Saturday, October 17, 2015

လောကသာရ အပိုဒ် (၁) မှ အပိုဒ် (၂၀) ထိ (ရခိုင်မူ)

လောကသာရ အပိုဒ် (၁) မှ အပိုဒ် (၂၀) ထိ (ရခိုင်မူ)
================================

၁) ကြားဘိသူမြတ်၊ အမြဲမှတ်စီ၊ ဟိတတ္ထီက၊ သြ၀ါဒဖြင့်၊ ဆုံးမပီးလီ၊ နားဝင်စီလော။ နီသို့ထင်ရှား၊ ဘုရားတရားသံဃာ၊ ရတနာထွတ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထိပ်တက်၊ အမြဲရွက်၍။ ။ စုံမက်သဒ္ဒါတည်စီမင်း။ ။

(၂) အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော။ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမူမြတ်နိုး၊ ကောင်းအောင်ကြိုး၍။ ။ ကောင်းကျိုးကိုယ်၌တည်စီမင်း။ ။

(၃) သက်ကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူသျှင်ရို့၊ ပြစ်တင်မောင်းမဲ၊ ခတ်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ နူတ်တုံ့မ၀ံ့၊ စောင်မာန်ညံ့၍၊ ကြောက်ရွံ့ရိုသီ၊ သည်းခံထွီဖြင့်။ ။ကောင်းသည်နှလုံးရှည်စီမင်း။ ။

(၄) ဆန္ဒဒေါသ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ကတိတည်၍၊ လူ့ပြည်နတ်ရွာ၊ အလာကောင်းမွန်၊ ဆန်စုန်ဆန်လျှက်၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြီ၊၊ စိုက်ကြဲထွီဖြင့်။ ၊။ ပျိုးခြီအပင်စည်စီမင်း။ ။

(၅) ကိုယ်နူတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တ၀ါကို၊ မိတ္တာသက်လီ၊ လှူဖို့ဝီ၍၊ စိတ်နီကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာကြီးပွား၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍။ မြဲပင်စင်းလျှင်းပေါင်းယှဉ်မင်း။ ။

(၆) ပညာမျက်စိ၊ မြင်မဟိ၍၊ မသိတရား၊ အယူမှားစွာ၊ စီးပွားမပေါ်၊ ကျိုးမမြော်သည်၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်လို့၊ မနှစ်သက်ဘဲ၊ ။ ၀ီးစွာချဲ၍ဖယ်ကြည်မင်း။ ။

(၇) ပါဏာတိပါတ်၊ မသတ်သူ့သက်၊ ခိုးဝှက်မမူ၊ မယူသီစာ၊ အိမ်ရှာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရွယ်၍၊ မကြေခြစ်ရန်၊ သူကျူးလွန်လည်း။ ။ မျက်မာန်မပြင်းကောင်းယဉ်မင်း။ ။

(၈) မိခင်ဖခင်၊ ကျေးဇူးသျှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဣတင်၊ ကြည်လင်မြတ်လေး၊ လုပ်ကျွေးခယ၊ ရိုတုတ်ကွလျက်၊ ကြီးမသက်အို၊ မျိုးဆွီကိုလည်း၊ ကြည်ညိုညွှတ်တိမ်း။ ။ ပိုက်ထုပ်သိမ်း၍ငြိမ်းစီမင်း။ ။

(၉) စတုဒိသာ၊ လေးမျက်နှာက၊ ရောက်လာအများ၊ ပုဏ္ဏားရဟန်း၊ ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို၊ သိခယ့်ဣစွာ၊ ဤလောကာ၌၊ ကျွတ်လာထသူ၊ ထိုသောလူကို၊ ကိုယ်တူမှတ်သား၊ သနားမြတ်လီး၊ ၀တ်စားပီး၍။ ။ ကျွေးမွီးထံရင်းသိမ်းဆည်းမင်း။ ။

(၁၀) အနိစ္စဒုက္ခ၊ အနတ္တဟု၊ သုံးပါးလက္ခဏာ၊ မခြာအောက်မိ၊ တစိစိလျှင်၊ နိဝဒူတ၊ ကွပ်ဆုံးမသား၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ပစ္စုပ်ကြိမ်ဖန်၊ စက်အဟန်သို့၊ တပြန်လဲလဲ၊ ၀ဋ်ဆင်းရဲကို၊ ၀မ်းထဲသံဝေ၊ ထိတ်လန့်သည်ဖြင့်။ ။ ရိုးဆီသွီးတွင်းငြိမ်းစီမင်း။ ။

(၁၁) လောဘဒေါသ၊ မောဟသူပျက်၊ နိတိုင်းဖျက်လည်း၊ မပျက်သီလံ၊ တဖြန်သန်လျက်၊ ပြီးဝန်ဖင်ဖင်၊ အာရုံမြင်က၊ ချင်ချင်မွတ်မွတ်၊ လစ်လတ္တံသော်၊ တုပ်ကန်မဆိုင်း၊ စိတ်ဆင်ရိုင်းကို၊ နိတိုင်းမကြာ၊ ယဉ်စီငှာဖြင့်။ ။ ပညာထိန်း၍ငြိမ်းစီမင်း။ ။

(၁၂) လယ်လုပ်ကုန်သွယ်၊ ကြွီးဆယ်မြီချ၊ တွက်ဆစီးပွား၊ အပွားအရင်း၊ လချင်းတင်တိုး၊ ထပ်ပိုးနှစ်လီ၊ ချသည်မပြတ်၊ အိမ်ထောင်ဝတ်၌၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ၀မ်းဘဲငှက်နှင့်၊ ကြက်လည်းမကြွင်း၊ သိမွီးခြင်းဖြင့်၊ များခြင်းစုံစီ၊ ပြန်လီဝယ်ရောင်း၊ ထပ်ခါလောင်းလျှင်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပွားရွှီမွီ၊ ဆည်းပူးထွီဖြင့်။ ။ မျိုးဆွီမှီတင်းကြွယ်စီမင်း။ ။

(၁၃) ထုံးထားနည်းနာ၊ အဖြာဖြာကို၊ ပညာရှာမှီ၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသီ၊ လုပ်ကျွေးထွီဖြင့်၊ စာပီတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ဆဲမောင်းလည်းခံ၊ ဆရာထံ၌၊ သင်အံမှတ်သိ၊ တနိတပါး၊ မှတ်သားလီလီ၊ ၀မ်းထဲခွီ၍၊ တလီတထူး ဂုဏ်ကျေးဇူးကို။ ။ ဆည်းပူးသိမြင်ကျယ်စီမင်း။ ။

(၁၄) ဖီးဖိုးစိုင်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်၊ မိဖအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကိုင်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတိကို၊ မညီးမငွေ့၊ မှတ်ကျက်လေ့လော၊ ချစ်ဖွဲ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း။ ။ ရက်ရက်မယုံလွယ်စီမင်း။ ။

(၁၅) သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာဟိရို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှုတ်မှလုံးချုံ၊ မတတ်တုံလည်း၊ တစုံတခု၊ တတ်အောင်ပြု၍ လူမူကုန်ုအောင်၊ စီးပွားဆောင်လော့၊ ညည့်မှောင်မဘိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဖို့၊ အတတ်ချို့သော် သူရို့ပြစ်တင်၊ ဆင်းရဲမြင်အံ့၊ ထင်ထင်မျက်မော်၊ မကော်ရော်သည်။ ။ အိုသော်သူကို မရယ်စီမင်း။ ။

(၁၆) ဃရာဝါသ၊ ကိစ္စမြားမြောင်၊ လူရို့ဘောင်ဝယ်၊ အိမ်ထောင်သက်မွီး၊ ခြနှယ်ကြီးသား၊ လူရီးကျယ်စွာ၊ အဖြာဖြာကို၊ လိမ္မာအတတ်၊ ချားရဟတ်သို့၊ လည်ပတ်ပြီးမှ၊ ကြံတွက်ဆလော။ လုံ့လပင်စည်၊ အရင်းတည်၍၊ ခက်ရှည်ပညာ၊ ချမ်းသာသတိ၊ တရွိရွိဖြင့်၊ မမိမကျန်၊ လိမ္မာပြန်သော်၊ စောင်မာန်နည်းဆုံး။၊ သူတော်ထုံးကို။ ။ နှလုံးသန့်စင်ကြွယ်စီမင်း။

(၁၇) လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ပုံဆောင်ကာခိုင်း၊ ပမာနှိုင်းသား၊ တံတိုင်းအရှိ၊ ကျေးဇူးဟိစွ၊ အမိကားတစ်၊ အသစ်မယား၊ သားကားနွယ်ဆက်၊ စိုင်မပျက်တည်း၊ ခက်လက်မျိုးဆွီ၊ ကျွန်ခြွီရွီနှင့်၊ မကြီမကွဲ၊ လူခပဲအား၊ ဆင်းရဲပျောက်ပယ်၊ ချမ်းသာတည်၍၊ လူဝယ်လူကောင်း၊ ဖြစ်တော်ကြောင်းဟု၊ လူပေါင်းပြောပြ၊  ချီမွမ်းရလျှက်၊ ကြောင့်ကြဖီးဘယံး၊ ဖျောက်နိုင်စွမ်းသည်၊ စိတ်ဝမ်းဖြောင့်တန်း၊ ဆွီခင်ပွန်းကို။ ။ ချစ်ပန်းအနံ့မပြယ်စီမင်း။ ။

(၁၈) စိပ်မြဲသိပ်သိပ်၊ ရွှိရွိဖိတ်သော်၊ ဇရိတ်အိုးခွက်၊ ကြီးစွာလျှက်တည့်၊ တစက်ကျများ၊ ပြည့်သော်လားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုံးတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာရို့၊ ဥစ္စာဆည်းလီ၊ တတ်လှစီလော၊ ကြွက်သီတခု၊ အရင်းပြု၍၊ စတုမာသ၊ လေးလတွင်ဝယ်၊ ကိုးသိန်းကြွယ်သို့၊ ကြွယ်မှုသက်ဆုံး၊ သူဌီးထုံးကို၊ နှလုံးမူလျှက်၊ ကြံစည်နက်၍။ ။ သူ့ထက်လွန်ကျူးကြွယ်စီမင်း။ ။

(၁၉) လုံ့လပညာ၊ လိမ္မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ ကောင်းအောင်ကြံသား၊၊ လုပ်ကြံသီသပ်၊ ယောက်ျားမြတ်ရို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားလာအံ့။ ပညာချို့တဲ့၊ လုံ့လမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိုဟ်၊ လူများဆိုလော။ ကိုယ်ကိုမချစ်၊ အခြင်းညစ်ဟု၊ အပြစ်ဖွဲ့သို့၊ လူသွမ်းရို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ဟိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါရို့နီရာ၊ စီးပွားလာအံ့၊ ကြမ္မာကိုချည်း၊ မှတ်တည်းရဲရင့်၊ ကျင့်နည်းသွမ်းဆုံး၊ သူပျက်ထုံးကို။ ။နှလုံးမငြိတွယ်စီမင်း။ ။

(၂၀)  ကြောင်းတောခရီး၊ လမ်းအနီး၌၊ ပင်ကြီးပြိုင်ညောင်၊ မြစ်တထောင်နှင့်၊ များမြောင်ခက်လက်၊ ရွက်လည်းသိပ်သိပ်၊ စိပ်လည်းစိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်၊ လီမနိုင်တည်း၊ ပွင့်ခိုင်သီးမှည့်၊ အပြည့်ကျီးငှက်၊ စားလျှက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးလားရို့၊ နီနားပျော်ရွှင်၊ ထိုသစ်ပင်ဝယ်၊ ၀င်လာသောသူ၊ ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်ကောင်းကြွယ်၊ သူတော်ဝယ်ကား၊ ထို့နှယ်လည်းကောင်း၊ မျိုးပေါင်းဆွီသား၊ လူအများကို၊ စီးပွားရှာရာ၊ ချမ်းသာမကင်း၊ မစခြင်းဖြင့်။ ။ ထံရင်းမှီခိုလွယ်စီမင်း။ ။

Wednesday, October 7, 2015

တော်လှန်ရေး

တော်လှန်ရေး
=======

ခေါင်ကမိုးယို
အိမ်ကိုစိုသည်
ခေါင်ကို အသစ်မိုးကတ်ဖိ --။

(နာမည်မသိ စာဆို)

Tuesday, October 6, 2015

စိုင်းတရားငှက်၏အားမာန်

စိုင်းတရားငှက်၏အားမာန်
=============

ကမ်းလွန်ဝီးရာ ပင်လယ်ပြာ
အုပ်ဖွဲ့ပျံသန်းလာ --။

ရိက္ခာလုပ်အား စိုင်းတရား
ဇွဲသတ္တိမာန်ထား --။

မနားဝဲပျံ လီဟုန်ဆန်
လောင်းလှီနား ဝန်းရံ --။

သောင်ယံသာစွ အင်းပေါက်ဝ
ရီကြိုင် စိမ်းမြမြ --။

မြင်ရပါလီ ငှက်တရွီ
မှုံပြာလှပန်းချီ --။

ရာသီဝီ၀င်း စုန်ဆန်ဆင်း
ရင်သတ်မြင်မိခြင်း --။

မြင်ကွင်းအာရုံ လွမ်းရိပ်ပုံ
ရသအဖုံဖုံ --။

တွိကြုံဒဏ်ထောင်း သူမညောင်း
အစာရှာစားကောင်း --။

မပြောင်းချစ်ခင် စွဲမက်ကြင်
သူ့ရပ်မြီတခွင် --။

ပျော်ရွှင်တောင်ယှက် အသက်ဆက်
အို စိုင်းတရားငှက်
လှိုင်းထန် မြစ်ပြင်ထက် --။

ခိုင်ရိုးလ (င/မဲဦး)

Sunday, October 4, 2015

လောကသာရ အပိုဒ် (၂၀) (ရခိုင်မူ)

လောကသာရ အပိုဒ် (၂၀) (ရခိုင်မူ)
=================

ကြောင်းတောခရီး၊ လမ်းအနီး၌
ပင်ကြီးပြိုင်ညောင်၊ မြစ်တထောင်နှင့်
များမြောင်ခက်လက်၊ ရွက်လည်းသိပ်သိပ်
စိပ်လည်းစိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်
လီမနိုင်တည်း၊ ပွင့်ခိုင်သီးမှည့်
အပြည့်ကျီးငှက်၊ စားလျက်သောင်းသဲ
မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ
ခရီးလားရို့၊ နီနားပျော်ရွှင်
ထိုသစ်ပင်ဝယ်၊ ၀င်လာသောသူ
ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်
စီးပွားဆောင်သို့၊ လူ့ဘောင်ကောင်းကြွယ်
သူတော်ဝယ်ကား၊ ထို့နှယ်လည်းကောင်း
မျိုးပေါင်းဆွီသား၊ လူအများကို
စီးပွားရှာရာ၊ ချမ်းသာမကင်း
မစခြင်းဖြင့်
ထံရင်းမှီခိုလွယ်စီမင်း။ ။

(ပီမူ + မြန်မာမှုပြုမူ) နှိုင်းညှိချက်။

Friday, June 19, 2015

ဇာတိပုည

ဇာတိပုည
======

အမျိုးမှန်လီကေ
စာပီလည်းဟိ စကားဟိရေ
ဟိရေကား စာပီများကို
ရွီးသားမဟိ စကားတိလည်း
တရွိရွိချေ ပျောက်ခကေပင်
ဒေပိုင်လူမျိုး သဝေထိုးပျာယ်
အမျိုးသီလ နှစ်ဌာနမှာ
လုံးဝကွယ်ပျောက် စာပီပျောက်ယင်း
အောက်ကျငုတ်လျှိုး ဦးစိုက်ကျိုးလီရဖို့လား --။

အမျိုးစကား ရှိမွီများနှင့်
အားသစ်ဝီဖြာ အားပီးပါကတ်
ကာလကြာရှည် မျိုးဆက်တည်ဖို့
ပင်စည်ပင်သစ် ငါရို့ခေတ်ကို
အုပ်မြစ်ခိုင်ခိုင် တည်ဆောက်နိုင်မှ
ယင်းပိုင်မဟုတ် လူရောယှုတ်ကေ
ဆုတ်ယုတ်အားအင် စပါးသျှင်ကို
မျောက်နှင်ခံလို့ ငါရို့မြီယာ
သူ့လက်ပါမည် ယေခါပြီးလီ
စစန့်သီဖို့
နနီနနော မနီကဲ့ --။ ။

(မောင်ကြင်နွယ်)

Monday, May 25, 2015

ကျွဲကျောင်းသား

 ကျွဲကျောင်းသား
==========

မက္ကလာယေ ရိုင်ရိုင်
ကြိမ်သားတုတ်ကို နနောင်းကိုင်
ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ --။

အစ်ကိုမပါ ညီမပါ
ကြိမ်သားတုတ်ကို နနောင်းကိုင်
ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ --။

ထိုတောင်ဒေတောင်
ချောင်မြောင်တလွှား
ပိုးပဇဉ်းသံ ညံသောသော
တောသံလီသံ မဆူညံ
နှင်းသံဖြောက်ဖြောက်
ပပေါက်ဖောက်သို့ ကြားရရေ --။

ဂြောင်တောင်ဂြောင်
နက်ပြောင်ခေါင်းလောင်း
တောဘယံမှာ
သာငြိမ့်ညောင်းပျာ
ကြားရရေ --။

(ဟူးရေရေ ဟူး)

Sunday, May 10, 2015

မေထွီးမရွှင်

မေထွီးမရွှင်
======

တန်းဆောင်ဘုန်းလ ဟေမန္တမှာ
ချမ်းစတဖန် မြောက်လီပြန်ကေ
ရိုက်သွန်ဖြူးဖြူး
မရောက်လာကေ ယင်းခါကပင်
မေလျှင်စိတ်မှာ လွမ်းစယေပြုလို့
အခုကုန်ခါ တ၀ါဝါကေ
နတ်တော်ဆန်းဘိ ညည့်နှင့်နိမှာ
မေထွီးမရွှင်
စက်ဘုံသာကေ အိပ်ရာတွင်းမှာ
တစိမ့်စိမ့်ကေ ချမ်းစိမ့်ဝင်ရေ --။

လပြာသိုမှာ ဖြိန့်ဖြိန့်တုန်လို့
ကြင်သူယေ မရောက်
နှမဖြူလေ ညှိုးပိန်ခြောက်ကေ
တယောက်တည်းလေ --။

ပြာသိုလည်းပွဲ တပိုးထွဲမှာ
မီးပွဲမယေသဘင် ရထားငင်ကေ
ပျော်ရွှင်သောင်းသဲ
ရွာရှိပြင်မှာ မေလျှင်စိတ်မှာ
ပူကြီးဆွေးလို့
မကွဲမကွာ သူတကာမှာ
ချစ်ဘော်စုံဘက်
သည်ကိုမြင်ကေ မေလျှင်စိတ်မှာ
စိတ်ကြီးပျက်လို့
ကျင်ကိုင်လက်ပန်း အခန်းခန်းကို
အိမ်သူအကျွန် မြင်လတ်ပြန်ကေ
လွမ်းတောက်တာရှည်
ပန်းမဉ္ဇူကို နီပူထိုးကေ
ညှိုးလတ်တေလေး --။ ။

(နာမည်မသိစာဆို)

ရခိုင်ခုနှစ်ရက်သတ္တတပါတ်

ရခိုင်ခုနှစ်ရက်သတ္တတပါတ်
==============

တလဂုၤနီ တလလၤာ
နိမြတ်ရက်ရာဇာ --။

အင်္ဂါ ဗုဒ္ဓူး
ရွှီမြို့မြောက်ဦး အောင်သံကျူး --။

ကသစ်ဗုဒ္ဓိ သောက္ကြာ
စည်တော်လည်းတီး မင်္ဂလာ --။

စနီ နဂါးမောက်
အခေါင်မိုးသို့ရောက် --။

(သာလှဦး)

ရခိုင် ဆယ့်နှစ်လရာသီမိုး

ရခိုင် ဆယ့်နှစ်လရာသီမိုး
==================
(၁) တာကူးဂီမှာန်၊ လီရူးပြန် သင်္ကြန်ရွာရိုး၊ လက်ဆီးမိုး။
(၂) ကဆုန်ပူပုံ၊ ဆွိဆွိခုန်၊ အဟုန်မပြင်း၊ မိုးသံသွင်း။
(၃) နံယုန်လမှာ၊ မိုးကရွာ၊ လယ်ယာထွန်ယက်၊ ကျွဲနွားဖက်။
(၄) ၀ါဆိုပုန်းညက်၊ မိုးလီသက်၊ တဲပျက်ဖောင်ကျိုး၊ ချောင်းရီတိုး။
(၅) ၀ါခေါင်ကောက်ပင်၊ အားသစ်ဝင်၊ ကောင်းခင်ညိုမဲ၊ မိုးကသဲ။
(၆) တော်သလင်းနီ၊ ပုဇွန်သီ၊ မိုးလီနှောင့်ယှက်၊ ကိုင်းထွန်ပျက်။
(၇) ၀ါကျွတ်ခါမှီ၊ မိုးမအီ၊ ရာသီကောင်းလျှက်၊ မီးထွန်းပျက်၊
(၈) တန်းဆောင်ဘုန်းလ၊ မိုးနှောင်းစ၊ မိုးကဆုတ်ရွာ၊ ဆောင်းကလာ။
(၉) နတ်တော်ဆောင်းပန်း၊ မြောက်လီဖြန်း၊ အချမ်းမလုံ၊ မိုးစက်ကုန်။
(၁၀) ပြာသိုကာလ၊ နှင်းမြုံကျ၊ မိုးကမပေါ်၊ ဆောင်းကဆော်။
(၁၁) တပိုးထွဲတွင်၊ ဆီးနှင်းရွှင်၊ တောင်ခွင်တလျှောက်၊ နှင်းမိုးပေါက်။
(၁၂) ပုဏ္ဏားနွားရောင်း၊ လတပေါင်း ရွက်ဟောင်းမြီခ၊ မိုးတိမ်ထ၊
တဆယ့်နှစ်လရာသီ၊ ဝေသာလီမှာ၊ စုံညီပွင့်လန်း၊ ဖီးမသန်းလေ၊ ဖီးမသန်း။

Saturday, May 9, 2015

မြောက်ဦးနတ်သ္မီးသိုက်

မြောက်ဦးနတ်သ္မီးသိုက်
============

လိမ္မာမြင်ပြင်း ဆင်းရဲအားရ
ကြွယ်ဝမနာလို ကိုယ့်ထက်သာမကြိုက်
အမိုက်တရား ဤလေးပါးကြောင့်
ရခိုင်သားမှာ တိမ်ကောလာသည်
နောင်လာနောင်သား သိစီသောဝ် --။

ရခိုင်မျိုးသား သတိထားလော့
ဗာဗူနာနုံ ခေါ်တုံကျင်ငြား
ကုလားများကို သနားပိုရန်
မလိုအပ်ကြောင်း
ခမောင်းပင်မှာ ညောင်လျှင်ကပ်ရောက်
အမျိုးပျောက်လိမ့် --။ ။

(မြောက်ဦးနတ်သမီးသိုက်)

မြတ်စိတ်ဓါတ်

မြတ်စိတ်ဓါတ်
=======

မိတ္တာအားဖြင့်
အပြုံးများစွာ ပွင့်လန်းရာ၏ --။

ဂရုဏာဖြင့်
ချမ်းမြမှုမှာ ဖြစ်တည်ရာ --။

မုဒိတာဖြင့်
ပီတိများစွာ ပွားကုန်ရာ၏ --။

စေတနာဖြင့်
အကျိုးများစွာ ထွန်းကုန်ရာ၏ --။

အကြင်နာဖြင့်
သံယောဇဉ်မှာ ဆက်နွယ်ရာ၏ --။

စပ်ကြားမထင် ယုယကြင်က
ခင်မင်ချမ်းမြ နှလုံးလှ၍
သောကယှောင်ခွါ ပီတိဖြာသား
မိတ္တာများဖြင့် စိတ်ထားမြင့်လျှက်
တင့်တယ်အထွဋ်မြတ်သည်တည်း --။

(ခိုင်ရန်သျှင်း)

သမင်ရတု

သမင်ရတု (Pitiful Deer)
==============

သခင်လူများ ကျွန့်စကားကို ရွှီးနားခံ (My fellow friends, please listen to me
ရှိလွန်ခါ တောမြိုင်ခွီး (Once upon a time, there was a jackal
ချီသမင်သည် သစ်ပင်ကြီးအောက်ကနီလည်း --။ (and a deer under a tree.

မြင့်ထိပ်ဗွီ ခေါင်ထိပ်ဖျား (A crow was crowing on the tree
ကျီးတခုသည် ခေါ်မှုမြည်သံကြားက (Jackal said Oh my deer,
အချစ်ရွှီသမင် ညေခါခင်ပွန်း မြဲစွာမွှမ်းသည် (It will not be good to be friend
ကောင်းလွန်းမည် မထင်လည်း --။ (with the crow.

မြီတွင်သာလားရလျှင် ကိုနှင့်ငါလျှင် (You and me walk on the ground,
ချစ်ခင်ရမည် အဆွီနှလုံးသွင်းလည်း --။ (So, we should be good friends.

ခွီးလှည့်ပတ်ဆိုရတ်မှာ ကောင်းယောင်ထင်၍ (The deer believed in the deceiving words
သမင်လိုက်လီရာလည်း --။ (of the jackal.

လယ်သည်စပါး ပန်းနုဖျားသည် (If you come with me,
ယခု စားမည်မှတ်လော (You can eat good fruits and vegetables
လိုတိုင်းဝမ်းဝ စားရမည် မချွတ်လည်း --။ (at your will.

ခွီးလှည့်ပတ်ဆိုရတ်မှာ (The deer believed in the jackal
ကောင်းယောင်ထင်၍ သမင်ထွက်စားပြန်လည်း --။ (And went to eat the vegetables in the field.

ထိုယောက်ျားလယ်သခင် (Soon, the farmer set up a trap on the way.
ပြီးခုန်ပင် လာတုံလတ်
သရီကျော့ကွင်း
ထောင်လျှက် လမ်းတွင်ထားလည်း --။

ခါတပါးသည် လားခီမိ (And the deer had fallen on the trap.
သရီကျော့ကွင်း (The rope was tangling on its neck.
လိုင်ဝယ် လျှင်ဆောငြိလည်း --။

မချိရုန်းရင်းဆာ (Oh, my dear friend, Jackal
အဆွီလျှင် တောမြိုင်ခွီး( Come and help me and save my life.
သီမည်ဖီးကို
လျှင်ဆော ကယ်တင်ပါလှည့် --။

ဒွန်းစန္ဒာဟိန္ဒူမျိုး (The jackal said I am a Brahman and I cannot bite the leather of
နွားသရီကို မကိုက်ပါဖူးတော့လည်း --။ (the cow.

မချိပူပြင်းစွ (Sooner, the crow came and said don’t be afraid
အဆွီလျှင် နောင်ကျီးကန်း
ညေခါခင်ပွန်း မြဲစွာမွှမ်းသည်
ကျီးကန်းရောက်ပါလတ်တည်း --။

အဆွီလျှင် နောက်ကျီးကန်း (Please get help from the flies. Then, the flies
ယင်မရဲကို မြဲစွာခင်ပွန်းမွှမ်း၍ (came around and laid eggs on the face of the deer.
မျက်စိရစ်ဝန်းလည်
ယင်မလာ၍
ဖြူစွာ ဥလာသည်တည်း --။

အဆွီလျှင် နောက်ကျီးကန်း (The crow pretended eating the flies’ eggs.
ဦးက္ခောင်းမြီတွင်
နှုတ်သွီးတောက်ဟန်ပြု၍
ထိုခဏ လယ်သခင် (Then, the farmer thought the deer was dead
ပြီးခုန်ပင် လာတုံလတ်(And pulled out the rope out of the deer’s neck.
သရီကြိုးသည်
လိုင်ဝယ် လျှင်ဆောချွတ်လည်း --။

ထိုယောက်ျားလယ်သခင် (The farmer went into the jungle,
ကြံလတ်လျှင် စောခါ ခြုံထဲဝင်၍ (to get the vines
နွယ်ပင်ဖြတ်လှီးငြားလည်း --။ (to tie the legs of the deer.

အာအာသည် ကျူးမြည်လတ် (Then, the crow made a sound,
ချီသမင်သည် (And the deer had run away and escaped.
ဖြုန်းဖြုန်းပြီးသည်ဖြစ်လည်း --။

ထိုယောက်ျားလယ်သခင် (When the farmer saw the deer escaped,
လက်တွင် ဒါးနှင့်ပစ် (he was so upset
ခြုံထဲရွှက် ပုန်း၍နီ (And threw the sword against the deer.
မြိုင်ခွီးခေါင်းတွင် (But it went astray
မှန်လျှင် သီခီပြီလည်း --။ (And hit the jackal’s head and jackal was dead.

ဤနည်းလျှင် မုံတရှိ (The same way,
မေလတ်ဖြူမှာ (My dear girl has untrue lover.
ဖျက်သူနှင့်ရာ တွိလည်း --။

မချိသည် လွန်ယောင်သဲ (She is now broken-hearted and crying,
မေချစ် အပူဝင်သည် (the same as the deer does.
သမင်ပမာ နည်းတည့်လည်း --။

မကိုက်ပါဖူး = မကိုက်ဖူးပါ
မုံတရှိ = ထိုနည်းဥပမာနှင့် အတူတူ အရှိရှိ ၊ ထိုနည်းတူစွာ
လွန်ယောင်သဲ = အလွန် အသဲအသန်၊ လွန်စွာ အသဲအသန်ဖြစ်သည်။

ထရိပူရကရသော ရှိဟောင်းရခိုင်ဂန္ဓ၀င်ကဗျာတပုဒ်ဖြစ်ပါသည်။ အလယ်တန်းသင်ရိုးညွှန်တမ်း၌ ပြဌာန်းသင့်သည်။ ကိုယ်တော်ပညာစာရ ကောင်းမှုပြုပါသည်။

(ရခိုင်ပေါင်းကူး သာလှဦး)

လောကသရပျို့

လောကသရပျို့
=======

အသက်ရှည်စွာ အနာမဲ့ကြောင်း
ကောင်းလှစီချင် ပဲ့ပျင်နိစ္စ
ကွပ်ဆုံးမသား မိဘဆရာ
စကားနာ၍ ကျမ်းစာသိမြင်
တတ်အောင်သင်လော့ ပေါ်လွင်မပြု
ကောင်းရာတုလျှက် ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌တည်စီမင်း --။

မိခင်ဖခင် ကျေးဇူးသျှင်ကို
ချစ်ခင်မြတ်နိုး ဂူပုထိုးသို့
ရှိခိုးဦးတင် ကြည်လင်မြတ်လေး
လုပ်ကျွေးခယ ရိုတုတ်ကွလျှက်
ကြီးလှသက်အို မျိုးဆွီကိုလည်း
ကြည်ညိုညွတ်တိမ်း ပိုက်ထုပ်သိမ်း၍
မယိမ်းစင်းလျင်းငြိမ်းစီမင်း --။

ထုံးမှီးနည်းနာ အဖြာဖြာ၌
ပညာရှာမှီး မကြီးသက်ရွယ်
အငယ်သော်က ကြိုးလုံ့လလျှက်
တုတ်ကွပုဆစ် ဆရာစစ်သို့
ကြောက်ချစ်ရိုသီ စာပီတတ်ကြောင်း
တချောင်းချောင်းလျှင် ငြိမ်အောင်းသည်းခံ
ဆရာ့ထံ၌ သင်အံမှတ်သိ
တနိတခြား ပွားများစုံစီ
ဝမ်းထဲခွီ၍ တလီတထူး
ဂုဏ်ကျေးဇူးကို ဆည်းပူးသိမြင်ကြွယ်စီမင်း --။

(ရခိုင်သူမြတ်)

သိုက်မြုံ

သိုက်မြုံ
====

စာပဒေါင်းသည် အဟောင်းမခင်
အသစ်မြင်၏ --။

နွယ်မျှင်သွယ်တန်း သူ၏နန်းတွက်
ရက်ကန်းတတ်မြောက် သူတည်ဆောက်၏ --။

မိုးရောက်သည်နှင့် အဆင်သင့်ပင်
လီနှင့်အတူ တလူလူဝင့်
အောင်လံရွှင့်၏ --။

တွေးချင့်ထောက်ရှု ဤကောင်းမှုလျှင်
ကုသိုလ်ပြုရာ ကျောင်းကန်သာက
ကဗျာတပုဒ် ပုံပြယုဂ်တည့် --။ ။

(နရသီဟ)

ရှိဟောင်းပီမူ ရခိုင်အချစ်ရတု

ရှိဟောင်းပီမူ ရခိုင်အချစ်ရတု
=============


သာကြည်ယုယ
မပျော်ရသည်ကြာလှပြီ အသျှင့်သား
အရွှီသည် ပန်းနှင့်တူစွ
စန္ဒာဖြူသည်
ကြိုးကြာမယ်ထက်ပူ၍
တကြူကြူလွမ်းရုတ
မောင်ကြောင့်ပူဆာ
မခံသာသည်
များစွာဝဋ်ဒုက္ခတည်း --။

ပူခြင်းလှသည်ကြီး၍ပေ
ဦးဂေါင်းထိပ်ပြင်
လက်စုံတင်ကေ
ကျွန်လျှင်ကန်တော့ပေ၏ --။

ကြောင်းခြင်းစစ် မှာလိုက်မည်
စက္ကြာပိုင်သား
မေ့သက်ထားသည်
ရွှီနားတဖန်တည်လော့ --။

ရှိက၀ယ်ကုသိုလ်ဟောင်း
ဘုရားစိန္ဒေ
မြတ်ဗုဒ္ဓေမှာ
ညောင်ရည်ပန်းသာလောင်း၍
ဆုပန်တောင်းပြုခမည်
ကြမ္မာကျိုးစက်
ဒါနဖက်ကေ
မပျက်သစ္စာလွယ်၍
ဤလူ့ပြည်ဤဌာန
မောင်နှင့်အတူ
တောင်းဆုယူကေ
နှစ်ဆူပေါင်းဖော်ကြ၍
အော် - တူတကွသည် နီစိုင်တွင်
အလှယင့်ယူ
ချစ်သူသားဖခင်လည်း
ဝီးရပ်ခွင်သည်တိုင်းတပါး
သူ့တိုင်းပြည်ကို
လားသည်ဤကြောင်းလျားကြောင့်
အို ၀မ်းနည်းသည် စားသောက်မခြီ
ညည့်နှင့်နိသည်
ခြောက်ဆယ်ပေါင်းနာရီတွင်
လွမ်းသက်ဝီညှိုးနှမ
ကမ်ဖာခိုးထူ
မှိုင်းမှိုင်းလူသည်
နှစ်ဆူနီနှင့်လကို
တောင့်တဘိ နီစိုင်တွင်
အချစ်မပြီ
မောင့်သက်ဝီကေ
ဒါလီမောင်ပန်းပင်ကို
လွန်ကြည်ညိုသည်
လူကိုမပြော
ချစ်တေအားကို
မေလျှင်ဝမ်းတွင်ထား၏ --။

ဂြိုးလှညို ရွှီငှက်မ
နိညမဆို
တောမြိုင်ညိုမှာ
ဖိုကိုလွမ်းရို့တ၍
နိည၀ယ်အပြန်ပြန်
နာရီခတ်တွင်
မောင့်ကိုတွက်ကျပြန်ကာ
ကေသာဆံ သျှောင်အုံးလုံး
ပန်းကုံးမဆင်
ဆီမပျင်ကေ
မေလျှင်ဖြစ်နီပါ၏ --။

နှလုံးသည် စိတ်ဝီဆာ
နံသာဆီကြိုင်
ကတိုးရိုင်လည်း
နှမကိုယ်နှင့်ကွာ၍
မောင်ကြောင့်သာ စိတ်ဆိုးညစ်
ပတင်းညိုကေ
လီချိုသလွန်သာက
ငိုစိတ်ဖြစ် နီစိုင်ခါ
ဥသြဖိုးခေါင်
ကုက္ကလောင်ကေ
ဝါရောင်ကျူးမြည်လာလည်း --။

တသင်္ကြန်လွန်လီမြောက်
အို - ရတုတဖန်
ရာသီပြန်ကေ
ဝဿန်မိုးဦးရောက်၍
တောင်မြောက်ရပ်သျှစ်မျက်နှာ
စိမ်းမြညိုဝီ
ကမ်ဖာမြီမှာ
ရီလျှင်အီးမြမြနှင့်
အင်းအိုင်ထဲဖားများစွာ
မစဲအသံ
တကြံကြံသည်
ဝဿန်မိုးကိုခေါ်၍
ထက်အာကာဘုံတရိုး
ကြီးလှအသံ
တညံညံကေ
ရုံလျှင်ဟစ်ကာကြိုး၍
တဖြိုးဖြိုးသွန်းကျလာ
ဝဿန်ရာသီ
မိုးဦးချီသော်
တောင်လီဖြူးကာကာနှင့်
မေလျှင်ရင်လုံးအီး
နဂရစ်တောင်ယောင်
ဝင်းလင်းပြောင်သည်
မေကမပျော်ဘိလည်း --။

တယောက်တည်း မေ့တကိုယ်
ဟိလတ်မနော်
စက်တော်ခေါ်ကေ
မေကမပျော်လိုလည်း --။

တယောက်တည်း လုံးချင်းသာ
ခန်းမဆယ်တောင်
တိုက်ခန်းဆောင်မှာ
မောင့်ကိုယ်ကိုမွှီ၍စမ်း
မောင်ကိုယ်ငွိ
မတွိသောခါ
မေရို့မှာကေ
တုံစွာတချမ်းချမ်းနှင့်
တ,နိုးနိုးကြက်သီးဝှန်
ပူပန်ပျောင်းပျ
မောင့်ကိုတကေ
အလှရင်လုံးနွမ်၍
မိုးသောက်ပြန်ထတုံသောခါ
ဗိမှာန်အိမ်နား
ပန်းစံကားသည်
သစ်ဖျားအခက်မှာကား
ငှက်ရွှီဝါကေ တတွတ်တွတ်
(ရောက်ပျာ ရောက်ပျာ)
တြင်းငြာကေ
ကျူးကာနမိတ်ဖတ်၍
မြည်တမ်းရွတ်သည် ငှက်ရွှီဝါ
နိညမဟူ
မောင့်ချစ်သူလေ
မေဖြူကြားလီပါက
အဂယင့်သာ ဟုတ်စနိုး
ချစ်မိုးစုံလင်
ရာသက်ကြင်သည်
အယင်မောင်ရောက်ဖို့ဟု
လွမ်းစိတ်ဖြစ်နီစိုင်တွင်
ပဉ္စင်တူရိယာ
နှဲခရာကေ
ညီညာတီးမှုတ်ကျင်၍
လွန်ပျော်ရွှင် လူအများ
ဇကြော့ကခြီ
ရုပ်မျိးစီကေ
အညီယိုးဒယားနှင့်
သဘင်များပွဲရံရာ
လက်ဖျားကိုချီ
သူ့သက်ဝီသည်
ကိုယ်စီသားနှင့်လာ၍
မိပျော်ငြားဖသက်နှံ
မောင်ဇံပူဆာ
ဖကိုရှာကေ
မြီမှာလှူးကာပြန်၍
တကြံကြံ ငိုလိုက်လတ်က
အလှယင့်ယူ
မေဖြူစိတ်ပူဆာလည်း --။

ပြောစရာ ဆိုမတတ်
မြီးမိခင္မွာ
ရင်ကိုထုထောင်းသတ်၍
ဖခင်တွက်မည်ကြောင့်
မွီးမေအသက်ပင်
သီလျှင်တော့မည်ဟူ၍
အူသဲခြီ တုံလို့ချိ
ဆီးဝါးဂါထာ
မရသာသော်
ပြင်းစွာလောင်သည့်မီးကို
စောင့်ထိမ်းသည် ငြိမ်းသက်အောင်
စေတနာကေ
မိတ္တာဆွမ်းဖြင့်လောင်း၍
(-- ပီပျောက် --)

တိုင်းရပ်မြီ မိဇ္ဈိမ
မိဘဌာန
ရောက်လတ်သောခါ
နှစ်ပါးမောင်နှံ
ဆရာ့ထံမှာ
ဝပ်စင်းလျှောက်တောင်းပန်၍
ဇေတ၀န်မြတ်ကျောင်းတော်
လုပ်လတ်ပြီးခါ
တိုင်းသူပြည်သား
ကောင်းမှုဖက်ကေ
မိတ္တာရီစက်ချ၍
ဝသုမ်ဒရီမြီစောင့်နတ်
ဘော်သျှင်မနတ်လူဗြဟ္မာ
ကောင်းချိမ့်ပြုကေ
နတ်လူသာထုခေါ်စီသောဝ်လည်း --။

(နာမည်မသိ စာဆို)

ကိုယ်တော်ပညာစာရ ကောင်းမှုပြုပါသည်။

(သာလှဥိး)

တပေါင်းလ

တပေါင်းလ
=====

ဟေမာန်ကုန်ပြောင်း၊ လတပေါင်းသည်၊ ချမ်းဆောင်းနွီကာလ
တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လီထက
ကြွီကျပင်တကာ ဖူးရစ်နုဆောင်၊ သီကုံးယောင်သို့
ခြောက်ရောင်စိမ်းညိုပြာလျှက်
ရှုခီသော်လွှမ်းဖွယ်တိ၊ သီးပွင့်တကာ
ပင်တိုင်းမှာလျှင်၊ ချိန်ခါအညီညှိသို့
ကြည့်သရိ လွမ်းအောင်ဖန်၊ ရွက်ကျင်ဆွတ်ခြီ
တပေါင်းလီတိုက်ပြန်က
ကုံးသီဟန်ပုံမခြား၊ ညှာစိမ်းရွှီတူ၊ ငွေတူပန်းကြွက်နားတည့် --။

ဒေါန ချတ္တရာ၊ အဝေယာ ကြက်ရုံး
ဂမုန်း စံကား ၊ ဆပ်သွား ဇီဇ၀ါနှင့်
နော်ဇာသည် ဇော်ဂျီပန်း၊ ပုန်းညက် ကြန်ဇာ
ဇလတ္တာကေ၊ ခတ္တာ ပန်းခေါက်ရမ်းနှင့်
ပြိုင်းပန်းမြင့် တ၀ီဝီလူ၊ လီညှင်းဆွတ်ယူ
တောလုံးမွှီးနံ့ကြူလျှက်
မဉ္စူသည် ပန်းထင်ရှား၊ ကွမ်းဘဲ ဆင်ဝီ၊ ငုံးရွှီ ပန်းချရားနှင့်
ကုံးသီထားပုံအတူ၊ ဟေမန်ကုန်ပြောင်း
လတပေါင်းသည်၊ ချမ်းဆောင်းအကုန်ယူ၍
သာမြို့ဟူ ကံ့ကော်ပန်း၊ ပွင့်မျိုးစုံကေ၊ ဂိမာန်တပေါင်းယွန်းမှာ
စွန်းစွန်းဆွတ်ယူ၊ ဆယ်ချောင်းထိပ်မိုး၊ ဘုန်းလျှံဖြိုးကို၊ ရှိခိုးပန်းတင်လှူ၏လေ --။

(ဥက္ကာပျံ)

နီဆယ်စင်းသို့ လင်းပါစီ

နီဆယ်စင်းသို့ လင်းပါစီ
===========

အခက်အခဲ
ဂယက်ဝဲက ရုန်းထလှုပ်လျှား
ကြိုးစားပါလော့ ရခိုင်သား --။

ငိုက်၍မနီ
စာပီသုတ အ၀၀ကို
စိငှသေချာ
လေ့လာပါလော့ ရခိုင်သား --။

တောင်ပိုင်းမြောက်ပိုင်း
အတွေးရိုင်းရို့ ထိုင်းမှိုင်းနီစွာ
အတိတ်မြီမှာ
ကျန်ခပါဗျာ --။

စုစည်းမှုများ
ညီညွတ်အားဖြင့် လှုပ်လျှားထကြွ
ကမ္ဘာ့အလယ် ရခိုင်ပြည်မှာ
နီဆယ်စင်းသို့
ထိန်လင်းပါလော့ ၀င်းပါလော့ ---။ ။

(စစ်တွေ ခိုင်သာမိုး)

ရက္ခမဏ္ဍိုင်

ရက္ခမဏ္ဍိုင်
=====

အမျိုးဂုဏ်ရောင် နီတန်းဆောင်သို့
ထွန်းပြောင်အလှ ရက္ခမဏ္ဍိုင်
ရခိုင်လူမျိုး ကိုးသည့်ဗုဒ္ဓ
ထွန်းပသာသနာ သဒ္ဓါတင့်ဆန်း
ပွင့်လန်းစာပီ ရှိမွီထိန်းသိမ်း
မတိမ်းအယူ အလှူဒါန
သီလဘာဝနာ သုံးဖြာသဒ္ဓမ္မ
နိညမပြတ် မလပ်အားထုတ်
ကြိုးကုတ်စီးပွား စိတ်ထားဖြူစင်
မှန်လျှင်မှန်ကြောင်း မကောင်းဘွင်းဘွင်း
ရိုးစင်းစကား မကြွားမညစ်
ကောက်ကျစ်မပြု ယခုထက်တိုင်
ရခိုင်ရို့သွီး ရဲတွီးနီတျာ
သံထက်မာသည်
ကမ္ဘာတည်သရိဟိမည်တည်း --။

ငွေသဇင် (သံတွဲ)


ရခိုင်စိတ်ဓါတ်

ရခိုင်စိတ်ဓါတ်
=======

နွီအပြင်းဓါတ်
နီမင်းသတ်လည်း သတ်တိုင်းမသီ
နွီရာသီပန်း
ပွင့်လန်းခိုင်မြဲ မွှီးကြိုင်ဆဲ --။

ကမ်းရိုးတန်းနား
ရခိုင်သားရို့ စိတ်အားမငယ်
မကြောက်လွယ်ပါ
မုန်တိုင်းလာလည်း ကြိုဆိုရဲ --။

မုန်တိုင်း၏ဒါဏ်
ကြံ့ကြံ့ခံယင်း နက်ဖန်ခရီး
ပင်လယ်ဆီးလည်း ခရီးမတွန့်
မစိုးလန့်ပါ ရှိမှာပန်းတိုင်
မယိမ်းယိုင်ဖို့ ရခိုင်စိတ်ဓါတ်
ယတိပြတ်နှင့် ကျော်ဖြတ်ခကတ်
အနာဂါတ်ဘ၀ လှပဖို့တွက်
အသက်ဝိဥာဉ် ရှင်သန်နီ --။

နီ၏ခက်ထန် မုန်တိုင်းဒါဏ်ကို
အံတုဖက်ပြိုင် ကျော်လွှားနိုင်သည့်
ရခိုင်စိတ်ဓါတ် မွန်အမြတ်ကို
စောင့်ကြပ်ထိန်းသိမ်းကတ်ပါ ငရို့
ရခိုင်သားရို့ လွတ်မြောက်ဖို့ --။

(စစ်တွေ ခိုင်သာမိုး)

အနာသိကေလည်း

အနာသိကေလည်း
=========

ကိုယ်ရို့အချင်းချင်း
ယုံကြည်မှုကင်းနီသရိ
ညီညာမှု မတည်ဆောက်နိုင် --။

သမိုင်းကိုမကြည့်
လက်ဝါးကြီး အုပ်ချင်စွာရာသိရေ
ပကတိ တိုင်းပြည်
တင်ပြကေလည်း မယုံ
တစ္ဆီပူး အကြောက်သန်နီရေပိုင် --။

သူများကိုလည်း မယုံ
သူရို့ကိုလည်း ယုံလို့မရ
ပေါင်းမိခါမှ
ထိုဖဲ့ပီး ဒေဖဲ့ပီးနန့်
ကြာကေ (ဗျ) ရာကျန်ယင့် --။

ကုလားမနိုင်
ရခိုင်ကိုမီး
အခုက
မီးဖို့အစား
မဲထားလာစွာ ဇာလောက်ကြာဗျာယ်လဲ --။

ကြည့် - - - ပင်လယ်ပင်စွပ်တိကိုပင်
လက်ဝါးထက်တင်ဖို့ကိန်း ဆိုက်နီဗျာယ်
ယကေလည်း
ဒေနိထိ အတွက်မခံကတ်သိမ့်
ညောင်မြစ်ကို နှုတ်ဖို့တက်စား
ညောင်ရွက်ကို လိုက်ကောက်နီရေ
ကောက် - - - ကောက်
ဇာလောက်မကြာ ရင်ဆာဆာနန့်
အနာသိကေလည်း
ကုထုံးဆီး မပီးမိရေအတွက်
အနာကပြန်
သမိုင်းပီးဒဏ်နန့်
ပက်လက်လန်ရေဘ၀ ရောက်ဖို့
စဉ်းစားထား
စဉ်းစားထား --။

သိန်းနောင် (ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ အမှတ် (၂၀)

 

စဉ်းစားလို့ တုန့်ပြန်ပါ

စဉ်းစားလို့ တုန့်ပြန်ပါ
==========

မောင်ကြီးသျှင် လာရေ လာရေ
ရီလောင်းကတ်ပါမည်
နှစ်သစ်ကူး သင်္ကြန်ပွဲမှာ
မရီးရို့နန့် အတူပြိုင်လို့
ရီလောင်းဖို့ လာရေ --။

ကျန်းခန့်သာ မာစီကြောင်းကို
တောင်းဆုမိတ္တာ ပို့ပါရေ
ဒေနှစ် သင်္ကြန်ပွဲမှာလေ
သူနိုင်ကိုယ်နိုင် ရှိဆိုင်လောင်းကတ်မည် --။

မင်္ဂလာအပေါင်းနန့် ပြည့်စီကြောင်း
ဆုမွန်တောင်းပျာယ် မိတ္တာဝီ
အခါသင်္ကြန် နှစ်သစ်ပြောင်းမှာ
လောင်းလိုက်မည် အတာရီ --။

မာစီသာစီ ကျမ္မာချမ်းသာ ဖီးကင်းကတ်စီ
ဌာနီဖြာဝီ စီးပွားဥစ္စာ တိုးပွားကတ်စီ
သူငါတူညီ စွမ်းဆောင်ကြိုးပန်းပါလီ
ပြည်ရခိုင်လေးဝတီ တပြည်းညီ ဖွံ့ဖြိုးတိုးတက်စီ --။

နှစ်ဆန်းစ မင်္ဂလာချိန်မှာ
ပိတောက်ရွှေဝါ ဖူးပွင့်ပါလို့
အတာရီသဘင် သင်္ကြန်ပွဲကို
ဆင်နွှဲနှစ်စိုင် မပျက်ပါ --။

ရခိုင်ဓလေ့ ရခိုင်ဘာသာ
ဖိုးဖီးစိုင်လာ ထူးလှပါယင့်
မြူးပျော်ရွှင် ရိုးရာပွဲမှာ
ယဉ်ကျေးမှုနှင့် ပြည့်ဝပါယင့်လေ --။

ရှိအဆက်ဆက် အစိုင်အလာ
ရခိုင့်ရိုးရာ ဟိခပါယင့်
နံသာရီစင် ၀ိုင်းပျာယ်သွီး
ဆိုတီးကခုန် မြူးကာ --။

ဘုရားတရား မြတ်သံဃာ
မိဘဆရာ ကန်တော့ပါယင့်
ကိုယ့်ရိုးရာ သင်္ကြန်ပွဲကို
အမြဲမပျက်အောင် ကျင့်ပပါယင့်လေ --။

အခါတော် တန်းခူးလ
သင်္ကြန်ကျလို့ မောင်ရို့ပျော်ရေ
ပိတောက်ခိုင်ညှာ ရွှေဝါဖူး
ဥသြကျူးလို့ မြူးပျော်ရွှင်ရေ --။

အတာရီ စုပျာယ်လောင်းရေ
မာစီသာစီ ဆုမွန်တောင်းရေ
မာပါစီ သာပါစီ
ကျန်းကန်းသာလို့ မာကတ်ပါစီ --။

မောင်ကြီးသျှင် ၀ိုင်းတော်သား
မိတ္တာထားလို့ ပြောကြားပါမည်
သင်္ကြန်ခါ ပြုံးရွှင်ပြီး
နှလုံးဘ၀င်အီးဖို့ တေးဖွဲ့ဆိုရေ --။

ပန်းပိတောက်ပိုင် မွှီးပါကတ်စီ
သင်္ကြန်ရီပိုင် အီးပါကတ်စီ --။

အယင်ခါ ရွှေထီးဆောင်း
ယင်းအကြောင်းကိုကျည်း မပြောစီချင်ပါ
အခုချိန်ခါ တိုင်းပြည်အကျိုး
ကြိုးစားလုပ်မှ တိုးတက်သာယာ --။

စကားကို လျှော့ပါလျော့ပါ
လုပ်အားကို တိုးပါတိုးပါ
ပြည်သာယာ ပြည်သာယာ
ဖြစ်လာစီဖို့ အနာဂါတ်နောင်ခါ --။

မရီးအလှ အသွင်ရူပါ
မောင်မောင့်ရင်မှာ စွဲမိပါယင့်
အတာရီစင် လောင်းနီတုန်း
ရွှင်ပြုံးအီးမြ အလှပို --။

မျက်လုံးက ရွှန်းစိုစို
မျက်နှာချိုချို အီးချမ်းသာလို့
ပန်းပိတောက်ပိုင် လှပုံဆန်း
စွဲလန်းလို့ ချစ်မိပါယင့်လေ --။

ချစ်ရဖို့ လူကိုရှာခါ
ငွေဖလားကိုင်ကာ ပြုံးပြနီယင့်
ထိုမှာမြင်ပျာယ် မဏ္ဍပ်ကြား
လောင်းအနားက မရီးချေ --။

ငွေဖလားကြီးနန့် ရီကိုယူပျာယ်
မရီးပျိုဖြူ လောင်းလိုက်ပါဖိ
မူယာပျူငှာ ခြောက်ပြစ်ကင်း
ညမင်းအရုပ် မျက်နှာ --။

တွိရလို့ ဒေချိန်ဒေခါ
မောင်မောင့်ရင်မှာ ချမ်းမြေ့ပါယင့်
ခါတော်သင်္ကြန် ရက်မြတ်များ
လွန်လားလတ်မည် စိုးရေ --။

မဏ္ဍပ်တွင်းက လမင်းတရာ
ဝင်းဝါပြိုင်တူ ထွက်တေအလား
အသက်လျှူ ပင် မှားလောက်ပါယင့်
အသဲကြားမှာ စွဲထားချင်ယင့်လေ --။

ရီတဖလားလောက် လောင်းပါမည်
ချစ်တေဆိုရေ စကားကိုလည်း
နားလည်အောင် ပြောခပါယင့်
စဉ်းစားလို့ တုန့်ပြန်ပါဖိလေ --။

(စစ်တွေ ညိုသန့်)

မောင်တော်တမ်း အလွမ်းပြေ

မောင်တော်တမ်း အလွမ်းပြေ
=============

အပွင့်ယေဖြူ ပြာ၊ အညှာယေကောင်းခြင်း
ယာတောင်ထက်မှာ၊ ဝါဂွမ်းခင်းလေး--။

ဝါဂွမ်းပင်ငုံ၊ ဖူးပွင့်စုံ
ဆွတ်တုံမေရို့၊ ဗိုင်းငင်ဖို့ --။

ဗိုင်းဝင့်ဝါခြည်၊ လက်ရက်ထည်
မေ့မောင်ရို့မှာ ဝတ်ရမည်လေး --။

ဝါခြည်ဒူးယွား၊ အသားညက်
အကွက်အဆန်း၊ မောင်တော်တမ်း
အလွမ်းလည်းပြေ၊ ခေါ်ကတ်တေ --။

ရက်တေမေပျော၊ လက်စချော
နှမလက်ရာ၊ မောင်ဝတ်လာ
အဘာကြီးသား၊ လှရေကား
ကြွရေပရေ၊ သာထွန်းဝေ
မေ့မောင်ရို့မှာ မျက်ငါးသွယ်လေး မျက်ငါးသွယ် --။

မှတ်ချက်၊ ၊ အေကဗျာမှာ အလွမ်း(ပြေ) ပါ။ အလွမ်း(ပြီ) မဟုတ်ပါ။ (အီ) ဆရာကြီးတိအတွက် အကျိုးဟိဖို့ထင်လို့ မူရင်းသတ်ပုံအတိုင်းပြန်တင်ပီးလိုက်ပါသည်။

ကျောင်းသုံးစာအုပ်မှာ (ဒူးယား) လို့ ရွီးထားလားမသိ။ ပြည်ထဲကလူတိ ယင်းကဗျာကို ကျောင်းသုံးမူအတိုင်း Scan ဆွဲလို့ တင်ပီးနိုင်ကေ ကောင်းဖို့။ ဓည၀တီသာခြင်းမှာ (ဒွယား) လို့ သုံးစွာကို တွိရပါသည်။ ယေဇူး ကျောင်းသုံးမူနှင့် ဓည၀တီသာခြင်းပါအရွီးအသားနှစ်ခုကို ညှိပြီးကေ (ဒူးယွား) လို့ ရွီးလိုက်ပါသည်။

(သာလှဦး)

သောက်ခါမပြောကောင်း

သောက်ခါမပြောကောင်း
============

အတိတ်က ရွှေထီးဆောင်း ငွေထီးဆောင်း
မင်းထီးမင်းဘာ ဝေသာလီသျှစ်သောင်း
ပင်းဝါချီစစ်ကြောင်း ဘင်းဂါချီစစ်ကြောင်း
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း --။

ဒေ၀န်းကြီးအကြောင်း အသျှင်ဥတ္တမအကြောင်း
ဦးရွှေဇံအကြောင်း ရဲကျော်သူအကြောင်း
အမျိုးဘာသာ သာသနာ မည်သည်မည်ဝါ
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း --။

ငါ့လိုင်ခြောင်း မင်းလိုင်ခြောင်း
တသီဖြည့်လို့ မပြည့်ရေလှိုဏ်ခေါင်း
စကားကောင်းနန့် တန်လားမတန်လားမသိ
ဝိုင်းမိကတ်ပျာယ်ဆိုကေ သာလို့ခြီ
ချောင်းကျ မြောင်းကျပေါင်း အလီလီ --။

သမိုင်းစာအုပ်ထဲက မင်းထီးမင်းဘာ အေကနိမှာ
ရှင်ပြီး နိုးထလာကေ
ရင်ကြီးကျိုးကျပါမည် --။

ငါ့ယောင်လည်းကောင်း သူ့ယောင်လည်းကောင်း
ယမကာနံ့တထောင်းထောင်း
လူပျင်းလူဖျင်း အငြင်းသန်အပေါင်းရို့ကို
သွားကျွတ် ပါးကျွတ် ပရွတ်နရွတ်
ထထွတ်ကြီလားအောင်
(ထည့်) ပလိုက်မည်လား မဆိုနိုင် --။

ယေကေလည်း အဆွေ
အေကဗျာကိုတော့
သောက်ခါလည်း ဖတ်ကောင်း
မသောက်ခါလည်း ရွတ်ကောင်းပါရေ --။

ရိုးမရင်သွီး
(၂၃၊၁၀။၂၀၀၁)

မိုးသောက်ရောင်နီ (ကြောင်ရီချွတ်လင်္ကာ)

မိုးသောက်ရောင်နီ (ကြောင်ရီချွတ်လင်္ကာ)
(LIGHT IN THE SKY)

(၁)
ပြောခါရခိုင် ရွီးခါမြန်မာ
မပီကလာ ပီကလာသည်
ကိုယ့်ဘာသာမိ စာကိုမိလျှက်
မသိတရား လွန်ပွားများ၍
အသိတရား လွန်ခေါင်းပါးသည်
ဖားတပိုင်း ငါးတပိုင်း
ပုံနှိုင်းရမူ ခွီးတူဝက်တူ
ထိုသည်လူလျှင် အယူမှောက်မှား
ပေါက်ကရားတည်း လားလီရာမှာ
မျက်နှာမလှ ဗီဇမပီ
ပဒရီစွပ် ကြောင်ရီဝတ်လျှက်
အမှတ်သညာ ကိုယ့်စာစကား
ဟိသော်ငြားလည်း အောက်နွားနောက်လိုက်
သူလျှင်ဖြစ်ရ ဘ၀ကျွန်ယုတ်
စုန်းစုန်းမြုတ်ကာ ဒုတ်ပိုင်းနောက်ကုန်း
ဘုန်းဘုန်းကျမှ အဘာထအော်
ယောက်ဖခေါ်သည်
မပေါ်ဖပျောက်သူလျှောက်တည်း --။

(၂)
ဖပျောက်မပေါ် ယောက်ဖခေါ်သား
သူဖုန်းစားလျှက် စကားပရိယာယ်
အလွန်ကြွယ်ဝ ပြောကတဖုံ
လုပ်တုံတမျိုး သူခိုး၏ညာဏ်
အကောက်ကြံတတ် ဘောက်ကတတ်လျှင်
ပြောလတ်ပါသည် ရခိုင်ပြည်မှာ
ဇာတာမကောင်း မင်းလောင်းကိုမျှော်
ပင့်ဖိတ်ခေါ်ကတ် ဆွီမျိုးစပ်ပါ
ပီးအပ်နှမ အလှပကို
ရောင်းကြစားကြ ၀မ်းဝမှရာ
ပြည်သာယာမည် လာရာလာလတ်
ပြန်မအလွှတ်ပါ ဖြတ်ဖြတ်လူးလူး
စုန်းနတ်ပူးသို့ ဦးဖျားထိပ်တင်
လျှောက်ခန်းဝင်သည်
အယင်ဒုန်းပေါက်ဆောက်၏တည်း --။

(၃)
ဒုန်းပေါက်အယင် လျှောက်ခန်းဝင်သည်
ထိပ်တင်လက်မိုး ရှိတော်ခိုးလို့
ငါကျိုးကိုမျှော် ပူဇော်ပသ
ပြည်ဓညမှာ ဖြစ်ကြပါသည်
ငါ့မည်နာမ မာနတက်လျှက်
ငါထက်လည်းသာ မနာဝန်တို
စိတ်ငြင်ငြိုလို့ မလိုမုန်းပွား
ရန်ငြိုးပွားကာ ခိုက်ရန်ရှာသည်
ဗာလာလူမိုက် နောက်လိုက်အငှား
သူတောင်းစားလျှင် ကောင်းစားပါကြ
ခုကာလ၌ ဖြစ်ကြဖုံဖုံ
အလုံးစုံကို ပုံတိုပုဒ်စ
ထုတ်ကာပြမည်
ဟုတ်ကမနာကြစီသတည်း --။

(၄)
မနာဟုတ်က ထုတ်ကာပြမည်
ပုဒ်စပုံတို နားထောင်လိုက
လာလတ်ကြပါ ရောဂအနာ
ပျောက်ချမ်းသာအောင် ဆရာသမား
ကုစားသည်သို့ ရခိုင်ရို့ကို
ပြောဖို့ဥပမာ လင်္ကာစီကုံး
ကာရန်သုံးလို့ နှလုံးသာယာ
ဟိစိမ့်ငှာလျှင် ရွီးကာလည်းပြ
ဆိုကာပြမည် ကြောင့်ကြစိတ်ပူ
မငြူစူကဲ့ သျှင်လူတကာ
စိတ်ချမ်းသာမှ ဓညာရွှေပြည်
ရပ်ကြီးစည်လိမ့် တေဇာဘုန်းမိုး
ကြက်သရေတိုးလိမ့် အမျိုးဘာသာ
ထွန်းလင်းဖြာလိမ့် ဝေနေယျသတ္တ၀ါ
ဖီးကင်းကွာလိမ့် ဖြစ်စိမ့်သောငှာ
စေတနာသည်
ပြည်ရွာလွတ်မြောက်ရကြောင်းတည်း --။

(၅)
လွတ်မြောက်ပြည်ရွာ စေတနာနှင့်
ပြောခါနားထောင် လက်မထောင်ကဲ့
ထောင်ရေလက်မ အောက်သို့ချလိုက်
မာနတန်းခွန် မိုးထက်ပျံလို့
ဖောက်ပြန်သမှု မပြုကတ်ကဲ့
ပြုသည့်မာန အောက်သို့ချလိုက်
ဝါဒယှဉ်ပြိုင် ကြီးနိုင်ငယ်ညှင်း
အချင်းချင်းကို လုပ်ခြင်းရက်စက်
အစွယ်ထက်လို့ တောဝက်ပိုင်ယှောင်
မာန်မစောင်ကဲ့ စောင်သည့်စွယ်မာန်
နောက်ပြန်လှန်လိုက် အပြစ်ကိုမြင်
အယင်ပျင်ကတ် စာမတတ်ကဲ့
ဆိပ်ကျပ်ဆင်ချောင် လူ့ဘောင်လောက
မမျှတလို့ ပွပွပူပူ
ကျွက်ကျွက်ဆူရ ပုန်ကန်ကြသည်
ဒုက္ခကြွက်တွင်းနက်ရသတည်း --။

(၆)
ကြွက်တွင်းဒုက္ခ နက်ပါရသည်
စောရငပျင်း လက်ကြောတင်းနှင့်
မင်းဆိုးမင်းညစ် မှိုက်သရိုက်လျှင်
ဖြစ်ကြတဖုံ မွှီတုံယမ်းကား
ထွားထွားညက်ကြီ စစန့်သီရ
ကာလနာလျှင် ဆိုက်ကြပါကြောင်း
အလောင်းတောင်ပုံ ပုပ်ပွကုန်ကြ
ခွဆုံလမ်းကြား ၀မ်းလျားမှောက်လဲ
ကွဲပြဲသွီးယို ဗဗြန်းပြို၏ --။

ငိုယိုပြီးလွှား ကျောင်းသားသူငယ်
အရွယ်နုနု သက်ကိုလု၍
ဥပမာမူ ဖုတ်ပူမီးတိုက်
ကုလားတိုက်ကို ကျားဝင်ကိုက်သို့
မိုက်မိုက်မှောင်မှောင် လောင်လောင်ကျွမ်းကျွမ်း
သောင်းကျန်းပြည်ရွာ ပျက်ရပါသည်
မြန်မာမင်းညစ်ဆိုးသောကြောင့် --။

(၇)
မင်းညစ်မြန်မာ ဆိုးသွမ်းပါ၍
ပြည်ရွာမအီး ဒုက္ခဖီးနှင့်
ကပ်ကြီးလည်းဖြစ် ကာလနာလျှင်
ဆိုက်ကြတဖန် ရာဇဒါဏ်ကြောင့်
မှန်ကန်ဖြောင့်မတ် သင့်မြတ်သောသူ
ထိုသူလူကို ဆွဲယူသတ်ပုတ်
ချိုင်နှောင်ချုပ်၏ မဟုတ်မမှန်
လုပ်ကြံစွပ်စွဲ တရားစွဲ၏
ငရဲမီးတောင် ပေါက်ကွဲယောင်သို့
လှောင်တိုက်ကိုသွင်း နှိပ်စက်ခြင်းကြောင့်
ခြီချင်းတွဲလွဲ ဆင်းရဲမလှ
ခံရထိုထို တချို့ကိုလျှင်
အရှင်လတ်လတ် ကြိုးကွင်းစွပ်၍
သတ်ဖြတ်ယုတ်မာ လုပ်ကြပါသည်
ကြမ်းကြုတ်ဖရုဿာ ၀ါသနာတည်း --။

(၈)
ကြမ်းကြုတ်ဖရုဿာ ၀ါသနာကြောင့်
ပြည်ရွာပျက်ကျ ပုန်ကန်ကြ၏ --။

ထကြသူပုန် အလုံးစုံတည်း
အကုန်သူငါ တော်လှန်ပါ၏ --။

ပြည်ရွာအတွင်း မကြွင်းသျှင်လူ
ဆူပူအုံကြွ ဆန္ဒပြ၏ --။

မျောက်မ၀င်စား ဗိုလ်ချုပ်များလျှင်
ဘုရားပလ္လင် တက်လျှင်းပင်တင်
ဖင်ကိုကွကွ လှန်ကာပြ၏ --။

အသရေယုတ် အရုပ်ဆိုးဆိုး
ပုပ်သိုးနံစော် ရွံစရာတည်း --။

(သို့ပါသော်ကြောင့်)
ယှောင်ခွာဝီးဝီး ဖီးလွတ်ရာကို
ခိုကာပြီးလို့ ရွီးသားလင်္ကာ
စီကုံးပါသည်
မှန်စွာကြောင်ရီကျွတ်အံ့သတည်း --။

(၉)
ကြောင်ရီမှန်စွာ ကျွတ်အံ့ရာတွက်
ရာဇ၀င်မှာ ဖြစ်ပါလာသော
အရာများကို တိုတိုတုတ်တုတ်
ဆိုကာနှုတ်လို့ အကျွန်ုပ်လျှင်
တင်ပြပါမည် ရှိဝယ်အယင်
လောင်းကြက်တွင်ထ ထိုပြည်မကို
ရလိုချင်ဇော လောဘအားဖြင့်
စော်ကားရန်မူ မြန်ဟူခေါ်ထ
အင်းဝသမုဒ် ဇနပုဒ်က
အယုတ်မင်းခေါင် လက်မထောင်လို့
ခေါင်ပုတ်ပမာ ခိုးကာလာလျှက်
ပြည်ရွာသိမ်းဖျက် ဖြိုလုယက်၍
မြို့ပျက်တခါ ကြုံခပါ၏ --။

အရာတခေါက် မြို့မြောက်ဦးမှာ
ငကောက်ငကိုင်း ငလ၀ိုင်းက
ရိုင်းစိုင်းသမှု ပြည်ကိုလုလို့
တုပယှဉ်ပြိုင် အနိုင်လိုငြား
ပိုင်လိုအားဖြင့် ပိုင်းခြားပုန်ကန်
တိုက်ဖျက်ပြန်သည်
အကြံယုတ်စွ ပုပ်ပွသတည်း --။

(၁၀)
ယုတ်စွအကြံ ရခိုင်မှန်လျှင်
အရှင်လတ်လတ် ထူးခတ်သုတ်သင်
ဒါးစီရင်၏ --။

နီဝင်မိုးချုပ် အမျိုးပြုတ်အောင်
ကြိုးတုတ်နှောင်၍ လက်ပေါင်ကိုခွတ်
ဂေါင်းကိုဖြတ်လျှက် သတ်ကြတသွယ်
မြစ်ပင်လယ်မှာ ချပစ်ပေ၏ --။

အချေသူငယ် အစိတ်ကေဆို
ခြီကိုကိုင်မြှောက် ထုတ်ချင်းပေါက်အောင်
ဒါးထောက်ဝါးချွန် ထိုးသတ်ပြန်၏ --။

ကျန်လူမိမ္မ အလှပကို
ကျင့်ကြမုဒိန်း သွီးစိမ်းရှင်ရှင်
အမြင်မကောင်း ဖင်ဟောင်းလောင်းနှင့်
အလောင်းကိုလျှင် ရင်ကိုလည်းခွဲ
အထဲကိုယ်ဝန် မှောက်ကာသွန်လျှက်
မကျန်အငုတ် နိဂုံးချုပ်သည်
မျိုးပြုတ်အစိုင်တုံးအံ့သတည်း --။

(၁၁)
အစိုင်မျိုးပြုတ် အချုပ်နိဂုဏ်း
မဆုံးသိမ့်ပါ တောရွာပန်ဇင်း
လာခြင်းမကောင်း ဖင်ခေါင်းဦးနု
စိုးပြုမှောင်မိုက် ဖဆပလခေတ်တွင်
စစ်တပ်မြန်မာ ပစ်ခတ်ပါသည်
တရွာလုံးကျွတ် အပုတ်ပြတ်တည်း --။

နောက်ထပ်စစ်တွေ ဆယ်သုံးသြဂုတ်
ဖားပြုတ်နေ၀င်း စီမံခြင်းကြောင့်
ထမင်းငတ်ရ ၀မ်းမ၀သော
ဓည၀တီ ဝေသာလီဖွား
ရခိုင်သားကို ကျားထိုးသနတ်
လက်စသတ်၏ --။

မှတ်ကြရခိုင် ကုလားထိုင်မွတ်
အောက်ခြီလွတ်သည်
သီကတ်အကောင် ရောင်ရောင်တည်း --။

(၁၂)
အကောင်သီကတ် ခြီကိုခွတ်၍
မပြတ်တော်လှန် ပုန်ကန်ပါသည်
ဦးစွာမိုးလင်း စယင်းလူစု
အံကိုတုလို့ လူထုထောက်ခံ
လက်ခုပ်သံနှင့် တဖန်စံကျော်ထွန်း
စခန်းထူထောင်
အောင်လံလွှင့်လွှင့် ရွက်ကိုဖွင့်၏ --။

သို့ဖြင့်ချီတက် အသက်ရာသီ
မကျီအခဲ ရဲရဲတောက်လောင်
သွီးမီးတောင်နှင့် အကောင်တီဖြစ်
ရိုးတွန်ရစ်၏ --။

အသစ်ရာဇာ ဆက်ခံလာသည်
လူရာသီလား သူကားမသီ
အာဇာနီတည်း --။

ဤမြီဤသို့ လွတ်ဖို့ကြံစဉ်
သံယောဇဉ်ကြောင့် မယိုင်မလဲ
(ခိုင်ခိုင်မြဲ) သည်
အောင်ပွဲဆက်ကာခံလိမ့်သတည်း --။

(၁၃)
ဆက်ကာအောင်ပွဲ ခြိမ့်ခြိမ့်သဲလိမ့်
အမြဲမစံ လောကဓံကြောင့်
အမှန်မုက္ချ သူရို့ကျအံ့ --။

ဓည၀တီ သိင်ဂီရွှေပြည်
အောင်စည်အောင်မောင် သောင်းသောင်းညံညံ
သံပြိုင်အမြောက် ပေါက်လတ္တံ --။

ဝံလက်ဓိဌာန် တောင်ဖံညီညာ အောင်လံချီလာရောက်လတ္တံ --။
ပျံတက်ဗိမာန် တောင်ယံတိမ်သာ ရောင်လျှံထိန်ဝါတောက်လတ္တံ --။

(Light In The Sky)
(ကြောင်ရီချွတ်လင်္ကာ)
ခရစ်သက္ကရာဇ် (၂၀၀၅) ခုနှစ် ဒီဇင်ဘာလ (ရ) ရက် ဗုဒ္ဓူးနိ ရွီးပြည့်စုံသည်။

နိဗ္ဗာန ပစ္စယော ဟောတု။

ပဒရီစွပ် ကြောင်ရီဝတ်လျှင်
သီကတ်အယင် ထိုခါတည်း --။

မောင်ပေါက် (ရခိုင်ပြည်)

မြောက်ဦးဝေဒနာ

မြောက်ဦးဝေဒနာ
========

မကြာပါသိမ့် ထိုတနိက
အမိသောက်ရှူး မြို့မြောက်ဦးသို့
လည်ဇောင်တခေါက် ရောက်ခီယင့် ---။

တံတိုင်းကပျက် အုတ်ချပ်ထွက်ပျာ
အသက်မပါ မြို့သူနာကို
အကျွန်စလို့ တွိခယင့် ---။

ကျောင်းတော်အပြို ဘုရားအိုလည်း
ငိုလို့ယိုလို့ မြင်ခယင့် ---။

စေတီပုထိုး ထီးတော်ကျိုးလည်း
မျက်ရည်မိုးကြီး ရွာနီယင့်

မပီဝိုးဝါး ကျောက်စာများလည်း
တောများအတိ ဖုန်းလီယင့်

သြော် ---
ဌာနီအပြန် မြို့အလွန်မှာ
နောက်ပြန်ပျာကြည့် တံတိုင်းပဲ့ကို
ဦးတည့်ရှိခိုး လက်စုံမိုးခိုက်
အမှတ်မထင် ကျွန့်ပါးပြင်မှာ
မျက်ရည်သွင်သွင်ကျမိရေ ---။

(လူခိုင်)

ရခိုင့်အောင်လံတော်လင်္ကာ

ရခိုင့်အောင်လံတော်လင်္ကာ
=============

ကြားပိမ့်ဗိုလ်လူ၊ အံ့ချိမ့်မူလော့
သောင်းယူဇနာ၊ မြီမျက်နှာထက်
မြောက်မှာအာသံ၊ တောင်ရံသီဟိုဠ်
နောက်ကိုလှည့်လည်၊ မရွံပြည်နှင့်
ဥတည်ပိုင်ခြင်း၊ ပင်လယ်ဆင်းအောင်
စိုးမင်းတကာ၊ ဦးညွတ်ရာသည်
သာယာရွက်ဆောင်၊ ရန်တိုင်းအောင်သည်
ဘုန်းခေါင်ဓမ္မရာဇာ၊ ဥက္ကာမုခ်ချိုး
သမုတ်ရိုးလျှင်၊ စံစိုးသောခါ
ရက္ခာပူရ၊ ဓညမြို့ကြီး
တိုင်းလုံးထီးကို၊ ပြီးစီးခန့်ရည်
ရွှီနန်းတည်၍၊ အောင်စည်ညံညံ
ဘိသိက်ခံကာ၊ ကျော်သံသတင်း
သောင်းလုံးချင်းမျ၊ မြင်းလည်းသိန္ဓဝ
နာဂဆဒ္ဒါန်၊ ရန်မာန်ပါယ်လှယ့်
ခြင်္သေ့ကေသရီ
အောင်နီအောင်ဖြူ၊ ပဉ္စရူကို
ကြည်ဖြူနှစ်သက်၊ နတ်ရို့ဆက်က
ဘုန်းကြက်သရေ၊ မိုးနှယ်စွယ်၏
ရွှီငွေရတနာ၊ ပဒေသာသီး
ပြီးစီးစီတတ်၊ နတ်သမတ
စောင့်သီလနှင့်၊ ဣန္ဒ၀ဇီရာ
အလင်္ကာရ၊ အစဖြန့်ချီ
သီရိဓဇ၊ ချိုမြသာယာ
နောက်ပိုက်မှာလည်း၊ မဟာသုဓမ္မ
ရာဇဂုရု၊ ရုံးကာစု၍
မျက်ရှုခတ်နှိပ်၊ ရွှီတံဆိပ်ကို
စိပ်စိပ်ကြည်နူး၊ ရွှီနန်းဦး၌
ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက
နတ်လူတကာ၊ ကောင်းချိမ့်ညာလျှက်
သာယာမြတ်နိုး၊ မိတ္တာဖြိုး၍
ရီမိုဃ်းမှန်စွာ၊ မြီသြဇာလည်း
ရသာပြည့်နှက်၊ အောင်ဆုဆက်၍
ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်
ရိုက်သျှောင်းပဲ့တင်ခြိမ့်ခြိမ့်တည်း။ ။


စိန်တင်မြို့စားအမတ်ပညာဟိ (သီရိမာလ္လာ မိပန်းရံ) ရွီးဖွဲ့သည်။


ပြည်ကြီးရခိုင်

ပြည်ကြီးရခိုင်
======

ရက္ခပူရီ၊ တိုင်းဌာနီကား
ရီကြိုင်မြမြ၊ ဂစ္ဆပနှင့်
စိမ်းမြညိုရောင်၊ ရိုးမတောင်နှင့်
ကမ်းမြောင်ရှည်စွာ၊ ပင်လယ်ပြာနှင့်
ရောင်ဝါသွယ်ဖြာ၊ သာသနာနှင့်
စိုင်လာသမိုင်း၊ ဤတိုင်းနိုင်ငံ
နက်သန်ဘုမ္မိ၊ ရာဇ၀င်ဟိ၏ --။

ရက္ခပူရီ၊ ဤသည်နိုင်ငံ
အောင်လံဝင့်ဝင့်၊ ထီးဖွင့်နန်းတည်
ပိတောက်စည်နှင့်၊ နယ်ပြည်သမုဒ်
အချုပ်အချာ၊ အာဏာပိုင်စိုး
မြင်းမျိုးသိန္ဓ၀၊ ကေသရာဇာ
ဗျာလပဉ္စရူ၊ ဆင်ဖြူဆင်နီ
သက်သီသာဓက၊ သင်္ဂေတနှင့် --။

ရက္ခပူရီ၊ ဤမြီဇာတိ
သီရိမဟာ၊ ရာဇာသွီးရင်း
မြတ်ခြင်းသီလ၊ စောင့်ထမျိုးရိုး
ထိန့်ကြိုးငလျင်၊ ပဲ့တင့်ဟိန်းဟိန်း
ဗြိန်းစောင်းသံပြိုင်၊ စည်တော်မြိုင်နှင့်
ရခိုင်သားသွီး၊ ထိန်ထိန်ညီးသည်
ဘုန်းမီးနီလတောက်ထွန်းတည်း --။

(နရသီဟ)

မြို့သူကြီး အောင်ကျော်ဇံရတု

မြို့သူကြီး အောင်ကျော်ဇံရတု
==============

ဥဒါန်းမကြီ၊ ဖြစ်ရလီခြင်း
ဇာနီအမှန်၊ အောင်ကျော်ဇံကို
ကြံကာမွှီနှောက်၊ တကျိပ်ခြောက်ရို့
ယွင်းဖောက်သစ္စာ၊ သူရို့မှာလျှင်
ဝမ်းစာစားခွက်၊ တထပ်တွက်ကို
တသက်စာထင်၊ ခွီးအမြင်ကြောင့်
တိုင်းခွင်သာစည်၊ ငါရို့ပြည်လည်း
သူ့ပြည်ဖြစ်ရ၊ ၀မ်းနည်းစွတည်း ---။

မိဘဆရာ၊ ပေါရဏာရို့
ဝေါဟာထုံးဟောင်း၊ လူဗူးတောင်းကို
မပေါင်းဖော်ရာ၊ ဆိုတုံပါလည်း
ယွင်းကာသတိ၊ ပေါင်းဖော်မိ၍
လက်ဟိဒုက္ခ ငါကြုံရ၏ ---။

ဘ၀တဇစ်၊ လူပြန်ဖြစ်က
အသစ်ခုပင်၊ တော်လှန်ချင်သည်
ဇာတွင်မမိနိုင်သောကြောင့် ---။

(မြို့သူကြီး အောင်ကျော်ဇံ)

ဒေးဝန်းကြီး အောင်ကျော်ရွှီရတု

ဒေးဝန်းကြီး အောင်ကျော်ရွှီရတု
===============

နောက်သားနောင်လာ၊ နောက်ထပ်ပါရို့
ဆရာသုံးလက်၊ ရှိကံဖက်၍
အသက်ခန္ဓာ၊ လူရို့မှာကား
တခါတရံ၊ အဘိုးတန်၏ ---။

တရံတခါ၊ ဆိုတုံပါလည်း
သူသာလာလျှက်၊ ဖိနှိပ်စက်က
အသက်ထိုခါ၊ ဆုံးတတ်ရာ၏ ---။

ပြည်ရွာတိုင်းဖွား၊ မျိုးလေးပါးရို့
တရားလမ်းမှန်၊ ကျင့်ကြောင်းကြံလျှက်
အမှန်မုက္ချ၊ သက်စွန့်ကြလော့ ---။

ဓမ္မတာလမ်းမမှန်၊ ဆိုးကြောင်းကြံလျှက်
တန်စိုးကိုစား၊ လိမ်လှည့်ဖျားသော်
နောင်သားတဖန်၊ သည်းမခံနှင့် ---။

နိုင်ငံတကာ၊ ဟူရာရာ၌
ပညာနှင့်ညာဏ်၊ သင့်စွာဖန်၍
တာဝန်မပျက်၊ သစ္စာရွက်လျှက်
အသက်ကိုလှီး၊ သွီးချောင်းစီးမှ
အပြီးကြံ့ခိုင်၊ နိုင်ငံတိုင်းမြို့
အစို့စို့နှင့်၊ ကိုယ့်ရို့ရပ်စည်
ကိုယ့်တိုင်းပြည်ကို၊ ရမည်မုက္ချ
ဤလောကသည်
အောက်ကျမခံချင်သောကြောင့် ---။ ။

(ဒေးဝန်းကြီးအောင်ကျော်ရွှီ)

မင်းသားကြီးရွှီဘန်း သီတန်းစာရတု

မင်းသားကြီးရွှီဘန်း သီတန်းစာရတု
================

မင်းသားအမှန်၊ ငါလျှင်ကြံက
နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်
ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ
ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း
ဘ၀ပြောင်းလိမ့် ---။

ဖြစ်ကြောင်းသံသရာ၊ သတ္တ၀ါရို့
မှန်စွာမချွတ်၊ သူမသတ်လည်း
မလွတ်တခါ၊ သီအံ့ရာတည်း ---။

ကမ္ဘာတာရှည်၊ သူရို့သည်လည်း
အတည်မစိုး၊ ငါမြီတိုးသော်
အရိုးတခါ၊ တွန်လိမ့်ရာ၏ ---။

နောင်လာနောက်လူ၊ ရခိုင်သူရို့
အယူမစောင်း၊ ငါ့လမ်းကြောင်းကို
ကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကို
တခါမုက္ချ၊ ငါရို့ရအံ့ ---။

လုံ့လရှိခံ၊ လိုလျှင်ကြံက
နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်
စွဲမှတ်ဤစာသီတမ်းတည်း ---။ ။

(မင်းသားကြီးရွှီဘန်း)

Friday, May 8, 2015

သျှစ်သောင်းဘုရားသံထီးတင် ရခိုင်သံချပ်ကြီး

သျှစ်သောင်းဘုရားသံထီးတင် ရခိုင်သံချပ်ကြီး
=====================

မောရပဗ္ဗတာ သေလာကျောက်
ဘဂ၀ါဇိန ရောက်သောခါ --။

ဗြဟ္မာနတ်လူ ပူဇော်ကပ်
မြတ်စွာဗုဒ္ဓ ပြုံ့တော်မူ --။

စွယ်တော်လေးဆူ သွားတော်ပေါင်းမှ
နီမောင်းညိုမြ ရောင်ခြောက်သွယ် --။

တိုင်းမြတ်အလယ် ပြည်ဓညမှာ
ထိန်လင်းတောက်ပ ကူးယှက်လာ --။

ရာဇာသူရိယာ စန္ဒာမင်းမှာ
သဒ္ဓါပြင်းပြ ပီတိဟုန် --။

လက်တော်စုံကို ထိပ်မှာမိုးလို့
ရှိခိုးဝန္ဒန လျှောက်လီခါ --။

ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ပန်းကို
ဆင်မြန်းစုံမက် ဦးတင်ချီ --။

ဓည၀တီ ဌာနီတိုင်းဟု
သမိုင်းနာမ ဗျာဒိတ်ဟာ --။

မျိုးမြတ်ရက္ခာ စိုင်လာထွန်း
ကြငှန်းတည်ဆောက် စိုးစံလာ --။

ပြည်ဓညာ တေဇာထူး
မြောက်ဦးရွှီနန်း ရောက်သောခါ --။

မင်းမြတ်ရာဇာ ကျော်သတင်းနှင့်
မင်းဘာမင်းမြတ် စိုးတော်မူ --။

ထီးအဆူဆူ ပိုင်ကာချုပ်
ချွန်းနှယ်အုပ်လို့ ကတုတ်ခံ --။

ဥာဏ်မြတ်အမွန် ပညာဟိ
က၀ိနာမ မြတ်ဆရာ --။

ဦးမြ၀ါ ညွှန်ကာပြ
ဌာနသီရိ ဘုမ္မိမြီ --။

များဗိုလ်ခြီ သျှင်လူပေါင်းရို့
ကောင်းမှုဒါန ပြုသောခါ --။

ရန်အောင်ဇေယျာ ဘွဲ့မည်ပီး
ပုထိုးတော်ကြီး မြတ်မွီတော် --။

သျှစ်သောင်းသျှင်တော် ကျော်သတင်း
ဇမ္ဗူသောင်းတွင်း ထွဋ်မဏ္ဍိုင် --။

မယိမ်းမယိုင် တည်ကာဟိ
ဗုဒ္ဓာဓိပတိ ငါရို့ပြည် --။

ခြောက်ပါးရောင်ခြည် ဖြိုးကြွယ်တောက်
ထက်အောက်အနန္တ စက္က၀ါ --။

ဖီးမျိုးယှင်းကွာ ကင်းစင်ဘိ
မုနိဗုဒ္ဓ အာရဟံ --။

သကျဇိနံ ဥဒိဿကို
ပူဇော်ရဟ ထီးတော်လှု --။

တိုင်းသားပြည်သူ သျှင်လူပေါင်းရို့
သောင်းသောင်းသာဓု ဟစ်အော်ကာ --။

ပူဇပူဇာ ဂါဝရ
ဝန္ဒနာမ ဦးထက်တင် --။

ဗုဒ္ဓအသျှင် ကိုယ်တော်မြတ်
ထီးတော်ကပ်လို့ လွန်သပ္ပါယ် --။

တိုင်းမြတ်အလယ် ပြည်ဓညမှာ
သဂါဝရ ကုသိုလ်ဟုန် --။

ပွားများပြည့်စုံ ထပ်ကာလောင်း
အန္တရာယ်ပေါင်း ကင်းဝီးကွာ --။

ကိုးဆယ့်ခြောက်ဖြာ နာမဟိ
နတ်ရွာအတိ လွန်စည်ပင် --။

ရဟန်းသျှင်လူ ဝေနေယျ
များစွာသတ္တ အီးချမ်းစီ --။

လေးရပ်ဝတီ မာစီကြောင်းကို
ကျမ်းဟောင်းမော်ကွန်း စာအဆို --။

မူလနဂိုရ် ပိုမယွင်း
များလူခပင်း သိလီအောင် --။

ရက္ခတိုင်းဘောင် ဓညာထွန်းက
စာညွှန်းစီကုံး ပီးလိုက်တေ --။

များပြည်သူ သျှင်လူအပေါင်း
သောင်းသောင်းသာဓု ခေါ်ကတ်လီ
သာဓုသာဓု ခေါ်ကတ်လီ --။

(သာဓု သာဓု သာဓု)

(၁၉၅၆-၅၇) ခုနှစ် သျှစ်သောင်းဘုရားသံထီးတင်ရာတွင် သံထီးကို သင်္ဘောဆိပ်မှကြိုလာစဉ်ဆိုသော သံချပ်ကြီးဖြစ်ပါသည်။ ဆရာကြီးဦးသာထွန်းရွီးစပ်စီကုံးသည်။

တော်လှန်ဥဒါန်းကျူးရင့်ချိန်

တော်လှန်ဥဒါန်းကျူးရင့်ချိန်
===========

တွက်လီတွက်လီ ဖျက်ဖြီမရ
လွမ်းစတောင်တန်း ၀မ်းနည်းမှုပင်လယ်
စီးသွယ်ရ့စ်ယင့် ပွားဆင့်ရင်မှာ
ခံစားလာရ မာနရီစီး
ဒေါသမီးနန့် ကြက်သီးထတုန်
မာန်ဟုန်ထန်ပြင်း သွီးချင်းချင်းနီ
မကျီဥဒါန်း လောင်ကျွမ်းမွိမွိ
တငွိငွိတည်း မိ၍မရ
သောကမျက်ရည် ရစ်ဝဲလည်သည်
ဤမြီကမ္ဘာဆုံးစမထင် --။

ရခိုင်ရို့၏ထီးနန်း ပန်းဆင့်ဘုံသွယ်
နဂါးနွယ်လိမ်ရစ် ခုနှစ်ဆင့်သောပြဿပ်
အထပ်ထပ်သော မြို့ရိုး
တန်ဘိုးမဖြတ်နိုင်စရာ
သုခုမလက်ရာ အဖြာဖြာသည်
ပြာကျလောင်ကျွမ်း ယမ်းငွိတလူလူ
သူသူငါငါ ကူပါကယ်ပါ
ခိုကိုးရာနတ္ထိ အပြစ်မဟိသောပြည်သူ
လူပေါင်းရာပေါင်း သိန်းပေါင်းများစွာ
ဂေါင်းပုံပြင်သည်
ရာဇ၀င်သမိုင်းထက်က စာမျက်နှာ --။

(သြော်) တွေးလီတွေးလီ အတီတေက
ပန်းချီကားချပ် ပြတ်သားပီပြင်
တွိမြင်လာရ မာနရီစီး
ဒေါသမီးနှင့် တက်သီးအံကြိတ်
သွီးထိတ်ကျွီးအော် တိုက်ပွဲခေါ်သည်
တော်လှန်ဥဒါန်းကျူးရင့်ချိန် --။

(နရသီဟ)

ဦးရာဇ်တော်ကို ဖူးပါခလိုက်

ဦးရာဇ်တော်ကို ဖူးပါခလိုက်
==============


(၁)
ရက္ခပူရီ တိုင်းဌာနီမှာ
ဇာတီပုထိုး အမျိုးမျိုးလျှင်
ပြည့်ဖြိုးစုံညီ ဟိပါလီငြား
အများလူသျှင် ဦးထိပ်တင်ကေ
သျှင်ပင်ဦးရာဇ် 

ဖူးလို့မျှော်ကေ ဓါတ်တော်စစ်ကို
ဦးတိုက်ပြီးခါ မဟာမင်းကောင်း
ဖလောင်းရာဇာ တည်ခပါကေ
မြင်သာလေးရပ်

လွန်ကြီးကျယ်ကေ သပ္ပါယ်လတ်လို့
ရိုညွတ်ဦးတင် မသီခင်လျှင်
အယင်လာလို့ ဖူးပါခလိုက် --။

(၂)
တောင်ထိပ်ချာက ကြည့်ပါလီတိုင်း
မှိုင်းမှိုင်းဝီ၀ီ လီလည်းဖြူးဖြူး
လှိုင်းအူမြူးလို့ ၀မ်းနူးစဖွယ်
မြစ်ပင်လယ်နှင့် ကြီးငယ်လှီလောင်း
သောင်းသောင်းညံညံ
ဘဲဟင်္သာမှာ ၀ဲကာပျံလို့
တကြော်ကြော် ခေါ်သံလည်းကျူး
ကြည်နူးစရာ

အသံနားမှာ ကြားရပါသော်
သာယာငြိမ့်ညောင်း နာပျော်ကောင်းရေ
သာယာအီးလေ သာစွလေ

ရခိုင်သားလေ သာစွလေ --။

(၃)
တောင်ထိပ်ချာက ကြည့်ပါလီတိုင်း
မှိုင်းမှိုင်းညို့ညို့ မို့မို့တောတောင်
ပြင်လယ်ကောင်နှင့် ချောင်းမြောင်ဝန်းဝိုက်

အဆန်းတကြယ်
မိုးမှောင်သန်းကေ လွမ်းဖွယ်ဖြစ်လို့
နှစ်သက်ကြည်လင် မျက်ဝါးထင်ထင်

မင်ရပါသော် ရင်မှာအီးချမ်း 
စိတ်လည်းဝမ်းသာ သာဓုခေါ်ရေ
သာယာအီးလေ သာစွလေ

ရခိုင်သားလေ သာစွလေ --။

(ဓညဦး) 

ရခိုင်သင်္ကြန်

ရခိုင်သင်္ကြန်
======

လက်ဆီးမိုးစွေဗျာယ်ရွာ
ပိတောက်ငုံးဝါ ပွင့်လတ်ပျာယ်ကား
ရွှေရည်ဖျော်ဆမ်းထား
ပင်တိုင်းမှာ ၀င်းဝါ --။

ဥသြလည်းပျော်ရေလာ
ခွန်းချိုသံသာ နှောလိုက်စွာက
နှစ်သစ်မှာ တိုင်းရက္ခ
အတိုင်းဆမဟိ အီးချမ်းစီကြောင်းပါ --။

အသူ့သမီး မဆိုနိုင်
လူပျိုတကျိုင် ၀ိုင်းဝိုင်းလည်လို့
ဂေါရီပျို လှယမင်း
ပ၀င်းရေ ရခိုင့်တန်ဆောင် --။

အပြုံးမျက်နှာ နံသာရောင်
ပပ၀တီတောင် ယှုံးလောက်ပါယင့်
သင်္ကြန်ရီကြောင့်ပင်လား
လှလွန်းပို မြရွှန်းစိုလို့နီ --။

တိုင်းရက္ခ ပြည်ဌာနီမှာ
ယဉ်ကျေးမှုစဉ်လာ ထွန်းကားစည်ယင့်
ဘာသာသာသနာလေးစား
အရေးထားရေ ထုံးစိုင် --။

အတာသင်္ကြန် သမယံ
နံသာရီစင် သွီးပါလို့
ဘုရားရီသပ္ပါယ်ပြီးမှ
သင်္ကြန်ရီ လောင်းကတ်ပါရရေ --။

မဏ္ဍပ်က ထည်ထည်ဝါ၀ါ
လှီလောင်းကြီးနန့် ခန့်ငြားပါလှ
ရခိုင်သင်္ကြန် တထူးတခြား
ကွဲပြားရေ ထုံးစိုင် --။

နှစ်ပရိစ္ဆေဒ ကြာကြာ
ခေတ်ဆက်များစွာ ကျင့်ပပါခ
မျိုးရခိုင် မကွယ်ပျောက်
ထိမ်းသိမ်းလို့ စောင့်ယှောက်ပါကတ်မည် --။

(သန်းမောင်)

တသက်လုံးပေါင်းမည်

တသက်လုံးပေါင်းမည်
===========

ပန်းပိတောက် တ၀ီဝီ
ဖူးပွင့်စီရီ ဟိပြန်လတ်
အတာသင်္ကြန်ပွဲကိုလ
ဆင်နွှဲကတ်မည် တူပျော်ပျော် --။

မဏ္ဍပ်ထဲက အပျိုစင်
မိတ္တာရီစင် လောင်းပါလို့
ဒေနှစ်အတာ ပွဲမှာလ
အသဲနစ်အောင် လောင်းမည် --။

ချစ်သူအလှ ရခိုင့်တန်ဆောင်ကို
မောင်မောင်ရီစင် လောင်းချင်လို့
မဏ္ဍပ်တကာက လိုက်ရှာရ
ချွေးပြစ်ပြစ် ကျရေ --။

အခုမှ တွိရစွာကို
မိတ္တာစေတနာ ထားပါလို့
ချစ်ရီစင်တပေါက်ကိုလ
သွန်းလောင်းလိုက်ပါ --။

ချစ်သူလောင်းရေ မြရီစင်
အသဲဘ၀င် အီးပါယင့်
အယင့်အယင် ပေါင်းရစီကြောင်း
ဆုတောင်းလို့ လောင်းပါ --။

ချစ်သူအလှ ပျိုကညာ
မာစီသာစီကြောင်းကိုလ
အကိုမောင်မောင်ကြီးမှာလည်း
ဆုတောင်းလို့ လောင်းရေ --။

မဏ္ဍပ်က ကိုယ့်ချစ်သူကို
ပျိုမောင်အမှန် မှာခပါယင့်
ကိုယ့်ရိုးရာ ယိုင်ကျေးမှုကို
အသက်ပီးလို့ ထိမ်းပါ။

အမျိုးသီလ စောင့်သူကိုရာ
မိတ္တာစေတနာ ထားပါလို့
အကြင်နာဖက်ကာမျှ
တသက်လုံးလည်း ပေါင်းမည် --။

(ဓညဦး)
(၁၅။၀၃။၇၄)

မှန်ကင်းတလှည့် ထင်းတလှည့်

မှန်ကင်းတလှည့် ထင်းတလှည့်
================

မြုံခိုးအုံမှိုင်း တဆိုင်းဆိုင်းနှင့်
တိုင်းသျှစ်ဌာနီ ပြာဝီညို့ညို့

မြသို့အသွင် လှရိပ်ဆင်လျှက်
ပင်ထက်လျှိုမြောင် တောတောင်ယံကြော
သံချိုနှောသည့် ဥသြရီသောက်
နွီကိုရောက်တိုင်း ရင်လှိုင်းခက်ထန်
မျက်ရည်သွန်မိ ပြန်လည်နှိုးဆွ
ပူသောကနှင့် နွမ်းရဘ၀င်
စိတ်အမြင်ဝယ် ယခင်အတိတ်
ပုံနမိတ်ရို့ တရိပ်ရိပ်လျှင်
စွဲဟင်ထင်သည် မရွှင်တမ်းတရလီဗျာယ်။
 

မျှော်ကြည့်တိုင်းလျှင် သျှစ်ခွင်အနှံ့
တေးဝီဖြန့်ရာ စေတီသာလည်း
မြီမှာပြိုယွင်း အလှကင်းလျှက်
ကျိုးပျက်တံတိုင်း အပိုင်းပိုင်းလည်း
ခြုံဝိုင်းနွယ်ရံ အထီးကျန်စွာ
စရှာမရ အနန္တတည့် --။
 

သြော် ရခိုင်ရို့၏ မိမြီဘမြီ
စာပီလက်ရာ နုပညာလျှင်
တခါမှန်ကင်း တလှည့်ထင်းသို့
ပျက်ယွင်းမြီခ ဖြစ်လီရငြား
ရခိုင်သားရို့ စိတ်ထားမှန်မှန်
မျိုးမာန်တိုးမြှင့် သင့်တင့်ညီညာ
တွဲလက်ဖြာသော် ရင်မှာခွန်အား
အားမာန်ပွားသည်
မိုးသားရောင်နီသို့နှယ်တကား --။

(ခိုင်လူခြင်္သေ့)

ဆရာတော်ဦးဥတ္တမ

ဆရာတော်ဦးဥတ္တမ
=========

သူ့ကျွန်သဘောက်၊ နယ်ချဲ့အောက်မှ
လွတ်မြောက်ဖို့ရန်၊ စိတ်အကြံဖြင့်
နိုင်ငံမြောက်မြား၊ ခက်ခဲကြားက
လားရောက်လေ့လာ၊ ကြိုးပမ်းပါသည်
အာဂမျိုးချစ်ဆရာတော် --။

သူ့လူမျိုးခြား၊ စာစကားကို
သင်ကြားတတ်လွယ်၊ သိနားလည်မှ
နယ်ချဲ့အကြံ၊ စိတ်ထားမှန်ကို
အမြန်ဆုံးသိ၊ ခံယူမိ၍
ရောက်ဟိနီရာ၊ ဘာသာစကား
မြောက်အမြားကို၊ သင်ကြားလေ့လာ
တတ်မြောက်ပါသည်၊ အာဂမျိုးချစ် ဆရာတော် --။

ရောက်သည့်နိုင်ငံ၊ ၀ီးရပ်ဌာန်မှ
ဝံသာနုစိတ်၊ မျိုးချစ်စိတ်ကို
ယိုဖိတ်စီရန်၊ စိတ်ထက်သန်လျှက်
မြန်မာပြည်အား၊ စာရွီးသား၍
ကြီးမားစေတနာ၊ သွန်းဖြိုးရွာသည်
အာဂမျိုးချစ်ဖြစ်ပေသတည်း --။

ကျွန်စိတ်ကင်းပျောက်၊ မမှုကြောက်ပဲ
လွတ်မြောက်ခရီး၊ လမ်းညွှန်ပီး၍
ဖမ်းဆီးပြစ်ဒါဏ်၊ များစွာခံလည်း
နိုင်ငံအတွက်၊ ယုံကြည်ချက်ဖြင့်
ထက်မြက်စွမ်းဆောင်၊ ထွန်းလင်းပြောင်သည်
ဂုဏ်ရောင်နီသို့တောက်၏တည်း --။

မင်းရွှေမင်း (အင်းစိန်)
ရခိုင်မဂ္ဂဇင်း အမှတ် (၂၅)

Thursday, May 7, 2015

စွမ်းအားသျှင်

စွမ်းအားသျှင်
======

အကိုင်းချိုးလည်း၊ မညှိုးပင်ပျို
စိမ်းစိုစိုနှင့်၊ နဂိုအသွင်
စိမ်းရောင်ဆင်၏ ---။

အပွင့်ခူးလည်း၊ အဖူးဝင့်ပျို
ရွှမ်းတင့်စိုလျှက်၊ နဂိုအသွင်
ရောင်စုံဆင်၏ ---။

အရွက်ခြွီလည်း၊ မကြွီကိုင်းပျို
မိုးကိုမျော်လျှက်၊ နဂိုအသွင်
လှရိပ်ထင်၏ --။

အကိုင်းအပွင့်၊ အရွက်လွင့်လည်း
တင့်ခိုင်ပေစွ၊ ပင်စည်လှသည်
လောကအလယ်၊ အလှကြွယ်ဖို့
အံ့ဖွယ်စွမ်းဆောင်၊ ဂုဏ်ဝင့်ပြောင်၏
အောင်နိုင်သူရို့စိတ်ဓါတ်တည်း ---။ ။

စောသျှင်ကျော် (မြေပုံ)

အဖရက္ခမြီ

အဖရက္ခမြီ
=====

ဗြိန်းစောင်ဗြိန်းစောင် လက်သံပြောင်ကေ
တောင်စိုင်ရိုးမ ဘင်္ဂလားရီ
တုန်လီလှူပ်ခတ် ပဲ့တင်ခတ်မျှ
ပျံ့လွင့်ခရေ ဗဟိုစည် --။

စာပီကျမ်းဂန် မူပိုင်ဟန်နန့်
ဝဏ္ဍအက္ခရာ ထွင်းကျောက်စာရို့
သာစွဌာနီ ငါရို့မြီမှာ
သက်သီသမိုင်း တုနှိုင်းမမှီ
ဟိလီသည် --။

ဓညရမ္မာ မေဃဒွါရာ
ညီညာစုပေါင်း ရွှီထီးဆောင်းလျှက်
ရှိယင်ဆက်ဆက် တိုးတက်ရှည်လျှား
သမိုင်းအားမာန် ၀င့်ဟန်တင့်စွ
သာလီစွလေ လခြမ်းမြီ --။

သျှင်တော်ဗုဒ္ဓ ကြွမြန်းခလီ
ငါရို့မြီမှာ ရွှီရောင်ထွန်းပေါ်
ကိုယ်ငွိတော်သွင်း သျှင်တော်မုနိ
တည်ထားဟိခ အနုပညာ
ထွန်းလက်ရာနန့် ဇာတီပုထိုး
လက်ညိုးမလွဲ ကိုးကွယ်လီခ
ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလီ
ငါရို့မြီ --။

အဉ္စနဂစ္ဆပ နတ်မြစ်မယူ
မအီတန်းလွဲ မြစ်ဝှမ်းမြေဆီ
လွန်ကောင်းလီကေ ဆန်ရီစပါး
သားငါးပေါလျှံ သယံဇာတ
ပေါကြွယ်ဝလီ အဖမြီ --။

ရပ်ခြားကုန်သွယ် ကူးသန်းဝယ်ရောင်း
သယ်ယူရီကြောင်း လွန်စွာကောင်းရာ
ကမ္ဘာဈီးကွက် အချက်မဏ္ဍိုင်
ရခိုင်င်္ဒဂါး လွန်ထင်ရှားခ
သာလီစွလေ လခြမ်းမြီ --။

အမျိုးသီလ စောင့်ထိန်းခလို့
ကမ္ဗည်းရက္ခ စိုက်ထူခကေ
ရှိကစိုင်လာ ထိမ်းဆက်ကာလျှင်
ဇာတိမျိုးဟန် အမွီခံ၍
စံတင်ကတ်လီ မျိုးအာရီယန် --။

(သျှင်စိုး)

လွမ်းရ ဓည၀တီ

လွမ်းရ ဓည၀တီ
=========

ရွှီပင်လယ်ကြီး၊ ဇာပိုင်ဆီးလည်း
ခရီးမ၀ီး၊ အနီးချေပင်
ပြီးလမ်းမထွက်၊ လီယာဉ်တက်၍
မိုးထက်အာကာ၊ ကောင်းခင်ပြာဝယ်
ထိုမှာမျှော်ယင်း၊ ဤကြည့်ယင်းဖြင့်
မြင်ကွင်းစုံဆန်း၊ တောင်ညိုတန်းနှင့်
ကမ်းခြီအလှ၊ ကြည့်မ၀တည်း
ဓည၀တီ၊ ဆီးပန်းချီပိုင်
ရွှီပြည်ရခိုင် သာစွလေ --။

ဂစ္ဆပနဒီ၊ မြစ်ရီပြင်လွှာ
လပသာလျှင်၊ ပြီးလာဆုံဆိုက်
ထိုခိုက်ခဏ၊ လောကနန္ဒာ
စေတီသာကို၊ ကောင်းစွာဦးချ
ဖူးမျှော်ရ၍၊ ချမ်းမြမဆုံး
ပီတိဖုံး၏၊ သလုံးတော်ဓါတ်
စေတီမြတ်နှင့်၊ အထွဋ်ထင်ရှား
ဘုရားစုံညီ၊ လက်ဦးချီသော်
ဌာနီရခိုင် သာစွလေ --။

သြော် ရခိုင်ရခိုင်
ရခိုင်အလှ၊ ရှုမ၀တည်း၊
နှမချစ်ဖွယ်၊ အပုချေရို့
ရွှီသဇင်ခိုင်၊ အလှပြိုင်သော်
နိုင်မည်မှာက၊ ရခိုင်အလှပင်
မေဃ၀တီ၊ မာန်အောင်မြီနှင့်
ဒွါရာဝတီ၊ သံတွဲမြီနှင့်
ရမ္မာဝတီ၊ ရမ်းဗြဲမြီထိ
တလီခြီဆန့်၊ အနှမ့်လည်လား
ဘုရားစုံစွာ၊ ဖူးလိုပါလည်း
ကိုယ့်မှာအခွင့်၊ ခန့်မသင့်၍
ရင်နင့်ခံစား၊ လွမ်းစိတ်များဖြင့်
တရားသိမှတ်၊ ဦးညွတ်ပူဇော်
စိတ်ဖြင့်သာလျှင်၊ ဖူးမျှော်ပါ၏
မုနိရပ်မြီ၊ ဓည၀တီကို
အလီလီအခါခါ လွမ်းမိရေ --။

(မြင်းမှုး မောင်နိုင်မိုး)

မိုးသထအာရုဏ်

မိုးသထအာရုဏ်
=======

ညည့်သန်းခေါင်လေ အမှောင်လွန်မြောက်
အာရုဏ်ရောက်လို့ ခတက်ခေါက်ကေ
စိတ်ရောက်ရည်မှန်း သဒ္ဓါဆွမ်းကို
လှူဒါန်းဖို့လေ ချက်လတ်တေ --။

ဂြိုးငှက်လူပျို တေးခြင်းဆိုလို့
စိမ်းညိုရွက်နု နှင်းထုဝီ၀ီ
လီချေသွတ်သွတ် တိုက်ကာခတ်ကေ
ရင်ဖတ်အီးရေ ချမ်းလတ်တေ --။

အာရုဏ်ပျိုးလို့ မိုးသထမှာ
နိုးထအားမာန် ဗြိန်းစောင်းသံလေ
တောင်ယံကိုဟပ် ဂလိုင်ထပ်ပျာယ်
ရိုက်ခတ်မြည်ဟိန်း စည်တော်ကြိမ်းကေ
ကြက်သိမ်းထရေ အားရရေ --။

ရောင်နီသန်းကေ ဆွမ်းပန်းရီချမ်း
လှုဒါန်းမျှဝီ မိတ္တာမြီမှာ
ပီတိနှိုးဆော် သာထုခေါ်၏
မှန်းမျှော်နိဗ္ဗာန် ဆုထူးပန်၍
မာန်စွယ်နှိမ့်ချ ငြိမ်းချမ်းစွတည်း --။ ။

မောင်နန်းလှ (မြောက်ဦး)

ပန်းမြတ်သဇင်

ပန်းမြတ်သဇင်
=======

ပန်းမြတ်သဇင် ပန်းသဇင်
သဇင်ပေါ်စ
နှင်းဝီ၀ီကေ နတ်တော်လ --။

ပြိုင်းတောင်ကျော်လမ်း
ခမောင်းပင်မှာ သဇင်ပန်း --။

ဆွတ်ခီဆွတ်ခီ
မယ်နှမမှာ သဇင်ပန်းကို
ပန်ရစီ --။

နှမပန်ချင်
ပျိုတိုင်းကြိုက်တေ ပန်းသဇင်
မယ်ကြင်မောင်ဝေ တက်လို့ဆွတ်ကေ
ရခရေ --။

ပန်းပွင့်သဇင်
မယ့်ဂေါင်းထက်မှာ လှလို့ပင် --။

တ၀က်ကိုပန် တတန်နောင်ကျိုး
ပွင့်ဝီ၀ီကေ ညောင်ရီအိုးမှာ
အပြည့်ထိုး --။

မောင်နှင့်နှမ
သဇင်ပန်းကို အရင်းတည်
မောင်မယ်နှစ်ဝ
အခါတန် သင်္ကြန်လမှာ
ပေါင်းရပါစီ
ဆံတော်ရှင်လေ စေတီရင်းမှာ
ဆုတောင်းလီလေ ဆုတောင်းလီ --။

(ရှာဖွေတင်ပြသူ ခိုင်ဇေယျ)

မှတ်ချက်။ ။ (ရှင်) ကို (Rhun) ဟု အသံထွက်ဖတ်ပါ။

တာပြတ်လဲမည်

တာပြတ်လဲမည်
========

လက်မောင်းလက်ဖန် ပြောက်တန်လောက်နန့်
ရထားဆွဲဖို့ လာလတ်တေ
ဗေဒင်ဝှရား မီးခယင့်လား။

ဂြိုလ်လားဂြိုလ်လာ ဇာတာစောင်းလို့
ရထားယှုံးဖို့ မြင်လတ်တေ
အရှက်ရမည် မလာကတ်ကဲ့ --။

ဒေါက်ဖနတ်ကြီး စီးလို့လာ
လမ်းလျှောက်တေခါ ယိုင်ပီယိုင်ပါး
ရထားဆွဲဖို့ လာလတ်ခါ
ကြိုးကိုပါအောင် ဆွဲနိုင်ယင့်လား
ကြိုးကိုကိုင်လို့ လက်ပေါက်ကေ
ပုဝါချေနန့် ပတ်လို့ထားလိုက် --။

အို မရီးရို့ မရီးရို့
မမဂေါင်းဆောင် ထိုအရီးက
ခါးကြိုးဆွဲလို့ ထွက်လတ်တေ
ကုလေလူချေ ကျွန်တော်ရို့နန့်
ရထားပြိုင်လို့ ဆွဲရေခါ
လဲပါလားမည် သတိထားကတ် --။

ယောက်ျားဖက်က မောင်ရို့မှာ
နိုင်ဖို့ဆိုစွာ ကျိန်းသီသိလို့
ဆွဲရဖို့တောင် အားနာရေ --။

ဆိတ်နန့်ဆင်ပုံ ပမာပြလို့
အားချင်းမမျှ ယုံကတ်ပါ
ဘုရားသတ်စီ နိုင်ဖို့ဖက်သား --။

စေတနာနန့်ပြောခမည်
ယှုံးဖို့လာရေ အိုမရီးရို့
လဲပြိုကျလို့ ဒူးပွန်းကေ
အယှုံးပီးပျာယ် ပြန်ကတ်ပါလင့်
ဆွဲနီလို့လည်း အပိုရာ
ကမ္ဘာဆုံးတောင် နိုင်ဖို့မဟုတ် --။

ခါချိုင်ကောင်ပိုင် မာန်ဟုန်ကြီးလို့
ထိုတောင်ကြီးကို ဖြိုဖို့ကြံ
ခါးကမသန် မာန်ကိုလျှော့ကတ်
မာန်ကိုလျှော့လို့ ပြန်ကတ်လီ
ပြန်ရာပြန်လီ အိုမရီးရို့ --။ ။

လက်မောင်းလက်ဖန် အကြီးသန်နန့်
ရထားဆွဲဖို့ လာလတ်တေ
နိုင်ဖို့ထင်ရေ အိုမောင်းမောင်ရို့
နားထောင်ကတ်ဖို့ ပြောပြမည်
လောကအလယ် အကျွန်ရို့မှာ
မောင်းထောင်းရီခတ် တတ်မျိုးစုံ
လက်ရုံးအစုံ အောင်တိုင်းမြောက်လို့
ရထားချေလောက် ဆွဲရာမှာ
မနိုင်စရာ အကြောင်းမဟိ --။

ညီညီညာညာ ခွန်အားစိုက်လို့
အကျွန်ရို့က ဆွဲလိုက်ကေ
တာပြတ်လဲမည် သတိထားကတ် --။

မမတိရာ ဆိုပြီးကေ
ခွန်အားနည်းရေ ထင်မိမှားလို့
ရထားပွဲမှာ ဆွဲရေခါ
အံ့သြစရာ မောင်ရို့ယှုံးလို့
ယူကြုံးမရ ဖြစ်လိမ့်မည် --။

လွန်လီခရေ ရထားပွဲမှာ
အကျွန်ရို့ကို နိုင်ဖူးယင့်လား
စကားလုံးက ကြီးကြီးကျယ်
အလံယူရေ နောက်ဆုံးနိမှာ
ကော့ကော့လန်လို့ ယှုံးလိမ့်မည်
သေသေချာချာ ကြည့်လို့ဆွဲကတ် --။

ရပ်စောက်ထလို့ အားကိုပျင်
ကြိုးကိုဒေါင်တင် ညီအောင်ဆွဲလို့
ရထားပွဲကြီး အပြီးမှာ
ယှုံးရေမျက်နှာ ဖုံပြာပြာနန့်
အမောင်ရို့ရာ ပြန်ကတ်လီ
ဇာမထီ မမဖက်သား--။

လဆုတ်နိရက် နောက်ဆုံးမှာ
အောင်ပွဲခံကာ အလံယူဖို့
ရထားမီးတိုက် ကျိန်းသီပါ
ယှဉ်ပြိုင်လာလို့ ရဖို့မဟုတ် --။ ။

(ကွယ်လွန်သူ ဆရာကြီးဓညစံ စုဆောင်းဖော်ပြပီးခသည့် ရခိုင်ဂန္ဓ၀င်ကဗျာကောင်းတပုဒ်ဖြစ်ပါသည်။ ကွယ်လွန်သူဆရာကြီးဦးရွှေဇံအောင်၏ရခိုင်အလင်းပြကျမ်းမှ ကောက်နှုတ်ဖော်ပြပါသည်။)

ဘုရားပန်း

 ဘုရားပန်း
======

အမေလေ ရောက်မလေ
ပန်းဆွတ်ဖို့ လားကတ်မည် --။

ဝါကျွတ်လတ်ပျာ ပန်းပွင့်ပျာ
ပန်းပွင့်ပွင့်ချိန် ပန်းခူးချိန်
လစ္ဆ၀ီပန်း ဘုရားပန်း --။

အနွယ်ခက်ဖြာ ပွင့်တရာ
ရိုးတံကနီ ပွင့်ဝီ၀ီ
ငုံတံညို့ညို့ ပန်းတချို့ --။

ဘုရားပန်းယင် ပွင့်လတ်ယင့်
အကျွန်ရို့မှာ ဆွတ်ကတ်ယင့် --။

ဆွတ်လို့ရကေ ဇာပျင်မည်
ဆရာသျှင် ထေရ်ကျော်ကျောင်းကို
လားကတ်မည် --။

ကျောင်းကြီးအသျှင် ကန်တော့ယင့်
ဇေတ၀န် မြတ်မွန်ကျောင်းမှာ
ပန်းတင်ယင့် --။

တယောက်တတိုင် ဆီမီးတိုင်
ပြိုင်ပျာထွန်းကေ
ရှိခိုးရေလေး ရှိခိုးရေ --။

(နာမည်မသိစာဆို)

ဆရာကြီးဦးသာထွန်းသို့ ဂုဏ်ပြုကဗျာ

ဆရာကြီးဦးသာထွန်းသို့ ဂုဏ်ပြုကဗျာ
================

ရခိုင်လူမျိုး တိုးတက်ခကြောင်း
မီးမောင်းထိုးပြ လမ်းညွှန်ခရေ
အာဂသမိုင်းဆရာကြီး --။

ရခိုင်လူမျိုး တိုးတက်စီကြောင်း
မီးမောင်းထိုးပြ ဟောပြောခရေ
အာဂသမိုင်းဆရာကြီး --။

ဆရာကြီးရေ
ဒီမိုကရေစီ တန်းတူညီရေး
အရေးတော်အတွက် ရှိကတက်၍
ဆောင်ရွက်ကြိုးပန်းလီခရေ --။

ဆောင်ရွက်လီယင်း ကြိုးပမ်းယင်းပင်
ထောာင်တွင်းစံရ ကွယ်လွန်ခဗျာယ်
စီးကျမျက်ရည် ဖြေမဆည်နိုင်
ရခိုင်သားရို့အားလုံးတည်း --။

ဆရာကြီးအား
ခြီဖျားဦးတိုက် ရှိခိုးလိုက်၏
ဖြစ်ရာဘ၀ ဘ၀ဆက်ဆက်
အမျိုးတွက်ကို ဆောင်ရွက်ဦးဆောင်
အောင်မြင်ပါစီ သာကီမျိုးကောင်း
သူတော်ကောင်းကြီး ဆရာကြီးရေ
မ၀ီးနိဗ္ဗာန် စံဝင်နိုင်စီ
ဆုပန်ခြွီယင့် ဇီတင်ယင့် --။

(ဆရာကြီး၏အသုဘတွင် ဖြန့်ဝီခွင့်မရခသောကဗျာ)

ဇာကိုလားလို့ ဖြေရမည်

ဇာကိုလားလို့ ဖြေရမည်
(What Shall I Do?)
============

ဆီးနှင်းစိုစို ပြာသိုလည်းလွန်
လက်ပံပွင့်ဖူး ရာသီပြောင်း၍
တပေါင်းကူးသော် --။

ဝမ်းနူးစဖွယ် တောမြိုင်လယ်မှာ
တွန်မြည်ယင့်ယင့် ရင်ကိုဖွင့်လျှက်
ပင်မြင့်ထိပ်ချာ ကိုင်းအညှာမှာ
နားကာလှမ်းထောက် မြကန်သာကို
ဝဲလာရောက်ကာ ရီသောက်လာသော
ဥသြရွယ်ပျို သာခြင်းဆိုကေ
ဇာကိုလားလို့ဖြေရမည် --။

တောင်ကမူမှာ ဂူလည်းပြိုပျက်
နွယ်မြက်ဆောင်းဆောင်း တရောင်းရောင်းဖြင့်
ရှိဟောင်းဘုရား ဥက္ခောင်းကျိုးမှာ
ဂြိုးညိုနားကေ ဇာကိုလားလို့ဖြေရမည် --။

ညောင်ကြက်မြီမျို ဇာတီအိုလည်း
ပြိုပျက်ယိုယွင်း ကိုးကွယ်သူလေ
လူသျှင်ကင်းလို့ သတင်းနီဝင်
လပပြင်မှာ ဟင်းလင်းမြင်ကေ
ဇာကိုလားလို့ဖြေရမည် --။

(သာလှဦး)

(မည်) ကို (မေ) ဟု အသံထွက်ဖတ်ပါ။

Wednesday, May 6, 2015

သိန်ကန်မိန်တွင်ရတု (မူရင်း)

သိန်ကန်မိန်တွင်ရတု (မူရင်း)
===============

အပိုဒ် (၁)

သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း။ ပင်တိုင်းမှာညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီ၀ီနှင့်၊ ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျက်နှုတ်ဝယ်မုံရယ့်၊ စာခွန့်တုံရွှင်နှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့ရယ့်၊ ဧးယ်သို့ချစ်ဖွယ်ဆင်။ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊ ရှိယ့်ကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်။ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို။ နီလဲ့နှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိယ့်အဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမိဇ္ဈိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်အယ့်။ ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံအယ့်။ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊ သျှစ်ရပ်လှိုင်ကေ၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊ နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစိုင်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်အယ့်။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊ စက်ပန်းဖြန့်စိယ်ချင်ရေ၊ နောက်ခွင်ကြာလွန်းစွတကားလည်။

အပိုဒ် (၂)

နောက်ခွင်ကြာလွန်း၊ ရာသီစွန်းလျှင်၊ ရစ်သန်းလှည့်ခါ၊ သျှစ်ဖြာအုံးလာကြိုး၊ အာကာတိမ်းညွတ်၊ ပြိုလတ်ဘိသွင်၊ မယ်လျှင်လက်စုံမိုးရယ့်၊ ကြောက်ရွံ့စိုးညှိုးမျက်နှာ၊ လက်ရွှီဖြန့်ထား၊ သိကြားကိုလျှောက်ထားပါအယ့်။ တောင်ညာမဟေရင်သွီး၊ နှစ်ပါးမောင်နှံစုံ၊ ဘုန်းရိပ်လှုံကေ၊ ပဒုံကြာနံ့မွှီးအယ့်။ ချစ်ကြွီးမတင်ခင်၊ ဆယ့်သုံးနှစ်ဝယ်၊ ငယ်ရွယ်စိုင်ကပင်တည့်။ ဘနတ်သျှင်လောင်းဘုရား၊ ခြားဝမ်းမကွာ၊ ရင်းချာမောင်မယ်နှစ်ပါးကို၊ ပီးမြားစုလျားတင်၊ လက်ထပ်ရီသွန်း၊ ဆယ့်နှစ်ခန်းမူ၊ ထူးဆန်းသဘင်ဆင်ရယ့်၊ ချစ်ကြိုးမျှင်သွယ်ရစ်ပတ်၊ န၀ရတ်စီ၊ သိင်ဂီအိမ်ရှိယ့်နတ်နှင့်၊ စိန်ခြယ်သတ်အလယ်တွင်၊ မောင်းမများမြောင်၊ တထောင်မက၊ စံကြတုံးကိုပင်တည့်။ သုံးနှစ်ရာသီမှာ၊ ကုလားနီပြန်၊ သူရတန်က၊ အားအန်ပြတုံလာရယ့်၊ ခွန်ဘဏ္ဍာဆက်မသွင်း၊ ဥပရာဇ်သျှင်၊ မယ့်ထိပ်တင်ကို၊ အလျှင်ချီစိယ်လျှင်းဟု၊ သောင်းတွင်းဇမ္ဗူပိုင်၊ အာဏာမိန့်မြတ်၊ ဘခင်နတ်က၊ အမတ်တထောင်၊ မြားမြောင်လက်နက်ကိုင်နှင့်၊ တောင်မဏ္ဍိုင်ပြိုမခန်း၊ ဆင်မြင်းစစ်ချီ၊ ပဲ့တင်ဝီကေ၊ ဧးယ်မြီသိမ့်သိမ့်ကျန်းမျှ၊ နန်းအိမ်ရှိသိခင်၊ နံတော်ကမူ၊ စတူရပါဒ်၊ နက္ခတ်အထွန်း၊ ကျီးကန်းတာရာ၊ ဟင်္သာအထွက်၊ စစ်ချီတက်လျှင်တည့်။ နောက်ခွင်မောက်သူဇာ၊ ခရိုင်တလွှား၊ အပိုင်စားကေ၊ စံကားသုံးကြိမ်ကြာခယ့်။ တောင်တာကိုချင့်တွက်ပြန်၊ မယ်ရို့စံမြန်း၊ ရွှီဘုံနန်းနှင့်၊ ဂဏန်းသင်္ချာ၊ ယူဇနာမူ၊ န၀ါဒသမှန်အယ့်။ အလျှင်အမြန်ပြန်စိယ်ကြောင်း၊ ဆုတောင်းဆုယူ၊ သိမ့်သိမ့်ဆူကေ၊ သျှင်လူများအပေါင်းတည့်။ နန်းလောင်းမယ့်သိခင်၊ အောင်ပန်းစိုက်ဆောင်၊ ဘုန်းခေါင်ပြန်စိယ်ချင်ရေ၊ လျှောက်တင်ခါပန်းစွတကားလည်း။

အပိုဒ် (၃)

လျောက်တင်ခါပန်း၊ ရာသီဆန်းလျှင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊ ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊ မလှန်ရို့မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊ သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။ ရှိယ့်ကျမ်းလာ ထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ စောထီးထားခယ့်မှာအယ့်။ ဘရာဇာမိန့်တော်မြတ်၊ ဦးထိပ်ရွက်ပန်၊ နန်းရံအိမ်ရှိယ့်နတ်ကို၊ ရိုညွတ်လျှောက်ထားတင်၊ ရာသီပြောင်းရယ့်၊ မိုးနှောင်းဝါလ၊ ဆောင်းစအကူးတွင်နှိုက်၊ များဖျင်စစ်ဗိုလ်ခြီ၊ ထိုမြီတ၀က်၊ လက်နက်ထားခယ့်စိယ်ဟု၊ မြောက်လီဖြူးလာလျှင်၊ ဘရာဇာမိန့်မြတ်ထူး၊ ဦးထိပ်ပန်ရွက်ဆင်ရယ့်၊ ရှိယ့်လာလျှင်နောက်လည်းကောင်း၊ ရုံးပေါင်းရှုမျှော်၊ ညာဏ်တော်သာအကြောင်းတည့်။ မင်းလောင်းရာဇာ၊ ကြည်းရီတင်းကျန်း၊ မြစ်လမ်းနှစ်ဘက်မှာလည်း၊ နိယ့်မကြာအထပ်ထပ်၊ ရက်စပ်စိယ်ကျွန်၊ ရောက်လတ်ပြန်သော်၊ အမှန်မယုံလတ်ခယ့်။ နောက်ရပ်ပိုင်သိခင်၊ ဟေမန်အကူး၊ ရဲမှုးစစ်အောင်မြင်ရေ၊ ရောက်ထင်ကြာနန်းကတကားလည်။

သုဝဏ္ဏဒေ၀ီ (စောပြည့်ညို)