းသောင်းရှု။ ပိန်းပေါင်းခရာ။ စည်ဒုပ္ပါသည်။ ပတ်သာမြို့လုံးဆူ၏။ ဟာငင်ကုန်ဆွဲရာဆွဲ။ လက်လည်းအညီ။ ကြိုးစီကြိုးစားဆွဲလော။ တချို့လည်းရထားပေါင်။ ပါးဝယ်မျှောင်၍။ ဟာမွှီးမောင်ညီယောက်ဖ။ ကိုယ်ချင်းဖော်ရွှီ။ အားထုတ်ခီလော။ ရွှန်းကိုမြဲကြစီလော။ ကိုယ့်ဖက်ဖော်ရွှီ။ ညီအစ်မ။ အမေရောက်မ။ ကြိုးကိုရွန်းဖျားဆွဲလော။ လလည်းဝင်းဝင်းပြောင်။ သန်ခေါင်ညည့်ကြီး။ ရင်ဖတ်တီး၍။ ကြက်ကြီးတွန်လတ်ယောင်တည်း။ မျက်တောင်မျှမယှက်ချင်။ သူ့ရွာစုံစီ။ လာမည့်နိကို။ တင့်နည်းရာရာဆင်၍။ တချို့လည်းမြူးစံပယ်။ ရာသီကျူး၍။ နှစ်ဦးတိုင်လတ်သည်တည်း။ သျှစ်သောင်းဟူလေးထောင်ခြား။ မြင်းမှိုရ်အရံ။ နတ်များစံသည်။ ယုဂ္ဂံတောင်ထိပ်ဖျားက။ စက်ရထားနီဗိမှာန်။ ဟေမန်ချမ်းဆောင်း။ အလှည့်ပြောင်း၍။ တပေါင်းဆန်းမည်ကြံလော။ ကမြူးတွန်ကျီးငှက်ပေါင်း။ တောင်ချင်းရုံ၍။ တူစုံငှက်အပေါင်းလည်း။ သောင်းသောင်းဝဲကာပျံ။ ဖြူနီပြာဝင်း။ ရဂုံတွင်းဝယ်။ ပန်းများပွင့်မည်ကြံ၏။ ညှာစိမ်းဆတ်သွား။ ပန်းစံကားသည်။ ကြွက်နားဒန်းသလွန်တည်း။ မညှိုးပန်းချတ္တရာ။ ဝေယာကြက်ရုံး။ သီးမြော်ကုံးသည်။ ဂမုံးဇီသ၀ါနှင့်။ ရွှီတူသာဇော်ဂျီပန်း။ မြတ်လေးကြန်ဇာ။ ဇလတ္တာသည်။ ညီညာပင်လုံးမွှမ်းမျှ။ ကြိုင်အီးပျံ့ပင်တကာ။ ရဂုံတောခွင်။ များဖျင်ပွင့်မုံလာသည်။ တပေါင်းဆန်းလာ၏လေ။

ဥက္ကာပျံ၏တဆယ့်နှစ်လရာသီရတု ဤတွင်ပြီးဆုံးသည်။ ရခိုင်ပေါင်းကူး (သာလှဦး) ကောင်းမှုတော်ဖြစ်ပါသည် ဘြရား။ ခရစ်သက္ကရာဇ် (၂၀၁၈) ခုနှစ် ဒီဇင်ဘာလ (၂၃) ရက် တလင်္ဂုနီနိ နိခြင်း လေးချက်တီး သုံးဆယ့်ငါးမိနိတွင် အကြမ်းပြီးစီးသည်။

Wednesday, October 31, 2018

နွားကျောင်းသား

နွားကျောင်းသား
============

မိုးထမှုန်ရီ နှင်းဝီ၀ီနှင့်
တောင်ခြီကမ်းနား
စုံပန်းမြိုင်ကေ ကမ်းပိုင်ချောင်းမှာ
နွားကျောင်းလားရေ --။

ပေါက်ဖက်ခမောက်
ဂေါက်တိုတို အဂြိုကားကား
ဂေါင်းမှာဆောင်းပျာ
နွားကျောင်းလားရေ --။

ထမင်းထုပ်ကို
ဒုတ်မှာချိုင်လို့ ယိုင်ပီယိုင်ပါး
တလင်းပြင် တောင်ခွင်နားမှာ
နွားကျောင်းလားရေ --။

နီပူတောက်တောက်
ရှောက်ခြုံအောက်မှာ
ဒူးချေကိုထောက်
ပေါက်ဖက်မှာတင်
(ထမင်းထုပ်) ကို ၀မ်းညင်ညင်နှင့်
တ၀ ငင်ရေ --။

ထမင်းဆီယစ်လို့ ငိုက်လို့လည်းလာ
သပေါက်မပါ ဖျာမပါကေ
အချာပါးပါး
မျက်နှာလည်းသုတ် ခြီလည်းသုတ်တေ
ဒယွားစုတ်ကို အောက်မှာလွှားလို့
ကမ်းနားပေါက်ပင် ခမောင်းပင်မှာ
ဂေါင်းတင်လို့အိပ်
မျက်စိနှိတ်ကေ အိပ်လို့လည်းပျော်
နတ်သမီးငါးရာ လာလို့ဖျော်ရေ
သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ --။ ။

(သာလှဦး)(မြောက်ဦး)
အောက်တိုဘာလ (၃၁) ရက်။ 2018 (ဗုဒ္ဓူးနိ)

Friday, July 21, 2017

ရခိုင်သာစွလေ လင်္ကာ

ရခိုင်သာစွလေ လင်္ကာ
================

၁ ။ သာစွလေ ။ ။ ရွှီပြည်မဏ္ဍလာ ၊ ရက္ခာပူရ ၊ တိုင်းဓညဟု ၊ နာမသညီ ၊ သောင်းရပ်မြီထက် ၊ ရှိဆီပြုဗ္ဗာ ၊ အာကာမှီဆိုင်း ၊ တောင်ပြိုင်ပြိုင်းနှင့် ၊ ပြည့်လှိုင်းကြက်သရေ ၊ ဖြိုးဖြိုးဝေသား ၊ အောင်စည်ညံညံ ၊ ကိုယ့်နိုင်ငံလျှင် ၊ ကြံအင်ဖုံဖုံ ၊ ပြီးပြည့်စုံ၍ ၊ ပေါင်းဆုံဝတီ ၊ လေးရပ်ညီနှင့် ၊ နဒီလေးစင်း ၊ စုံစီးဆင်းလျှက် ၊ ခပင်းရန်သူ ၊ မပြူကင်းဝီး ၊ ရီယောင်အီး၍ ၊ ဝီးနီးပြည်ရွာ ၊ ရပ်ဒေသာက ၊ ပဏ္ဏာများမြောင် ၊ ဆက်ပို့ဆောင်သား ၊ မြရောင်စိုရွှန်း ၊ ဇဗ္ဗူကျွန်းဝယ် ၊ တည်ထွန်းသာသနာ ၊ သင်္ချာများမြောင် ၊ နှစ်ငါးထောင်တည့် ၊ စိအောင်တည်ရာ ၊ ဗျာဒိတ်မှာသည် ၊ ရက္ခာမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ။ သာစွလေ ၊ ရခိုင်သားလေ …. သာစွလေ ။

၂ ။ သာစွလေ ။ ။ ရွှီပြည်ရက္ခာ ၊ မြကျွန်းသာထက် ၊ ဓညာမြို့ကြီး ၊ စည်နှင့်ထီးကို ၊ ပြီးစီးခန့်ရှည်၊ ဦးစွာတည်သည် ၊ ခေါ်မည်တွင်ပြု ၊ မာရယုနှင့် ၊ မင်းစုစဉ်ဆက် ၊ နွယ်မပျက်ဘဲ ၊ ဖွင့်လျှက်ထီးဖြူ ၊ ကြငှာန်းထူလျှက် ၊ များလူတကာ ၊ ဦးညွတ်ရာသည် ၊ စန္ဒာသူရိယ ၊ မင်းလှရာဇာ ၊ စိုးသောခါဝယ် ၊ မြတ်စွာဗုဒ္ဓ ၊ ပြည်ဓညသို့ ၊ ချီကြွပြီးမှ ၊ ဝေနေယျအား ၊ မိတ္တာပွါး၍ ၊ တရားရီအီး ၊ အမြိုက်ဆီးကို ၊ တိုက်ပြီးမှလျှင် ၊ ပြန်လီကျင်၍ ၊ ရပ်ခွင်အားလုံး ၊ မိတ္တာဖုံးသည် ၊ ကျွန်းလုံးမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာစွလေ ။ ရခိုင်သားလေး ……. သာစွလေ ။

၃ ။ သာစွလေ ။ ။ ရွှီပြည်အောင်ချာ ၊ မြို့ဝေသာဟု ၊ ခေါ်ကာပြုထ ၊ ပြည်ချက်မကို ၊ စိုးရသနင်း ၊ အမင်းမင်း၏ ၊ ဝပ်စင်းမှီရာ ၊ ဘုန်းအာဏာနှင့် ၊ မဟာသူရိယ ၊ စန္ဒာရဟု ၊ နာမဘွဲ့ပြု ၊ ကြီးထုတေဇာ ၊ စောနရာလျှင် ၊ ရိန္ဒမာလှံ ၊ မိုးဝယ်ပျံနှင့် ၊ ဆဒ္ဒန်ဆင်လှ ၊ စိုးပိုင်ရပြီး ၊ ဖြူထီးဆောင်းကာ၊ ရတနာမိုး ၊ ရွာသွန်းဖြိုးခဲ့ ၊ ဆင့်တိုးတဖြာ ၊ သာသနာလျှင် ၊ ရောင်ဝါနီသို့ ၊ တောက်ထွန်းမြို့လျှင် ၊ ဆောင်ပို့ခမာ ၊ နိဗ္ဗူတာသို့ ၊ လားရာစခန်း ၊ တူလှလွန်းသည် ၊ တည်ထွန်းမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ … သာစွလေ ။

၎ ။ သာစွလေ ။ ။ ရွှီပြည်သာမို့ ၊ ဝေသာမြို့ဝယ် ၊ ပိတ်ဆို့မှိုင်းအိ ၊ တန်ခိုးဟိသည် ၊ ဘုမ္မိရွှီတောင် ၊ ဗွီထိပ်ခေါင်ကို ၊ ညီအောင်ပြုခါ ၊ မြတ်နေဇာဖြင့် ၊ စန္ဒာသီရိ ၊ ဘွဲ့မည်ဟိသည့် ၊ ကြီးဘိစွမ်းအင် ၊ ထိုဘုရင်လျှင် ၊ စင်ကြည်သာသနာ ၊ တည်စိမ့်ငှာဟု ၊ သင်္ဂါယနာ ၊ ထပ်တင်ပါက ၊ စူဠာရေဝ ၊ နာယကတည့် ၊ ဓမ္မသဘင် ၊ ပွဲလယ်ခွင်၌ ၊ အသွင်ကေသရာ ၊ ဝင့်ဝါရဲရင့် ၊ ဂုဏ်သိရ်တင့်ခဲ့ ၊ ထပ်ဆင့်၍သာ ၊ ထိုရာဇာပင် ၊ ကောဇာတွင်လစ် ၊ သက္ကရာဇ်ကို ၊ ခေါ်ဆိုဥတ္တမ ၊ ဖြိုကိန်းကျ၍ ၊ ခ ဆ ပဉ္စာ ၊ ကိန်းသင်္ချာနှင့် ၊ ညီစွာမသွယ် ၊ ဖြိုလိုက်ပေသည် ၊။ ဘုန်းကြွယ်မဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ …. သာစွလေ ။

၅ ။ သာစွလေ ။ ။ ရွှီပြည်ဝေသာ ၊ နောက်မှာတဖြာ ၊ စူဠာစန္ဒရား ၊ မင်း၏သားလျှင် ၊ လူများခေါ်တွင် ၊ ငမင်ငဲတုံး ။ လူထိပ်ဘုန်းကား ၊ လက်ရုံးထက်မြက် ၊ စမ္ပဝက်ကို ၊ ဖြူရွက်ဖြန့်မိုး ၊ နှင်းလာစိုးက ၊ မိုးကြိုးကန်သာ ၊ ရီအောက်မှာ၌ ၊ ရောက်လာနဂါး ၊ စောင့်ကာထား၍ ၊ သိကြားပီးသည် ၊ ပိတောက်စည်လည်း ၊ တီးမြည်သံကြောင့် ၊ ပုဂံထွားညက် ၊ သျှမ်းလည်းပျက်ဟု ၊ ရှိဆက်စကား ၊ ဆင့်ဆင့်ကြားခဲ့ ၊ ကြီးမားတေဇာ၊ သျှင့်အာဏာကား ၊ တကမ္ဘာလုံး ၊ ဝှန်းယက်ခြုန်းသည် ၊ မြတ်ဘုန်းမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ …….. သာစွလေ ။

၆ ။ သာစွလေ ။ ။ ရွှီပြည်သာယာ ၊ မြို့ပဉ္စာထက် ၊ စိုးလာသည့်မင်း ၊ ခေတ္တသင်းဟု ၊ ထန်ပြင်းတေဇာ ၊ ဘုန်းပညာကြောင့် ၊ ပြည်ရွာအစိုး ၊ ရီခမိုးသို့ ၊ အီးလို့ငြိမ်ငြိမ် ၊ ထက်ဝတိံနှင့် ၊ စံချိန်တနှုန်း ၊ ပျော်မဆုံးအောင် ၊ သျှင်ဘုန်းထက်ဝှန် ၊ ပြည့်စုံလွန်ခဲ့ ၊ တတန်သာသနာ ၊ ပြည်ရွာမှာကား ၊ ဖန်ဝါအရောင် ၊ ထွန်းလင်းပြောင်ခဲ့ ၊ ဦးဆောင်ဗန္ဓဝ ၊ ကောဏ္ဍညနှင့် ၊ နောက်မှစဉ်ဆက် ၊ မပျက်စိုက်စိုက် ၊ ထပ်ချပ်လိုက်သည် ၊ စရိုက်ဘာသာ ၊ သာသနာ၏ ၊ ကောင်းရာအကျိုး ၊ ထမ်းဆောင်ပိုးသည် ၊ အကျိုးမျှော်ထ ၊ နန္ဒိယနှင့် ၊ ပဒုမအသျှင် ၊ ပေါ်ထင်ရဟန္တာ ၊ မြတ်သံဃာတို့ ၊ ပဉ္စာမြို့ထက် ၊ ထွန်းပေါ်ထွက်သည် ၊ မျိုးဆက်မဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာစွလေ ။ ရခိုင်သားလေ …. သာစွလေ ။

၇ ။ သာစွလေ ။ ။ ရွှီပြည်စမ္ပဝက် ၊ ယင်းပြည်ထက်တွင် ၊ မင်းဆက်တဆယ် ၊ စိုးခါဝယ်၌ ၊ ကြံစည်လှည့်ပတ် ၊ ပုန်ကန်သတ်၍ ၊ အမတ်သင်္ခယာ ၊ မည်သာတချက် ၊ ဝရောင်းငှက်ဟု ၊ သုံးဆက်စိုးကာ ၊ မင်းပြုလာ၏ ။ ထိုခါချိန်ဝယ် ၊ မျိုးနွယ်သကျ ၊ မင်းရဲဘယ ၊ ပေါက်ညိုမြနှင့် ၊ ချီကြွရှိပြည် ၊ ဆွေနှစ်မည်တွင် ၊ သားသည်တစိုက် ၊ ဖွားမြင်လိုက်သည် ၊ ရင်နှစ်သည်းချာ ၊ ရွှေကူသာနှင့် ၊ လက်ယာမင်းနန် ၊ နန်းရိုးမှန်လျှင် ၊ တဖန်မြို့သစ် ၊ တည်ထောင်လှစ်က ၊ နှစ်ချစ်ပြည်သူ ၊ စိတ်ကြည်ဖြူ၍ ၊ မှတ်ယူတသီး ၊ နန်းရွှီထီးကား ၊ ဘုန်းကြီးဂုဏ်သိရ် ၊ မြို့ပရိန်ဟု ၊ ကျော်သျှိန်မိုးဝှန်း ၊ အံ့မခန်းသည် ၊ သစ်ဆန်းမဏ္ဍိုင် ၊ ရခိုင်သားလေ ၊ သာစွလေ ။

၈ ။ သာစွလေ ။ ။ ရွှီပြည်ဘုန်းနန်း ၊ နီနှယ်ထွန်း၍ ၊ မြကျွန်းဇမ္ဗူ ၊ သောင်းရပ်ငူထက် ၊ ဆူဆူမင်းတို့ ၊ ခွန်ဆက်ပို့သည် ၊ နတ်သို့ဘုံနှယိ ၊ မျိုးနွယ်မပျက် ၊ မင်းဆက်ဆက်လျှင် ၊ ဖြူရွက်ဖြန့်မိုး ၊ ပိုင်လာစိုးက ၊ တန်ခိုးကြီးဘိ ၊ မင်းကောလိယ ၊ ထိုရာဇလျှင် ၊ ငရကောက်မော် ၊ တောင်ကုန်းပေါ်ထက် ၊ ရုပ်ရှင်တော်ကြီး ၊ မဟာထီးကို ၊ တည်ပြီးကိုးကွယ် ၊ နိဗ္ဗာန်ရွယ်သည် ၊ ဘုန်းကြွယ်မဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ …. သာစွလေ ။

၉ ။ သာစွလေ ။ ရွှီပြည်ဘုန်းလူ ၊ ကျွန်းဇမ္ဗူထက် ၊ ထီးဖြူကြက်၍ ၊ မင်းဆက်စဉ်လာ ၊ ဒသရာဟု ၊ မဟာနွယ်မျိုး ၊ မင်းလျှင်စိုးက ၊ တန်ခိုးမိုးဝှန် ၊ ဘုန်းတော်လွန်၍ ၊ အပ်နှံသိကြား ၊ လှဲနှင့်မြှားကို ၊ လျင်လျားမကြာ ၊ ပီးဆက်လာက ၊ ဒီပါကျွန်းခွင် ၊ မင်းလျှင်အစစ် ၊ ဧကရာဇ်ဟု ၊ တွင်ရစ်ဥဒါန်း ၊ အမည်ထွန်း၍ ၊ ထီးနန်းရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ လွန်ချမ်းသာခဲ့ ၊ တဖြာနဂရ ၊ ပြည်ချက်မ၌ ၊ တန္တမုဒိန်း ၊ မှုခပ်သိမ်းလည်း ၊ ကင်းငြိမ်းယှင်းယှင်း ၊ ရွှီပြည်တွင်းဝယ် ၊ သီတင်းသီလ ၊ စောင့်ထအမြဲ ၊ ရာသီပွဲလည်း ၊ ဆင်နွှဲခါခါ ၊ ရက်မခြာတည်း ၊ ရာဇာမင်းလှ ၊ နရိန္ဒလည်း ၊ ရာဇဘိသေကံ ၊ ဘိသိက်ခံ၍ ၊ တရံကောင်းမှု ၊ ကုသိုလ်ပြုသည် ၊ ပေါင်းစုကြည်ဖြူ ၊ များဗိုလ်လူနှင့် ၊ ပြည်သူခပင်း ၊ ဦးညွတ်ခြင်းငှာ ၊ မဟာမုနိ ၊ ကြီးဘိဘုန်းတော် ၊ မြတ်ရှင်ကျော်ကို ၊ သင့်လျော်နီရာ ၊ မြတ်ကုန်းသာ၌ ၊ ထပ်ကာတည်ထား ၊ ကုသိုလ်ပွါးသည် ၊ စည်ကားမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာစွလေ ။ ရခိုင်သားလေ … သာစွလေ ။

၁၀ ။ သာစွလေ ။ ။ ရွှီပြည်လောင်းကြက် ၊ ဘုမ္မချက်ဝယ် ၊ ဘုန်းကြက်သရေ ၊ မိုးနှယ်စွေသား ၊ မျိုးနွယ်မပျက် ၊ စဉ်လာဆက်၍ ၊ ဖြူရွက်ဖြန့်မိုး ၊ နှင်းလာစိုးသည် ၊ တန်ခိုးစွမ်းအင် ၊ ကိုယ့်ပြည်သျှင်ကား ၊ ခေါ်တွင်မင်းထီး ၊ ဘုန်းကြီးလွန်ကျော် ၊ လွန်ထင်ပေါ်သား ၊ တေဇော်ထန်ပြင်း ၊ အမင်းမင်း၏ ၊ ဦးကင်းထက်ဝယ် ၊ စိုးအုပ်သည်က ၊ နောက်ပြည်ဘင်္ဂါ ၊ ဆယ့်နှစ်ရွာလည်း ၊ ပိုင်ကာသိမ်းသွင်း ၊ ဂုဏ်ရောင်လင်းခဲ့ ၊ တသင်းပြည်ရွာ ၊ အရှိမှာကား ၊ မိစ္ဆာဂီရိ ၊ သရက်ထိလျှင် ၊ ကြီးဘိအာဏာ ၊ လွှမ်းမိုးပါ၏ ။ ဆင်မှာဖြူလွှ ၊ ဆဒ္ဒန္တကို ၊ ပိုင်ရစိုးလျှက် ၊ ငရဲခက်ဟု ၊ လှံချက်တရာ ၊ ကာနိုင်စွာသား ၊ မည်သာအောင်ရပ် ၊ အချင်းမှတ်ရာ ၊ သာသနာလျှင် ၊ ရောင်ဝါနီသို့ ၊ တောက်ထွန်းမြို့ဟု ၊ ဆောင်ပို့မှန်စွာ ၊ ပြည်နိဗ္ဗာသို့ ၊ လားရာစခန်း ၊ တူလှလွန်းခဲ့ ၊ ပြည့်လျှမ်းသဒ္ဓါ ၊ စေတနာဖြင့် ၊ မြတ်စွာဗုဒ္ဓ ၊ သရီရဓာတ် ၊ ကိန်းဝပ်စံပျော် ၊ စေတီတော်နှင့် ၊ သုံးဖော်သာသနာ ၊ ထွန်းစိမ့်ငှာဟု ၊ ပြည်ရွာအတွင်း ၊ ဖီးမျိုးကင်း၍ ၊ ခပင်းပြည်သူ ၊ တောင်းဆုယူရန် ၊ ဆူဆူဘုရား ၊ တည်လက်ထားသည် ၊ ထွန်းကားမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ။ ရခိုင်သားလေ ……… သာစွလေ ။

၁၁ ။ သာစွလေ ။ ။ ရွီပြည်ဘုံသာ ၊ တိုင်းရက္ခာ၌ ၊ တေဇာသျှိန်ပြင်း ၊ တရားမင်း၏ ၊ ဝပ်စင်းမှီရာ ၊ ခံထိုက်စွာသား ၊ မဟာနရိန် ၊ မင်းရာဇိန်တို့ ၊ ကြိမ်ကြိမ်ထပ်ထပ် ၊ စိုးပိုင်လတ်၍ ၊ နွယ်မြတ်စဉ်လာ ၊ ကမ္ဘာတလျှောက် ၊ မပျောက်မတိန် ၊ မျိုးမမှိန်ဘဲ ၊ ဒေဝိန်ပြည်နှုန်း ၊ ပျော်မဆုံးအောင် ၊ ရွှင်ပြုံးပြည်သူ ၊ စိတ်ကြည်ဖြူ၍ ၊ ဆူဆူဘုရား ၊ တည်လျှက်ထားကာ ၊ အဉ္ဇနာနဒီ ၊ ခေါ်ညီတွင်ထ ၊ ထိုမြစ်မ၏ ၊ ကမ်းစနဖူး ၊ မြီသန့်ထူးဝယ် ၊ ကျွန်းဦးမည်ခေါ် ၊ သောင်းခေါင်မော်နှင့် ၊ ဓာတ်တော်ပါးပျိုင်း ၊ အံ့လှိုင်းဦးခိုင် ၊ ဘုန်းလှိုင်ထင်ပေါ် ၊ လက်မတော်ဟု ၊ တွင်ခေါ်တလီ ၊ ပါးရီနားရီ ၊ မြတ်စေတီတို့ ၊ အညီသင့်လျော် ၊ တည်လတ်သော်က ၊ ဖူးမြော်လူများ ၊ ကုသိုလ်ပွါခဲ့ ၊ တခြားမှတ်ရာ ၊ လေးမြို့မှာကား ၊ ဦးစွာစမ္ပဝက် ၊ တချက်ပဉ္စာ ၊ မည်သာကျော်သျှိန် ၊ မြို့ပရိန်နှင့် ၊ မမှိန်ထင်ရှား ၊ ထပ်ဆင့်ပွားသည် ၊ တခြားလောင်းကြက် ၊ ဂုဏ်သိရ်တက်ခဲ့ ၊ ပြည်ထက်နဂိုရ် ၊ မှီခိုသူများ ၊ စဉ်လာများသည် ၊ နွားလားသင်းစု ၊ ခုနစ်ခုမွီး ၊ သင်္ချာရွီးသော် ၊ ဘုန်းမီးလွန်စွာ ၊ ပြည်ရက္ခာသည် ၊ သာသနာမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ ….. သာစွလေ ။

မှတ်ချက် ။ ။ စူဠရေဝ = သင်္ဂါယနာတင်ရာ၌ နာယကဦးဆောင်ဖြစ်သည်။
ဥတ္တမကိန်း = ၅၆၀ ခုနှစ် ၊ ပိဋကတ်သင်္ချာနည်းအရ ကောက်ယူသည်။
ငရဲခက် = မင်းထီးဘုရင်၏ စီးတော်ဆင်ဖြူဖြစ်သည်။
နွားလားသင်းစု ၊ ခုနစ်ခုမွီး = ၇၄၆၃၂၇၂၅ ယောက် ၊ ရှိခေတ်ရခိုင်ပြည်၏လူဦးရေ။

Credit ရခိုင့်ဗဟိုပြု အတွေးအမြင်နန့် သိမှတ်စရာ

Saturday, July 30, 2016

တန်းဆောင်ဘုန်း

တန်းဆောင်ဘုန်း
=========
ခဝဲဝင်းဝါ ပွင့်ပြန်လာကေ
သီကာလည်းကုံး တန်းဆောင်ဘုန်း
သျှင်ဖုန်းသင်္ဃာ ကျောင်းဝိဟာ၌
ကထိန်လည်းကပ် မယ်ရို့ မှာလေ
ပျော်ပါးကတ်မေ လုံပျိုမယ်
အရွယ်ချင်းချင်း ရွဲ့သာခြင်းနှင့်
လမင်းစန္ဒာ လောင်းရိပ်သာတွင်
ပျော်ရာတကြောင်း မယ်ရို့ မှာလေ
အဖော်ပေါင်းနှင့် ဆန်မောင်းနင်းရေ
သာယာအီးလေ သာစွလေ --။

(ရခိုင်ကျွန်းဓလေ့ သဘာဝကဗျာများ)

Saturday, October 17, 2015

လောကသာရ အပိုဒ် (၁) မှ အပိုဒ် (၂၀) ထိ (ရခိုင်မူ)

လောကသာရ အပိုဒ် (၁) မှ အပိုဒ် (၂၀) ထိ (ရခိုင်မူ)
================================

၁) ကြားဘိသူမြတ်၊ အမြဲမှတ်စီ၊ ဟိတတ္ထီက၊ သြ၀ါဒဖြင့်၊ ဆုံးမပီးလီ၊ နားဝင်စီလော။ နီသို့ထင်ရှား၊ ဘုရားတရားသံဃာ၊ ရတနာထွတ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထိပ်တက်၊ အမြဲရွက်၍။ ။ စုံမက်သဒ္ဒါတည်စီမင်း။ ။

(၂) အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော။ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမူမြတ်နိုး၊ ကောင်းအောင်ကြိုး၍။ ။ ကောင်းကျိုးကိုယ်၌တည်စီမင်း။ ။

(၃) သက်ကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူသျှင်ရို့၊ ပြစ်တင်မောင်းမဲ၊ ခတ်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ နူတ်တုံ့မ၀ံ့၊ စောင်မာန်ညံ့၍၊ ကြောက်ရွံ့ရိုသီ၊ သည်းခံထွီဖြင့်။ ။ကောင်းသည်နှလုံးရှည်စီမင်း။ ။

(၄) ဆန္ဒဒေါသ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ကတိတည်၍၊ လူ့ပြည်နတ်ရွာ၊ အလာကောင်းမွန်၊ ဆန်စုန်ဆန်လျှက်၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြီ၊၊ စိုက်ကြဲထွီဖြင့်။ ၊။ ပျိုးခြီအပင်စည်စီမင်း။ ။

(၅) ကိုယ်နူတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တ၀ါကို၊ မိတ္တာသက်လီ၊ လှူဖို့ဝီ၍၊ စိတ်နီကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာကြီးပွား၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍။ မြဲပင်စင်းလျှင်းပေါင်းယှဉ်မင်း။ ။

(၆) ပညာမျက်စိ၊ မြင်မဟိ၍၊ မသိတရား၊ အယူမှားစွာ၊ စီးပွားမပေါ်၊ ကျိုးမမြော်သည်၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်လို့၊ မနှစ်သက်ဘဲ၊ ။ ၀ီးစွာချဲ၍ဖယ်ကြည်မင်း။ ။

(၇) ပါဏာတိပါတ်၊ မသတ်သူ့သက်၊ ခိုးဝှက်မမူ၊ မယူသီစာ၊ အိမ်ရှာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရွယ်၍၊ မကြေခြစ်ရန်၊ သူကျူးလွန်လည်း။ ။ မျက်မာန်မပြင်းကောင်းယဉ်မင်း။ ။

(၈) မိခင်ဖခင်၊ ကျေးဇူးသျှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဣတင်၊ ကြည်လင်မြတ်လေး၊ လုပ်ကျွေးခယ၊ ရိုတုတ်ကွလျက်၊ ကြီးမသက်အို၊ မျိုးဆွီကိုလည်း၊ ကြည်ညိုညွှတ်တိမ်း။ ။ ပိုက်ထုပ်သိမ်း၍ငြိမ်းစီမင်း။ ။

(၉) စတုဒိသာ၊ လေးမျက်နှာက၊ ရောက်လာအများ၊ ပုဏ္ဏားရဟန်း၊ ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို၊ သိခယ့်ဣစွာ၊ ဤလောကာ၌၊ ကျွတ်လာထသူ၊ ထိုသောလူကို၊ ကိုယ်တူမှတ်သား၊ သနားမြတ်လီး၊ ၀တ်စားပီး၍။ ။ ကျွေးမွီးထံရင်းသိမ်းဆည်းမင်း။ ။

(၁၀) အနိစ္စဒုက္ခ၊ အနတ္တဟု၊ သုံးပါးလက္ခဏာ၊ မခြာအောက်မိ၊ တစိစိလျှင်၊ နိဝဒူတ၊ ကွပ်ဆုံးမသား၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ပစ္စုပ်ကြိမ်ဖန်၊ စက်အဟန်သို့၊ တပြန်လဲလဲ၊ ၀ဋ်ဆင်းရဲကို၊ ၀မ်းထဲသံဝေ၊ ထိတ်လန့်သည်ဖြင့်။ ။ ရိုးဆီသွီးတွင်းငြိမ်းစီမင်း။ ။

(၁၁) လောဘဒေါသ၊ မောဟသူပျက်၊ နိတိုင်းဖျက်လည်း၊ မပျက်သီလံ၊ တဖြန်သန်လျက်၊ ပြီးဝန်ဖင်ဖင်၊ အာရုံမြင်က၊ ချင်ချင်မွတ်မွတ်၊ လစ်လတ္တံသော်၊ တုပ်ကန်မဆိုင်း၊ စိတ်ဆင်ရိုင်းကို၊ နိတိုင်းမကြာ၊ ယဉ်စီငှာဖြင့်။ ။ ပညာထိန်း၍ငြိမ်းစီမင်း။ ။

(၁၂) လယ်လုပ်ကုန်သွယ်၊ ကြွီးဆယ်မြီချ၊ တွက်ဆစီးပွား၊ အပွားအရင်း၊ လချင်းတင်တိုး၊ ထပ်ပိုးနှစ်လီ၊ ချသည်မပြတ်၊ အိမ်ထောင်ဝတ်၌၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ၀မ်းဘဲငှက်နှင့်၊ ကြက်လည်းမကြွင်း၊ သိမွီးခြင်းဖြင့်၊ များခြင်းစုံစီ၊ ပြန်လီဝယ်ရောင်း၊ ထပ်ခါလောင်းလျှင်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပွားရွှီမွီ၊ ဆည်းပူးထွီဖြင့်။ ။ မျိုးဆွီမှီတင်းကြွယ်စီမင်း။ ။

(၁၃) ထုံးထားနည်းနာ၊ အဖြာဖြာကို၊ ပညာရှာမှီ၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသီ၊ လုပ်ကျွေးထွီဖြင့်၊ စာပီတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ဆဲမောင်းလည်းခံ၊ ဆရာထံ၌၊ သင်အံမှတ်သိ၊ တနိတပါး၊ မှတ်သားလီလီ၊ ၀မ်းထဲခွီ၍၊ တလီတထူး ဂုဏ်ကျေးဇူးကို။ ။ ဆည်းပူးသိမြင်ကျယ်စီမင်း။ ။

(၁၄) ဖီးဖိုးစိုင်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်၊ မိဖအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကိုင်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတိကို၊ မညီးမငွေ့၊ မှတ်ကျက်လေ့လော၊ ချစ်ဖွဲ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း။ ။ ရက်ရက်မယုံလွယ်စီမင်း။ ။

(၁၅) သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာဟိရို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှုတ်မှလုံးချုံ၊ မတတ်တုံလည်း၊ တစုံတခု၊ တတ်အောင်ပြု၍ လူမူကုန်ုအောင်၊ စီးပွားဆောင်လော့၊ ညည့်မှောင်မဘိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဖို့၊ အတတ်ချို့သော် သူရို့ပြစ်တင်၊ ဆင်းရဲမြင်အံ့၊ ထင်ထင်မျက်မော်၊ မကော်ရော်သည်။ ။ အိုသော်သူကို မရယ်စီမင်း။ ။

(၁၆) ဃရာဝါသ၊ ကိစ္စမြားမြောင်၊ လူရို့ဘောင်ဝယ်၊ အိမ်ထောင်သက်မွီး၊ ခြနှယ်ကြီးသား၊ လူရီးကျယ်စွာ၊ အဖြာဖြာကို၊ လိမ္မာအတတ်၊ ချားရဟတ်သို့၊ လည်ပတ်ပြီးမှ၊ ကြံတွက်ဆလော။ လုံ့လပင်စည်၊ အရင်းတည်၍၊ ခက်ရှည်ပညာ၊ ချမ်းသာသတိ၊ တရွိရွိဖြင့်၊ မမိမကျန်၊ လိမ္မာပြန်သော်၊ စောင်မာန်နည်းဆုံး။၊ သူတော်ထုံးကို။ ။ နှလုံးသန့်စင်ကြွယ်စီမင်း။

(၁၇) လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ပုံဆောင်ကာခိုင်း၊ ပမာနှိုင်းသား၊ တံတိုင်းအရှိ၊ ကျေးဇူးဟိစွ၊ အမိကားတစ်၊ အသစ်မယား၊ သားကားနွယ်ဆက်၊ စိုင်မပျက်တည်း၊ ခက်လက်မျိုးဆွီ၊ ကျွန်ခြွီရွီနှင့်၊ မကြီမကွဲ၊ လူခပဲအား၊ ဆင်းရဲပျောက်ပယ်၊ ချမ်းသာတည်၍၊ လူဝယ်လူကောင်း၊ ဖြစ်တော်ကြောင်းဟု၊ လူပေါင်းပြောပြ၊  ချီမွမ်းရလျှက်၊ ကြောင့်ကြဖီးဘယံး၊ ဖျောက်နိုင်စွမ်းသည်၊ စိတ်ဝမ်းဖြောင့်တန်း၊ ဆွီခင်ပွန်းကို။ ။ ချစ်ပန်းအနံ့မပြယ်စီမင်း။ ။

(၁၈) စိပ်မြဲသိပ်သိပ်၊ ရွှိရွိဖိတ်သော်၊ ဇရိတ်အိုးခွက်၊ ကြီးစွာလျှက်တည့်၊ တစက်ကျများ၊ ပြည့်သော်လားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုံးတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာရို့၊ ဥစ္စာဆည်းလီ၊ တတ်လှစီလော၊ ကြွက်သီတခု၊ အရင်းပြု၍၊ စတုမာသ၊ လေးလတွင်ဝယ်၊ ကိုးသိန်းကြွယ်သို့၊ ကြွယ်မှုသက်ဆုံး၊ သူဌီးထုံးကို၊ နှလုံးမူလျှက်၊ ကြံစည်နက်၍။ ။ သူ့ထက်လွန်ကျူးကြွယ်စီမင်း။ ။

(၁၉) လုံ့လပညာ၊ လိမ္မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ ကောင်းအောင်ကြံသား၊၊ လုပ်ကြံသီသပ်၊ ယောက်ျားမြတ်ရို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားလာအံ့။ ပညာချို့တဲ့၊ လုံ့လမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိုဟ်၊ လူများဆိုလော။ ကိုယ်ကိုမချစ်၊ အခြင်းညစ်ဟု၊ အပြစ်ဖွဲ့သို့၊ လူသွမ်းရို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ဟိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါရို့နီရာ၊ စီးပွားလာအံ့၊ ကြမ္မာကိုချည်း၊ မှတ်တည်းရဲရင့်၊ ကျင့်နည်းသွမ်းဆုံး၊ သူပျက်ထုံးကို။ ။နှလုံးမငြိတွယ်စီမင်း။ ။

(၂၀)  ကြောင်းတောခရီး၊ လမ်းအနီး၌၊ ပင်ကြီးပြိုင်ညောင်၊ မြစ်တထောင်နှင့်၊ များမြောင်ခက်လက်၊ ရွက်လည်းသိပ်သိပ်၊ စိပ်လည်းစိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်၊ လီမနိုင်တည်း၊ ပွင့်ခိုင်သီးမှည့်၊ အပြည့်ကျီးငှက်၊ စားလျှက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးလားရို့၊ နီနားပျော်ရွှင်၊ ထိုသစ်ပင်ဝယ်၊ ၀င်လာသောသူ၊ ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်ကောင်းကြွယ်၊ သူတော်ဝယ်ကား၊ ထို့နှယ်လည်းကောင်း၊ မျိုးပေါင်းဆွီသား၊ လူအများကို၊ စီးပွားရှာရာ၊ ချမ်းသာမကင်း၊ မစခြင်းဖြင့်။ ။ ထံရင်းမှီခိုလွယ်စီမင်း။ ။

Wednesday, October 7, 2015

တော်လှန်ရေး

တော်လှန်ရေး
=======

ခေါင်ကမိုးယို
အိမ်ကိုစိုသည်
ခေါင်ကို အသစ်မိုးကတ်ဖိ --။

(နာမည်မသိ စာဆို)

Tuesday, October 6, 2015

စိုင်းတရားငှက်၏အားမာန်

စိုင်းတရားငှက်၏အားမာန်
=============

ကမ်းလွန်ဝီးရာ ပင်လယ်ပြာ
အုပ်ဖွဲ့ပျံသန်းလာ --။

ရိက္ခာလုပ်အား စိုင်းတရား
ဇွဲသတ္တိမာန်ထား --။

မနားဝဲပျံ လီဟုန်ဆန်
လောင်းလှီနား ဝန်းရံ --။

သောင်ယံသာစွ အင်းပေါက်ဝ
ရီကြိုင် စိမ်းမြမြ --။

မြင်ရပါလီ ငှက်တရွီ
မှုံပြာလှပန်းချီ --။

ရာသီဝီ၀င်း စုန်ဆန်ဆင်း
ရင်သတ်မြင်မိခြင်း --။

မြင်ကွင်းအာရုံ လွမ်းရိပ်ပုံ
ရသအဖုံဖုံ --။

တွိကြုံဒဏ်ထောင်း သူမညောင်း
အစာရှာစားကောင်း --။

မပြောင်းချစ်ခင် စွဲမက်ကြင်
သူ့ရပ်မြီတခွင် --။

ပျော်ရွှင်တောင်ယှက် အသက်ဆက်
အို စိုင်းတရားငှက်
လှိုင်းထန် မြစ်ပြင်ထက် --။

ခိုင်ရိုးလ (င/မဲဦး)

Sunday, October 4, 2015

လောကသာရ အပိုဒ် (၂၀) (ရခိုင်မူ)

လောကသာရ အပိုဒ် (၂၀) (ရခိုင်မူ)
=================

ကြောင်းတောခရီး၊ လမ်းအနီး၌
ပင်ကြီးပြိုင်ညောင်၊ မြစ်တထောင်နှင့်
များမြောင်ခက်လက်၊ ရွက်လည်းသိပ်သိပ်
စိပ်လည်းစိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်
လီမနိုင်တည်း၊ ပွင့်ခိုင်သီးမှည့်
အပြည့်ကျီးငှက်၊ စားလျက်သောင်းသဲ
မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ
ခရီးလားရို့၊ နီနားပျော်ရွှင်
ထိုသစ်ပင်ဝယ်၊ ၀င်လာသောသူ
ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်
စီးပွားဆောင်သို့၊ လူ့ဘောင်ကောင်းကြွယ်
သူတော်ဝယ်ကား၊ ထို့နှယ်လည်းကောင်း
မျိုးပေါင်းဆွီသား၊ လူအများကို
စီးပွားရှာရာ၊ ချမ်းသာမကင်း
မစခြင်းဖြင့်
ထံရင်းမှီခိုလွယ်စီမင်း။ ။

(ပီမူ + မြန်မာမှုပြုမူ) နှိုင်းညှိချက်။