ရခိုင်ဟူသည်
==========
ရခိုင်ဟူသည်
ဇမ္ဗူတခွင် သမိုင်တွင်ပြီး
မြတ်သျှင်ဗုဒ္ဓ ကိုယ်တိုင်ကြွ၍
သာသနာ့ရောင်ဝါ ထွန်းလင်းဖြာလျှက်
သဒ္ဒါယိုဖိတ် ကြည်ဖြူစိတ်ကြောင့်
အီးရိပ်သာယာ ပြည်ရွာဝဖြိုး
တန်ခိုးဂုဏ်ရောင် ထွန်းလင်းပြောင်လို့
လူ့ဘောင်သင်းကြိုင် မျိုးရခိုင် --။
ရခိုင်ဟူသည်
ကူညီရိုင်းပင်း စောင့်ရှောက်ခြင်းဖြင့်
ရင်တွင်းပန်းငုံ မွှီးပျံ့ထုံသို့
လုံခြုံသိက္ခာ ဝတ်ဆင်လာပြီး
ဇာတိပုည ဂုဏ်မာနနှင့်
အစဉ်အလာ ဘာသာမြတ်နိုး
လူမျိုးမွှီးကြိုင် မျိုးရခိုင် --။
ရခိုင်ဟူသည်
အလှူဒါန မြတ်သီလနှင့်
ဘာဝနာတရား လက်ကိုင်ထား၍
အများအကျိုး ထမ်းသယ်ပိုးပြီး
အမျိုးသားရီး လှပရီးတွက်
ပီးဆပ်တာဝန် မှန်ကျီပွန်ကာ
ကိုယ့်မာန်ကိုယ့်အား ရင်မာပွားလျှက်
ကြီးမားကြံ့ခိုင် မျိုးရခိုင် --။
ရခိုင်ဟူသည်
ပူပင်မှုယှင်း ဝန်တိုကင်း၍
ရင်းနှီးဆက်ဆံ သည်းခံခွင့်လွှတ်
မွန်မြတ်စိတ်ထား ကြင်နာပွားလျှက်
ကြီးမားစဉ်လာ ကိုယ့်ရိုးရာနှင့်
စာပီဂီတ သုခုမရို့
ရတု ရကန် အဲအန်မော်ကွန်း
ဆန်းအလင်္ကာ သာယာတေးသံ
ဇာတိမာန်နှင့် ဂန္တ၀င်စစ်
အမွီနှစ်များ ထင်ရှားကျော်ကြား
ခမ်းနားမွှီးကြိုင် မျိုးရခိုင် --။ ။
ဖြူဖွေး (နောင်မင်းမြီ)
Sunday, September 12, 2021
ရခိုင်ဟူသည်
Subscribe to:
Comments (Atom)